လာဇီယိုအသင်းကို အီတလီစူပါဖလားပြိုင်ပွဲမှာ ရှုံးနိမ့်ခဲ့ရပြီးနောက် စီးရီးအေပွဲစဉ်တွေမှာ တောက်လျှောက်ခြေပြန်မှန်လာရင်းနဲ့ စီးရီးအေ ၃ပွဲဆက်တိုက်ကို အနိုင်ရယူခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒီနေ့ညမှာတော့ စီးရီးအေပွဲစဉ်(၂၀)အဖြစ် သူတို့အသင်းကို အမြဲလိုလို ဒုက္ခပေးတတ်လေ့ရှိတဲ့ ပါးမာအသင်းနဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပြီး ၂ဂိုး၁ဂိုးနဲ့ အနိုင်ရရှိခဲ့ကာ အမှတ်ပေးဇယားထိပ်မှာ ဆက်လက်ရပ်တည်နေနိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

၄-၃-၁-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့တဲ့ အိမ်ရှင်ဂျုဗင်တပ်စ်အသင်းဟာ ရော်နယ်ဒို ဒီဘားလာ ရမ်ဆေး မာတွီဒီ ပီယာနစ် ရာဘီအော့ ဘနူချီ ဆန်ဒရို ကွာဒရာဒို ဒီလစ် ရှက်ဇနီတို့ကို အသုံးပြုလာခဲ့ပြီး အတောင့်တင်းဆုံလူအင်အားနဲ့ ပါးမားကို ရင်ဆိုင်သွားခဲ့ပါတယ်။ မနှစ်က တူရင်မြေမှာ တွေ့ဆုံမှုမှာ တစ်ဖက်ကို ၃ဂိုးစီ သရေကျထားခဲ့ပေမယ့် အခုက ဒီပွဲမတိုင်ခင်မှာ အင်တာမီလန်က လက်ချီကို သရေကျထားခဲ့တာကြောင့် ဂျုဗင်တပ်စ်တို့ ဒီပွဲမှာ အမှတ်ပြည့်ရဖို့ အထူးလိုအပ်နေပါတယ်။ ဒါကြောင့်မို့ ဂျုဗီတို့က ပွဲအစပိုင်းကတည်းက ပါးမာဘက်ကို ဖိအားပေးခဲ့ပြီး ပုံစံအမျိုးမျိုးနဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ပါးမားကတော့ ပွဲချိန်အများစုမှာ ခံစစ်ပိုင်းအတွင်း အချိန်ကုန်နေရပြီး ပထမပိုင်းပြီးခါနီး ၄၃မိနစ်မှာတော့ ရော်နယ်ဒိုရဲ့သွင်းဂိုးကို စတင်ခွင့်ပြုလိုက်ရပါတယ်။ ရော်နယ်ဒိုက ဒီဂိုးကို သူရဲ့ပုံစံအတိုင်းနဲ့ ကန်ယူသွားခဲ့တာဖြစ်ပြီး သူရဲ့ကန်ချက်က ပါးမားနောက်ခံလူ ဒါမီယန်နဲ့ထိရင်းနဲ့ လမ်းကြောင်းပြန်ပြီး  ဂိုးဝင်သွားခဲ့ရတာဖြစ်ပါတယ်။ ဒါဟာ ရော်နယ်ဒိုအတွက် စီးရီးအေရပွဲဆက် သွင်းဂိုးလည်း ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Getty Images

ဒုတိယပိုင်းအစမှာလည်း အိမ်ရှင်ဂျုဗင်တပ်စ်အသင်းကပဲ ဆက်တိုက်ဖိအားပေးလာခဲ့ပေမယ့်လည်း မမျှော်လင့်ပဲ ၅၅မိနစ်မှာ ပါးမားတို့ ထောင့်ကန်ဘောကနေတစ်ဆင့် ချေပဂိုးပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃မိစ်အကြာမှာပဲ ရော်နယ်ဒိုက ဒီဘားလားရဲ့ ဖန်တီးပေးမှုကနေတစ်ဆင့် အနီးကပ်ပိတ်သွင်းယူပြီး ဂျုဗင်တပ်စ်ကို ပြန်လည်ဦးဆောင်စေခဲ့ပါတယ်။ ချက်ချင်းအနိုင်ဂိုး ပြန်လည်ရယူပြီးနောက်တော့ ဂျုဗင်တပ်စ်အသင်းက သူတို့ရဲ့ရလဒ်ကို ထိန်းသိမ်းနိုင်ဖို့ကိုပဲ အာရုံစိုက်လာခဲ့ပြီး အင်တာမီလန်ရဲ့ခြေချော်မှုကို အခွင့်ကောင်းယူပြီး ရမှတ်၄မှတ်အထိကို ဖြတ်တောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

(Zawgyi)

ေရာ္နယ္ဒုိရဲ႕သြင္းဂုိးေတြနဲ႔ စီးရီးေအမွာ ႏုိင္ပြဲဆက္ေနခဲ႔တဲ႔ ဂ်ဳဗင္တပ္စ္

လာဇီယုိအသင္းကုိ အီတလီစူပါဖလားၿပိဳင္ပြဲမွာ ရွုံးနိမ့္ခဲ့ရၿပီးေနာက္ စီးရီးေအပြဲစဥ္ေတြမွာ ေတာက္ေလွ်ာက္ေျချပန္မွန္လာရင္းနဲ႔ စီးရီးေအ ၃ပြဲဆက္တုိက္ကုိ အႏုိင္ရယူခဲ႔တဲ႔ ဂ်ဳဗင္တပ္စ္အသင္းဟာ ဒီေန႔ညမွာေတာ့ စီးရီးေအပြဲစဥ္(၂၀)အျဖစ္ သူတုိ႔အသင္းကုိ အၿမဲလုိလုိ ဒုကၡေပးတတ္ေလ့ရွိတဲ႔ ပါးမာအသင္းနဲ႔ အိမ္ကြင္းမွာ ဧည့္ခံကစားခဲ႔ၿပီး ၂ဂုိး၁ဂုိးနဲ႔ အႏုိင္ရရွိခဲ့ကာ အမွတ္ေပးဇယားထိပ္မွာ ဆက္လက္ရပ္တည္ေနႏုိင္ခဲ႔ပါတယ္။

