မၾကာခင္မွာ အသက္၃၃ႏွစ္ျပည့္ေျမာက္ေတာ့မယ့္ နာပုိလီအသင္းရဲ႕တုိက္စစ္ကစားသမား ဒရုိင္းစ္မာတန္စ္ဟာ ဒီႏွစ္ေဘာလုံးရာသီအကုန္မွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လုိ႔ လက္ရွိအခ်ိန္အတြင္း သူ႔ကို အသင္းေပါင္းမ်ားစြာကေန ေခၚယူသြားဖုိ႔ အၿပိဳင္စိတ္ဝင္စားေနၾကၿပီး စီးရီးေအအသင္းအျပင္ အျခားေသာ ဥေရာပအသင္းေတြကလည္း မာတန္စ္ကုိ ပစ္မွတ္ထားလုိ႔ေနပါတယ္။ ဒါေပမယ့္ ထူးျခားတာကေတာ့ အခု မာတန္စ္နဲ႔ သတင္းေတြထြက္လာခဲ႔တဲ႔ အသင္းေတြထဲမွာ ဂ်ဳဗင္တပ္စ္အသင္းကပါ အံ့အားသင့္စဖြယ္ ပါဝင္လာခဲ႔တယ္လုိ႔ သိရွိရပါတယ္။

Photo Credit : Getty Images

ဘယ္ဂ်ီယံလက္ေရြးစင္ ေတာင္ပံတုိက္စစ္ကစားသမား မာတန္စ္ကုိ မန္ခ်က္စတာယူႏုိက္တက္ အာဆင္နယ္အသင္းတုိ႔ကေန ေခၚယူဖုိ႔ အၿပိဳင္စိတ္ဝင္စားေနေပမယ့္လည္း နာပုိလီအသင္းရဲ႕နည္းျပေဟာင္းျဖစ္တဲ႔ ဆာရီကုိင္တြယ္လုိ႔ေနတဲ႔ ဂ်ဳဗင္တပ္စ္အသင္းကေန ေခၚယူဖုိ႔ စိတ္ဝင္စားလာခဲ႔ၿပီး တူရင္ေျမမွာ ဆရာတပည့္ႏွစ္ေယာက္ ျပန္လည္ပူးေပါင္းၾကဖြယ္ရွိေနတယ္လုိ႔ အီတလီသတင္းမီဒီယာေတြကေန ေဖာ္ျပလာခဲ႔ပါတယ္။ လက္ရွိမွာ မာတန္စ္ကလည္း သူရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ဆုံးျဖတ္ထားရျခင္းမရွိေသးေပမယ့္ နာပုိလီမွာ ဆက္လက္ရွိေနဖုိ႔ကေတာ့ ျဖစ္ႏုိင္ေျခအလြန္နည္းပါးေနပါတယ္။

Photo Credit : Getty Images

ဂ်ဳဗင္တပ္စ္အသင္းနည္းျပဆာရီက သူကုိင္တြယ္တဲ႔ အသင္းတုိင္းလုိလုိမွာ နာပုိလီအသင္းအတြင္း လက္တြဲခဲ႔ဖူးတဲ႔ ကစားသမားေဟာင္းေတြကုိ ျပန္လည္ေခၚယူတတ္ေလ့ရွိၿပီး မာတန္စ္ကလည္း ဆာရီနဲ႔အတူ လက္တြဲခဲ့ၿပီး နာပုိလီမွာ ေျခစြမ္းအထူးျပခဲ႔သူျဖစ္ပါတယ္။ နာပုိလီအသင္းမွာ ၇ႏွစ္ၾကာေအာင္ ပါဝင္ကစားခဲ႔တဲ႔ မာတန္စ္ဟာ ဒီရာသီမွာ နာပုိလီအတြက္ စီးရီးေအပြဲစဥ္ ၁၀ပြဲပဲ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ကစားခဲ႔ရၿပီး ပြဲထြက္ခြင့္ေတြ နည္းပါးေနတာေၾကာင့္ အသင္းကေန ထြက္ခြာဖုိ႔ ျပင္ဆင္ေနရတာျဖစ္ကာ နာပုိလီရဲ႕အနီးစပ္ဆုံး အီတလီစီးရီးေအၿပိဳင္ဘက္ ဂ်ဳဗင္တပ္စ္အသင္းဆီ ေႏြေစ်းကြက္အတြင္းမွာ အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေျပာင္းေရႊ႕ဖြယ္ရွိေနပါတယ္။ လက္ရွိမွာ ဂ်ဳဗင္တပ္စ္အသင္းက အတၱလန္တာအသင္းရဲ႕ဆြီဒင္လက္ေရြးစင္ ကြင္းလယ္ကစားသမား ဒီဂ်န္ကူလူဆက္စကီးကုိ ယူရုိ၃၅သန္းနဲ႔ ေခၚယူထားခဲ႔ၿပီး လာမယ့္ေဘာလုံးရာသီမွာ စတင္အသုံးျပဳခြင့္ရရွိသြားမွာျဖစ္တယ္လုိ႔ သိရွိရပါတယ္။

