ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်အတွင်းမှာ ဘရက်ရှားအသင်းကို အနိုင်ယူခဲ့ပြီး ထိပ်ဆုံးနေရာရောက်နေတဲ့ အင်တာမီလန်အသင်းကလည်း လာဇီယိုကို အရေးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ကို ပြန်ရောက်ရှိခဲ့ရတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒီနေ့မှာတော့ စီးရီးအေပွဲစဉ်(၂၅)အဖြစ် တန်းဆင်းဇုန်ထဲက SPAL အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပြီး ရော်နယ်ဒို ရမ်ဆေးတို့ရဲ့ သွင်းဂိုးတွေနဲ့ SPAL ကို ၁ဂိုး၂ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဂျုဗင်တပ်စ်အသင်းဟာ ဒီနေ့ပွဲမှာ ဘရက်ရှားပွဲတုန်းက အနားပေးထားခဲ့တဲ့ အသင်းရဲ့အဓိက ကစားသမားဖြစ်သူ ခရစ္စတီယာနိုရော်နယ်ဒိုကို ပြန်လည်အသုံးပြုလာခဲ့သလို ရမ်ဆေး ဒီဘားလား ကွာဒရာဒို ဘန်တန်ကာ မာတွီဒီ ဒန်နီလို ရူဂါနီ ဆန်ဒရို ရှက်ဇ််နီတို့နဲ့ ပွဲထွက်လာခဲ့ကာ ချန်ပီယံလိဂ်လည်း ကစားဖို့ရှိနေသေးတာကြောင့် ဘနူချီကို အနားပေးခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့တဲ့ အသင်းခေါင်းဆောင်းကြီး ချီလီနီကို ပြန်လည်အသုံးပြုခဲ့ပါတယ်။ တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်အောင် ရုန်းထွက်နေတဲ့ SPAL အသင်းရဲ့ ရုန််းအားကြောင့် ဂျုဗင်တပ်စ်တို့ ကစားရခက်ခဲခြဲ့့ပီး ၃၉မိနစ်အရောက်မှာတော့ အသင်းနဲ့ ပြန်လည်ပွဲထွက်လာခဲ့တဲ့ ရော်နယ်ဒိုက အသင်းအတွက် အဖွင့်ဂိုးကို စတင်သွင်းယူပေးခဲ့ပါတယ်။

ဒီသွင်းဂိုးက ရော်နယ်ဒိုရဲ့ စီးရီးအေ(၁၁)ပွဲဆက်တိုက် သွင်းယူခဲ့တဲ့ သွင်းဂိုးဖြစ်ခဲ့ပြီး စီးရီးအေ ပြိုင်ပွဲသမိုင်းတလျှောက်မှာ ပွဲဆက်အများဆုံးစံချိန်ကို လိုက်မှီသွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်တွေအတွင်းမှာတော့ ဂျုဗင်တပ်စ်က ပွဲကိုပိုစိုးမိုးစွာ ကစားနိုင်ခဲ့ပြီး မိနစ်၆၀မှာတော့ ဒီဘားလားရဲ့ဖန်တီးမှုကနေတစ်ဆင့် ဒီနောက်ပိုင်းမှာ အသင်းနဲ့ လမ်းခွဲတော့မယ့် သတင်းထွက်လျက်ရှိနေတဲ့ ကွင်းလယ်လူရမ်ဆေးက ဒုတိယမြောက်ဂိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒီဂိုးရပြီး ၉မိနစ်အကြာမှာ အိမ်ရှင်အသင်းဘက်ကို ပင်နယ်တီသတ်မှတ်ပေးခဲ့လို့ ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ပေမယ့် နောက်ထပ်ပေးဂိုးတွေ ထပ်မရှိတော့လို့ ဂျုဗင်တပ်စ်တို့ပဲ နိုင်ပွဲဆက်ခဲ့ရပါတယ်