ဒီနှစ်ဘောလုံးရာသီအစလောက်တည်းကနေ ပီအက်စ်ဂျီအသင်းမှာ တစ်ရာသီအငှားနဲ့ သွားရောက်ကစားနေတဲ့ အာဂျင်တီးနားတိုက်စစ်ကစားသမား မာရိုအီကာဒီကို အငှားသက်တမ်း ပြည့်မြောက်သွားချိန်မှာ ပီအက်စ်ဂျီဘက်ကနေ အပြီးသတ်ခေါ်ယူဖို့ ဆန္ဒမရှိသလို ပြင်သစ်ကနေ ထွက်ပေါ်လာတဲ့ ကောလဟာလသတင်းတွေအရ အီကာဒီရဲ့ဇနီးလည်းဖြစ် အေးဂျင့်လည်းဖြစ်တဲ့ ဝန်ဒါနာရာက သူရဲ့ခင်ပွန်းအနေနဲ့ ပြင်သစ်မြေမှာ မပျော်ရွှင်တော့ဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့လို့ ပီအက်စ်ဂျီဘက်ကနေ အီကာဒီရဲ့ အငှားစာချုပ်ကိုပါ ချက်ချင်းဖျက်သိမ်းလိုက်တယ်လို့ သိရှိထားရပါတယ်။

Photo Credit : CalcioMarcato

ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ အီကာဒီကို ခေါ်ယူသွားဖို့အတွက် အီတလီစီးရီးအေရဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းကနေ အထူးစိတ်ဝင်စားလျက်ရှိနေကာ လာမယ့်နွေရာသီမှာ ခေါ်ယူဖို့အတွက် ပစ်မှတ်ထားလို့နေပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ အသင်းတိုင်းလိုလိုက ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ဝင်ငွေနည်းပါးနေရပြီး နွေရာသီအပြောင်းအရွှေ့စျေးကွက် ဖွင့်လှစ်ချိန်မှာတောင် ငွေအလုံးအရင်းသုံးပြီး ကစားသမားသစ် ခေါ်ယှုမှုတွေကို လုပ်ဆောင်နိုင်ဖို့ဆိုတာ ခက်ခဲနိုင်ပါတယ်။ ဒီလို ဘဏ္ဍာရေးအကျပ်အတည်းနဲ့ ရင်ဆိုင်ရနိုင်တဲ့ အသင်းတွေထဲမှာ ဂျုဗင်တပ်စ်လည်း ပါဝင်နိုင်ပါတယ်။

Photo Credit : Celebritynobs

အသက်(၂၇)နှစ်အရွှယ်ရှိ အာဂျင်တီးနားတိုက်စစ်ကစားသမား အီကာဒီအတွက် သူရဲ့မူရင်းကလပ်အသင်းဖြစ်တဲ့ အင်တာမီလန်ကနေ ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၆၀)လောက်အထိ သတ်မှတ်ထားတာဖြစ်ပြီးတော့ ဒီပမာဏက ဂျုဗင်တပ်စ်လို အသင်းမျိုးအတွက် အခက်အခဲတစ်ခုလို့ ဆိုမရနိုင်ပေမယ့် လက်ရှိမှာ အသင်းတိုင်းက ဘဏ္ဍရေးအခက်အခဲနဲ့ ကြုံတွေ့နေရတာဖြစ်လို့ ပြောင်းရွှေ့ကြေးတန်ဖိုးကို အပြည့်အဝမပေးနိုင်ပဲ ကစားသမားတွေကိုသာ အလိုက်ပေးကမ်းလှမ်းရဖွယ် ရှိနေပါတယ်။ လက်ရှိမှာတော့ ဂျုဗင်တပ်စ်အသင်းဟာ အီကာဒီအတွက် ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ ဝါရင့် အာဂျင်တီးနားတိုက်စစ်မှူးကြီး ဂွန်ဇာလိုဟီဂွာအင်ကို အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေတဲ့အပြင် ပြောင်းရွှေ့ကြေးကို လုံးဝမပေးချေလိုရင်တော့ ဟီဂွာအင်အပြင် တောင်ပံတိုက်စစ်ကစားသမား ဒေါက်ကလပ်ကော်စတာနဲ့ နောက်ခံလူ ဒီမီရယ်တို့ (၃)ယောက်လုံးကို အလိုက်ပေးကမ်းလှမ်းဖွယ်ရှိနေပါတယ်။