ၿပီးခဲ႔တဲ႔ေႏြေစ်းကြက္အတြင္းတုန္းက အသင္းကေန ေရာင္းထုတ္ခံရမယ့္ ကစားသမားတစ္ေယာက္လုိ႔ နာမည္ႀကီးခဲ႔တဲ့ ဒီဘားလားဟာ မန္ခ်က္စတာယူႏုိက္တက္နဲ႔ စပါးအသင္းတုိ႔ကုိ ေျပာင္းေရႊ႔ကစားဖုိ႔အတြက္ နီးစပ္ျဖစ္ခဲ႔ေပမယ့္လည္း သူရဲ႕ လစာနဲ႔ ပုံရိပ္အသုံးျပဳခေတြကုိ ျမင့္မားစြာေတာင္းဆုိမႈေတြေၾကာင့္ ဘယ္အသင္းကုိမွ မေျပာင္းေရႊ႔ျဖစ္ေတာ့ပဲ ဂ်ဳဗင္တပ္စ္အသင္းမွာသာ ဆက္လက္ရွိေနခဲ႔ရပါတယ္။ အခုဆုိရင္ေတာ့ ဒီဘားလားက အသင္းအတြက္ ပြဲထြက္ကစားခြင့္ေတြ ပုိင္ဆုိင္လာခဲ႔တဲ႔အျပင္ အင္တာမီလန္နဲ႔ပြဲမွာလည္း အသင္းအတြက္ အေရးပါလွတဲ႔ အဖြင့္ဂုိးကုိပါ သြင္းယူေပးခဲ႔ပါေသးတယ္။

Photo Credit : Getty Images

ဒီအသက္၂၅ႏွစ္အရႊယ္ အာဂ်င္တီးနားတုိက္စစ္ကစားသမားဟာ ယခင္ကတည္းက ဂ်ဳဗင္တပ္စ္အသင္းမွာ  ဆက္လက္ရွိေနခ်င္ခဲ့တာျဖစ္ေပမယ့္လည္း သူ႔ကုိ အသင္းကေန ေရာင္းထုတ္ခ်င္ေနတာျဖစ္ၿပီး အသင္းကေန မထြက္ခြာျဖစ္ဘူးဆုိရင္ ပြဲထြက္ခြင့္ေတြပါ ေပ်ာက္ဆုံးလာရလိမ့္မယ္လုိ႔ သတိေပးခံခဲ႔ရသူလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီဘားလားဟာ ဗီရုိနာအသင္းနဲ႔ ကစားခဲ႔ရတဲ႔ စီးရီးေအပြဲစဥ္ကေနစတင္ၿပီး အင္တာမီလန္အသင္းနဲ႔ ကစားခဲ႔ရတဲ႔ စီးရီးေအ၄ပြဲလုံးမွာ ဂ်ဳဗင္တပ္စ္အသင္းရဲ႕ ပြဲထြက္ကစားသမားအျဖစ္နဲ႔ ပါဝင္ကစားခဲ႔ရတဲ႔အျပင္ အင္တာကုိ အႏုိင္ရခဲ့တဲ႔ပြဲမွာလည္း အသင္းအတြက္ ဦးေဆာင္ဂုိးကုိ သြင္းယူႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

သူရဲ႕ ဒီရာသီအစ ျဖတ္သန္းခဲ႔မႈေတြနဲ႔ပတ္သက္ၿပီးေတာ့ကုိလည္း ဒီဘားလားက “ကြ်န္ေတာ့္အတြက္ေတာ့ လြယ္ကူလွတဲ႔ ေႏြရာသီတစ္ခု မဟုတ္ခဲ့ပါဘူး။ တကယ္သြားေရာက္ကစားဖုိ႔ စိတ္ကူးမရွိလွတဲ႔ အသင္းေတြနဲ႔ပါ ကုိယ့္နာမည္က သတင္းေတြ ထြက္ေပၚခဲ႔ေသးေတာ့ေလ။ အေျပာင္းအေရႊ႔ေစ်းကြက္မစတင္ခင္မွာကတည္းက ကြ်န္ေတာ္ဂ်ဳဗင္တပ္စ္မွာပဲ ဆက္လက္ရွိေနခ်င္ေသးတယ္လုိ႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆုိထားခဲ့ၿပီးသားပါ။ အဲ႔ဒီေနာက္ပုိင္းကတည္းက ဒီအရာေတြကို လုံးဝကုိ ထုတ္မေျပာျဖစ္ေတာ့ဘူး။ အေျပာင္းအေရႊ႔တစ္ခုဆုိတာ ဘယ္လုိျဖစ္မလာမလဲဆုိၿပီး ေတြးထားလုိ႔မရဘူးေလ။ ဒါေပမယ့္ ကြ်န္ေတာ္ကေတာ့ ဒီမွာပဲ ဆက္ေနခ်င္သလုိ ကြ်န္ေတာ့္ကစားသမားဘဝကုိ ဂ်ဳဗီအသင္းသားအျဖစ္နဲ႔ ဆက္သြားခ်င္တာပါ”