(Unicode)

ဂျုဗင်တပ်စ်အသင်းမှာ ပြန်လည်ပူးပေါင်းကြဖွယ်ရှိနေတဲ့ နည်းပြဆာရီနဲ့ ဒရိုင်းစ်မာတန်စ်

မကြာခင်မှာ အသက်၃၃နှစ်ပြည့်မြောက်တော့မယ့် နာပိုလီအသင်းရဲ့တိုက်စစ်ကစားသမား ဒရိုင်းစ်မာတန်စ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ လက်ရှိအချိန်အတွင်း သူ့ကို အသင်းပေါင်းများစွာကနေ ခေါ်ယူသွားဖို့ အပြိုင်စိတ်ဝင်စားနေကြပြီး စီးရီးအေအသင်းအပြင် အခြားသော ဥရောပအသင်းတွေကလည်း မာတန်စ်ကို ပစ်မှတ်ထားလို့နေပါတယ်။ ဒါပေမယ့် ထူးခြားတာကတော့ အခု မာတန်စ်နဲ့ သတင်းတွေထွက်လာခဲ့တဲ့ အသင်းတွေထဲမှာ ဂျုဗင်တပ်စ်အသင်းကပါ အံ့အားသင့်စဖွယ် ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Getty Images

ဘယ်ဂျီယံလက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား မာတန်စ်ကို မန်ချက်စတာယူနိုက်တက် အာဆင်နယ်အသင်းတို့ကနေ ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေပေမယ့်လည်း နာပိုလီအသင်းရဲ့နည်းပြဟောင်းဖြစ်တဲ့ ဆာရီကိုင်တွယ်လို့နေတဲ့ ဂျုဗင်တပ်စ်အသင်းကနေ ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့ပြီး တူရင်မြေမှာ ဆရာတပည့်နှစ်ယောက် ပြန်လည်ပူးပေါင်းကြဖွယ်ရှိနေတယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ လက်ရှိမှာ မာတန်စ်ကလည်း သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ထားရခြင်းမရှိသေးပေမယ့် နာပိုလီမှာ ဆက်လက်ရှိနေဖို့ကတော့ ဖြစ်နိုင်ခြေအလွန်နည်းပါးနေပါတယ်။

Photo Credit : Getty Images

ဂျုဗင်တပ်စ်အသင်းနည်းပြဆာရီက သူကိုင်တွယ်တဲ့ အသင်းတိုင်းလိုလိုမှာ နာပိုလီအသင်းအတွင်း လက်တွဲခဲ့ဖူးတဲ့ ကစားသမားဟောင်းတွေကို ပြန်လည်ခေါ်ယူတတ်လေ့ရှိပြီး မာတန်စ်ကလည်း ဆာရီနဲ့အတူ လက်တွဲခဲ့ပြီး နာပိုလီမှာ ခြေစွမ်းအထူးပြခဲ့သူဖြစ်ပါတယ်။ နာပိုလီအသင်းမှာ ရနှစ်ကြာအောင် ပါဝင်ကစားခဲ့တဲ့ မာတန်စ်ဟာ ဒီရာသီမှာ နာပိုလီအတွက် စီးရီးအေပွဲစဉ် ၁၀ပွဲပဲ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရပြီး ပွဲထွက်ခွင့်တွေ နည်းပါးနေတာကြောင့် အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေရတာဖြစ်ကာ နာပိုလီရဲ့အနီးစပ်ဆုံး အီတလီစီးရီးအေပြိုင်ဘက် ဂျုဗင်တပ်စ်အသင်းဆီ နွေစျေးကွက်အတွင်းမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ လက်ရှိမှာ ဂျုဗင်တပ်စ်အသင်းက အတ္တလန်တာအသင်းရဲ့ဆွီဒင်လက်ရွေးစင် ကွင်းလယ်ကစားသမား ဒီဂျန်ကူလူဆက်စကီးကို ယူရို၃၅သန်းနဲ့ ခေါ်ယူထားခဲ့ပြီး လာမယ့်ဘောလုံးရာသီမှာ စတင်အသုံးပြုခွင့်ရရှိသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။