ဂျုဗင်တပ်စ်အသင်းကို ဒုတိယအကြိမ်အဖြစ် ပြန်လည်ကိုင်တွယ်ခဲ့တဲ့ နာမည်ကျော် အီတလီလူမျိုး နည်းပြအယ်လီဂရီက လာမယ့်ဘောလုံးရာသီအတွင်း အသင်းရဲ့ ဝါရင့်နောက်ခံလူတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဂျုဗင်တပ်စ်အသင်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ လီယိုနာဒိုဘနူချီရဲ့ အသင်းခေါင်းဆောင်ရာထူးကို ပြန်လည်ရုတ်သိမ်းမှာဖြစ်ကြောင်းနဲ့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိနေတဲ့ နောက်ခံလူကြီး ချီလီနီကိုသာ အသင်းခေါင်းဆောင်အဖြစ် ပြောင်းလဲခန့်အပ်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : SPORTbible

အသက်(၃၄)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ခံစစ်ကစားသမားကြီး ဘနူချီဟာ ပြီးခဲ့တဲ့ရာသီက ဂျုဗင်တပ်စ်အသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ယူဆောင်ရွှက်ခဲ့ပြီး အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း အသင်းကို နည်းပြဟောင်း အယ်လီဂရီ ပြန်လည်ရောက်ရှိလာချိန်မှာ ဘနူချီကို အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်မပေးချင်တော့ပဲ ချီလီနီကိုသာ လွဲပြောင်းပေးချင်နေပါတယ်။ ဒီလို ဖြစ်ရတဲ့အကြောင်းအရင်းနဲ့ပတ်သက်ပြီး အယ်လီဂရီက “ဒီဘားလားရဲ့ အတွေ့အကြုံတွေအရဆိုရင် သူက အသင်းရဲ့ လက်ထောက်အသင်းခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ပါတယ်”

Photo Credit : SPORTbible

“ဘနူချီကတော့ ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာပြီး ပြန်လည်ရောက်ရှိလာခဲ့တာပါ။ ကျွန်တော်ကတော့ ဒီဘားလားဆီကနေပဲ အများကြီးကို မျှော်လင့်ထားတယ်။ သူနဲ့လည်း စကားပြောထားသေးတယ်။ သူက အရမ်းကို စိတ်အားတတ်ကြွလို့နေတယ်။ အသင်းခေါင်းဆောင်နဲ့ လက်ထောက်အသင်းခေါင်းဆောင်တွေကို ရွေးချယ်တဲ့အခါမှာ အသင်းအတွက် ဘယ်လောက်အထိ ကြာရှည်အောင် တာဝန်ထမ်းဆောင်ခဲ့သလဲဆိုတဲ့အပေါ်မှာ မူတည်ရွေးချယ်ပါတယ်။ ဒါကြောင့် ချီလီနီက အသင်းအတွက်ဆိုရင် ဝါအရင့်ဆုံး ကစားသမားတစ်ယောက် ဖြစ်နေတဲ့အပြင် သူပြီးရင်တော့ ပေါ်လိုဒီဘားလားပါပဲ။ ဘနူချီကတော့ အသင်းကနေ တစ်ရာသီ ထွက်ခွာခဲ့ဖူးတယ်။ ဒါကလည်း သူ့ဆုံးဖြတ်ချက်အတိုင်းကို သူလုပ်ဆောင်ခဲ့တာ။ ဒါကြောင့် သူအနေနဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ပြန်လည်အလိုရှိတယ်ဆိုရင် အလုပ်နဲ့ သက်သေပြရမယ်။ ဒါကိုလည်း သူကိုယ်တိုင် သတိထားမိမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဝါရင့်နောက်ခံကစားသမားကြီး ဘနူချီဟာ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာပဲ ဂျုဗင်တပ်စ်အသင်းကနေ အေစီမီလန်အသင်းဆီကို အံ့အားသင့်စဖွယ် ပြောင်းရွှေ့ခဲ့ပြီး မီလန်နဲ့ တစ်ရာသီ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ အသင်းဟောင်း ဂျုဗင်တပ်စ်အသင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။