အီတလီစီးရီးအေမှာ (၂)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားခဲ့ရတဲ့ လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းကတော့ ဒီနေ့ညမှာ ကစားရခက်တဲ့ စီးရီးအေအသင်းတစ်သင်းဖြစ်တဲ့ ဆာဆူအိုလိုအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်တွေ့ဆုံနေခဲ့ရပြီး တစ်ဖက်ကို (၃)ဂိုးစီနဲ့ သရေကျသွားခဲ့ရပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းက ၄-၃-၃ ကစားကွက်နဲ့အတူ ရော်နယ်ဒို ဟီဂွာအင် ဘာနာဒက်စကီး မာတွီဒီ ပီယာနစ် ဘန်တန်ကာ ဒီလစ် ဆန်ဒရို ချီလီနီ ဒန်နီလိုနဲ့ ရှက်ဇနီတို့ကို ထည့်သွင်းလာခဲ့ပြီး ဒီဘားလားနဲ့ ဘနူချီကိုတော့ အရန်စာရင်းမှာပဲ ထည့်သွင်းထားခဲ့ပါတယ်။ ဂျုဗင်တပ်စ်က (၁၂)မိနစ်အတွင်းမှာပဲ သွင်းဂိုး(၂)ဂိုးကို ဆက်တိုက်ပိုင်ဆိုင်ခဲ့ပြီး (၅)မိနစ်မှာ ဒန်နီလိုက ထောင့်ကန်ဘောကနေတဆင့် အားပါတဲ့ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်သလို (၁၂)မိနစ်မှာလည်း အသင်းနဲ့ ပွဲထွက်မကစားရတာ ကြာနေပြီဖြစ်တဲ့ ဟီဂွာအင်က သွင်းယူခဲ့တာဖြစ်ပါတယ်။ (၂၉)မိနစ်မှာတော့ အိမ်ရှင်ဘက်ကနေ ပြန်လည်ချေပခဲ့ပါတယ်။

Photo Credit : Getty Image

ပွဲအစပိုင်းမှာ ဂျုဗင်တပ်စ်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အိမ်ရှင်ဆာဆူအိုလိုအသင်းက တိုက်စစ်ကို ပိုမိုလိုက်ပါ ကစားနိုင်ခဲ့ရင်းနဲ့ (၅၁)မိနစ်မှာ ဘာရာဒီက ဒုတိယချေပဂိုးနဲ့ (၅၄)မိနစ်မှာလည်း ကာပူတိုက ဦးဆောင်ဂိုးတွေကိုပါ ဆက်တိုက်သွင်းယူနိုင်ခဲ့ပါတယ်။ (၃)ဂိုးအထိကို ပြန်လည်ခွင့်ပြုလိုက်ရတဲ့ ဂျုဗင်တပ်စ်က (၆၄)မိနစ်မှာ ဆန်ဒရိုရဲ့ခေါင်းတိုက်ဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့တာကြောင့် သရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။