အီတလီနိုင်ငံ အခြေစိုက် သတင်းဌာနတွေက ဂျုဗင်တပ်အသင်းရဲ့ နည်းပြ ပီယာလိုဟာ အာဆင်နယ်အသင်းရဲ့ အစွန် နောက်ခံကစားသမား ဘယ်လာရင်ကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားလာတယ်လို့ ဖော်ပြသွားတာ ဖြစ်ပြီး ယခုနှစ် အပြောင်းအရွေ့ ဈေးကွက်မှာ ခေါ်ယူချင်တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဖြစ်သူ ဘယ်လာရင်ဟာ ပြီးခဲ့တဲ့ ရာသီမှာ တံကောက်ကြော ဒဏ်ရာရရှိခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ပွဲစဉ် အများစုကို မကစားနိုင်ခဲ့တာ ဖြစ်ပြီး လာမယ့် ရာသီမှာလည်း အာဆင်နယ်အသင်းမှာ နေရာရဖို့ ခက်ခဲလာတာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

အာဆင်နယ်အသင်းဟာ ညာနောက်ခံနေရာအတွက် လူအင်အား ထပ်ဖြည့်တဲ့ အနေနဲ့ ညာနောက်ခံ ဖြစ်သူ ဆီဒရစ်ကို ဆောက်သမ်တန်အသင်းကနေ အငှားနဲ့ အရင် ခေါ်ယူခဲ့ပြီးနောက် ကာလရှည် စာချုပ် ထပ်တိုးခဲ့တဲ့ အတွက်ကြောင့် ဘယ်လာရင်အနေနဲ့ နေရာရဖို့ ခက်ခဲလာနိုင်ပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာလည်းပဲ ဗဟို နောက်ခံ ကစားသမား ဂါဘရီရယ်ကို ခေါ်ယူဖို့ ကြိုးစားနေလျက် ရှိပြီး အသင်းရဲ့ နောက်ခံလူတွေ ဖြစ်တဲ့ ညာနောက်ခံ ကစားသမား ဘယ်လာရင် နဲ့ ညာနောက်ခံ ကစားသမား မစ်လန်နိုင်းလ်ကို ရောင်းချချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit: Metro

အီတလီ အခြေစိုက် Corriere dello Sport သတင်းကတော့ ဂျုဗင်တပ် နည်းပြ ပီယာလိုဟာ လက်ရှိရာသီရဲ့ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ နောက်ခံလူ ဘယ်လာရင်ကို ခေါ်ယူဖို့ အဓိက ပစ်မှတ်ထားနေတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အခြားသတင်းတွေကလည်း နည်းပြ ပီယာလိုရဲ့ ဂျုဗင်တပ် အသင်းဟာ ညာနောက်ခံ ကစားသမား ဘယ်လာရင်ကို ခေါ်ယူနိုင်ဖို့အတွက် နည်းပြ အာတီတာရဲ့ အာဆင်နယ်အသင်းနဲ့ ကနဦး ဆက်သွယ်မှုတွေ ပြုလုပ်သွားခဲ့ပြီးပြီ ဖြစ်တယ်လို့ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အသင်းရဲ့ ညာနောက်ခံလူ နောက်ထပ် တစ်ဦး ဖြစ်တဲ့ မစ်လန်းနိုင်းလ်အတွက် ပေါင် သန်း (၂၀) အောက်နဲ့ ကမ်းလှမ်းလာသမျှကို ငြင်းပယ်သွားမယ်လို့ ဖော်ပြသွားခဲ့ပြီး ဘယ်လာရင်ကို လက်ရှိမှာ ဂျုဗင်တပ်အသင်းနဲ့ အပြိုင် ပီအက်စ်ဂျီအသင်းကပါ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပါတယ်။