Photo Credit : Getty Images

၄-၃-၁-၂ ကစားကြက္နဲ႔ ပြဲထြက္လာခဲ႔တဲ႔ အိမ္ရွင္ဂ်ဳဗင္တပ္စ္အသင္းဟာ ေရာ္နယ္ဒုိ ဒီဘားလာ ရမ္ေဆး မာတြီဒီ ပီယာနစ္ ရာဘီေအာ့ ဘႏူခ်ီ ဆန္ဒရုိ ကြာဒရာဒုိ ဒီလစ္ ရွက္ဇနီတုိ႔ကုိ အသုံးျပဳလာခဲ႔ၿပီး အေတာင့္တင္းဆုံလူအင္အားနဲ႔ ပါးမားကို ရင္ဆုိင္သြားခဲ႔ပါတယ္။ မႏွစ္က တူရင္ေျမမွာ ေတြ႕ဆုံမႈမွာ တစ္ဖက္ကုိ ၃ဂုိးစီ သေရက်ထားခဲ႔ေပမယ့္ အခုက ဒီပြဲမတုိင္ခင္မွာ အင္တာမီလန္က လက္ခ်ီကုိ သေရက်ထားခဲ႔တာေၾကာင့္ ဂ်ဳဗင္တပ္စ္တုိ႔ ဒီပြဲမွာ အမွတ္ျပည့္ရဖုိ႔ အထူးလုိအပ္ေနပါတယ္။ ဒါေၾကာင့္မုိ႔ ဂ်ဳဗီတုိ႔က ပြဲအစပုိင္းကတည္းက ပါးမာဘက္ကုိ ဖိအားေပးခဲ႔ၿပီး ပုံစံအမ်ိဳးမ်ိဳးနဲ႔ ဂုိးေပါက္ၿခိမ္းေျခာက္မႈေတြကုိ လုပ္ေဆာင္ခဲ႔ပါတယ္။ ပါးမားကေတာ့ ပြဲခ်ိန္အမ်ားစုမွာ ခံစစ္ပုိင္းအတြင္း အခ်ိန္ကုန္ေနရၿပီး ပထမပုိင္းၿပီးခါနီး ၄၃မိနစ္မွာေတာ့ ေရာ္နယ္ဒုိရဲ႕သြင္းဂုိးကုိ စတင္ခြင့္ျပဳလုိက္ရပါတယ္။ ေရာ္နယ္ဒုိက ဒီဂုိးကုိ သူရဲ႕ပုံစံအတုိင္းနဲ႔ ကန္ယူသြားခဲ႔တာျဖစ္ၿပီး သူရဲ႕ကန္ခ်က္က ပါးမားေနာက္ခံလူ ဒါမီယန္နဲ႔ထိရင္းနဲ႔ လမ္းေၾကာင္းျပန္ၿပီး  ဂုိးဝင္သြားခဲ႔ရတာျဖစ္ပါတယ္။ ဒါဟာ ေရာ္နယ္ဒုိအတြက္ စီးရီးေအ၇ပြဲဆက္ သြင္းဂုိးလည္း ျဖစ္လာခဲ႔ရပါတယ္။

Photo Credit : Getty Images

ဒုတိယပုိင္းအစမွာလည္း အိမ္ရွင္ဂ်ဳဗင္တပ္စ္အသင္းကပဲ ဆက္တုိက္ဖိအားေပးလာခဲ႔ေပမယ့္လည္း မေမွ်ာ္လင့္ပဲ ၅၅မိနစ္မွာ ပါးမားတုိ႔ ေထာင့္ကန္ေဘာကေနတစ္ဆင့္ ေခ်ပဂုိးျပန္လည္ရယူႏုိင္ခဲ႔ပါတယ္။ ဒါေပမယ့္ ၃မိစ္အၾကာမွာပဲ ေရာ္နယ္ဒိုက ဒီဘားလားရဲ႕ ဖန္တီးေပးမႈကေနတစ္ဆင့္ အနီးကပ္ပိတ္သြင္းယူၿပီး ဂ်ဳဗင္တပ္စ္ကုိ ျပန္လည္ဦးေဆာင္ေစခဲ႔ပါတယ္။ ခ်က္ခ်င္းအႏုိင္ဂုိး ျပန္လည္ရယူၿပီးေနာက္ေတာ့ ဂ်ဳဗင္တပ္စ္အသင္းက သူတုိ႔ရဲ႕ရလဒ္ကုိ ထိန္းသိမ္းႏုိင္ဖို႔ကုိပဲ အာရုံစုိက္လာခဲ႔ၿပီး အင္တာမီလန္ရဲ႕ေျခေခ်ာ္မႈကုိ အခြင့္ေကာင္းယူၿပီး ရမွတ္၄မွတ္အထိကုိ ျဖတ္ေတာက္ႏုိင္ခဲ့ၿပီျဖစ္ပါတယ္။