Photo Credit : Getty Images

“ကြ်န္ေတာ္ဂ်ဳဗီအက်ိီကုိဝတ္ဆင္ၿပီး ဒီအသင္းအတြက္ လုပ္ေဆာင္ျပႏုိင္ေသးတယ္ဆုိတာကုိ သက္ေသျပသြားခ်င္ပါတယ္” လုိ႔ ထုတ္ေဖာ္ေျပာဆိုသြားခဲ႔ပါတယ္။ ဒါ့အျပင္ နည္းျပေဟာင္းအယ္လီဂရီနဲ႔ နည္းျပသစ္ဆာရီတုိ႔ၾကားက ကြာဟခ်က္နဲ႔ပတ္သက္ၿပီးေတာ့ကုိလည္း ဒီဘားလားက “သူတုိ႔ႏွစ္ေယာက္ရဲ႕ နည္းစနစ္ပုံစံေတြ ကြဲျပားျခားနားေနမယ္ဆုိတာကုိ အားလုံးလည္း ေတြ႔ျမင္ထားၿပီၾကၿပီထင္ပါတယ္။ အယ္လီဂရီတုန္းက ကြ်န္ေတာ္တုိ႔ေတြ အားလုံးလုပ္ေဆာင္ခဲ႔ၿပီးပါၿပီ။ ဆာရီကေတာ့ ပုိၿပီးေတာ့ တုိက္စစ္ကုိ လုိက္ပါေဆာ့ကစားတတ္တဲဲ႔ ပုံစံျဖစ္ေနၿပီးေတာ့ အယ္လီဂရီထက္ကုိလည္း တုိက္စစ္ကုိ ပုိအသားေပးထားပါတယ္။ ဒီပုံစံက ေအာင္ျမင္လာမလားဆုိတာကုိ သိရဖုိ႔အတြက္ အခ်ိန္တစ္ခုထိေတာ့ ေစာင့္ရဦးမွာေပါ့။ ဒါေပမယ့္ ဒီလုိ တုိက္စစ္အသားေပးကစားမႈက ကြ်န္ေတာ္တုိလုိ႔ တုိက္စစ္မွဴးေတြအတြက္ကုိ ပုိမုိလြယ္ကူသြားေစပါတယ္” လုိ႔ ရွင္းလင္းေျပာဆုိလုိ႔သြားခဲ့ပါတယ္ခင္ဗ်ာ။

(Unicode)

ဆာရီလက်အောက်မှာ ကစားရတာကို ပိုမိုပျော်ရွှင်လို့နေတဲ့ ပေါ်လိုဒီဘားလား

ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းတုန်းက အသင်းကနေ ရောင်းထုတ်ခံရမယ့် ကစားသမားတစ်ယောက်လို့ နာမည်ကြီးခဲ့တဲ့ ဒီဘားလားဟာ မန်ချက်စတာယူနိုက်တက်နဲ့ စပါးအသင်းတို့ကို ပြောင်းရွှေ့ကစားဖို့အတွက် နီးစပ်ဖြစ်ခဲ့ပေမယ့်လည်း သူရဲ့ လစာနဲ့ ပုံရိပ်အသုံးပြုခတွေကို မြင့်မားစွာတောင်းဆိုမှုတွေကြောင့် ဘယ်အသင်းကိုမှ မပြောင်းရွှေ့ဖြစ်တော့ပဲ ဂျုဗင်တပ်စ်အသင်းမှာသာ ဆက်လက်ရှိနေခဲ့ရပါတယ်။ အခုဆိုရင်တော့ ဒီဘားလားက အသင်းအတွက် ပွဲထွက်ကစားခွင့်တွေ ပိုင်ဆိုင်လာခဲ့တဲ့အပြင် အင်တာမီလန်နဲ့ပွဲမှာလည်း အသင်းအတွက် အရေးပါလှတဲ့ အဖွင့်ဂိုးကိုပါ သွင်းယူပေးခဲ့ပါသေးတယ်။

Photo Credit : Getty Images

ဒီအသက်၂၅နှစ်အရွှယ် အာဂျင်တီးနားတိုက်စစ်ကစားသမားဟာ ယခင်ကတည်းက ဂျုဗင်တပ်စ်အသင်းမှာ  ဆက်လက်ရှိနေချင်ခဲ့တာဖြစ်ပေမယ့်လည်း သူ့ကို အသင်းကနေ ရောင်းထုတ်ချင်နေတာဖြစ်ပြီး အသင်းကနေ မထွက်ခွာဖြစ်ဘူးဆိုရင် ပွဲထွက်ခွင့်တွေပါ ပျောက်ဆုံးလာရလိမ့်မယ်လို့ သတိပေးခံခဲ့ရသူလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီဘားလားဟာ ဗီရိုနာအသင်းနဲ့ ကစားခဲ့ရတဲ့ စီးရီးအေပွဲစဉ်ကနေစတင်ပြီး အင်တာမီလန်အသင်းနဲ့ ကစားခဲ့ရတဲ့ စီးရီးအေ၄ပွဲလုံးမှာ ဂျုဗင်တပ်စ်အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ်နဲ့ ပါဝင်ကစားခဲ့ရတဲ့အပြင် အင်တာကို အနိုင်ရခဲ့တဲ့ပွဲမှာလည်း အသင်းအတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

သူရဲ့ ဒီရာသီအစ ဖြတ်သန်းခဲ့မှုတွေနဲ့ပတ်သက်ပြီးတော့ကိုလည်း ဒီဘားလားက “ကျွန်တော့်အတွက်တော့ လွယ်ကူလှတဲ့ နွေရာသီတစ်ခု မဟုတ်ခဲ့ပါဘူး။ တကယ်သွားရောက်ကစားဖို့ စိတ်ကူးမရှိလှတဲ့ အသင်းတွေနဲ့ပါ ကိုယ့်နာမည်က သတင်းတွေ ထွက်ပေါ်ခဲ့သေးတော့လေ။ အပြောင်းအရွှေ့စျေးကွက်မစတင်ခင်မှာကတည်းက ကျွန်တော်ဂျုဗင်တပ်စ်မှာပဲ ဆက်လက်ရှိနေချင်သေးတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုထားခဲ့ပြီးသားပါ။ အဲ့ဒီနောက်ပိုင်းကတည်းက ဒီအရာတွေကို လုံးဝကို ထုတ်မပြောဖြစ်တော့ဘူး။ အပြောင်းအရွှေ့တစ်ခုဆိုတာ ဘယ်လိုဖြစ်မလာမလဲဆိုပြီး တွေးထားလို့မရဘူးလေ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီမှာပဲ ဆက်နေချင်သလို ကျွန်တော့်ကစားသမားဘဝကို ဂျုဗီအသင်းသားအဖြစ်နဲ့ ဆက်သွားချင်တာပါ”

Photo Credit : Getty Images

“ကျွန်တော်ဂျုဗီအကျိီကိုဝတ်ဆင်ပြီး ဒီအသင်းအတွက် လုပ်ဆောင်ပြနိုင်သေးတယ်ဆိုတာကို သက်သေပြသွားချင်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် နည်းပြဟောင်းအယ်လီဂရီနဲ့ နည်းပြသစ်ဆာရီတို့ကြားက ကွာဟချက်နဲ့ပတ်သက်ပြီးတော့ကိုလည်း ဒီဘားလားက “သူတို့နှစ်ယောက်ရဲ့ နည်းစနစ်ပုံစံတွေ ကွဲပြားခြားနားနေမယ်ဆိုတာကို အားလုံးလည်း တွေ့မြင်ထားပြီကြပြီထင်ပါတယ်။ အယ်လီဂရီတုန်းက ကျွန်တော်တို့တွေ အားလုံးလုပ်ဆောင်ခဲ့ပြီးပါပြီ။ ဆာရီကတော့ ပိုပြီးတော့ တိုက်စစ်ကို လိုက်ပါဆော့ကစားတတ်တဲဲ့ ပုံစံဖြစ်နေပြီးတော့ အယ်လီဂရီထက်ကိုလည်း တိုက်စစ်ကို ပိုအသားပေးထားပါတယ်။ ဒီပုံစံက အောင်မြင်လာမလားဆိုတာကို သိရဖို့အတွက် အချိန်တစ်ခုထိတော့ စောင့်ရဦးမှာပေါ့။ ဒါပေမယ့် ဒီလို တိုက်စစ်အသားပေးကစားမှုက ကျွန်တော်တိုလို့ တိုက်စစ်မှူးတွေအတွက်ကို ပိုမိုလွယ်ကူသွားစေပါတယ်” လို့ ရှင်းလင်းပြောဆိုလို့သွားခဲ့ပါတယ်ခင်ဗျာ။