စီးရီးအေရဲ့လက်ရှိချန်ပီယံ ဂျုဗင်တပ်စ်အသင်းကတော့ ဒီတစ်ပတ် အီတလီစီးရီးအေပွဲစဉ်(၂၉)မှာတော့ တန်းဆင်းဇုန်နားရောက်ရှိလို့နေတဲ့ ဂျီနိုအာအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပြီး ပထမပိုင်းမှာ ဂိုးရဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ သွင်းဂိုးတွေများစွာ ပိုင်ဆိုင်ခဲ့ပြီး (၁)ဂိုး(၃)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းကတော့ လာမယ့်ရာသီ ဘာစီလိုနာကစားသမားဖြစ်လာတော့မယ့် ပီယာနစ်နဲ့အတူ ရော်နယ်ဒို ဒီဘာလား ဘာနာဒက်စကီး ရာဘီအော့ ဘန်တန်ကာ ဘနူချီ ကွာဒရာဒို ဒန်နီလို ဒီလစ် ရှက်ဇနီတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂျီနိုအာက တန်းဆင်းဇုန်ထဲမှာ ရှိနေတဲ့အသင်းဆိုပေမယ့် သူတို့အိမ်ကွင်းမှာ ဂျုဗင်တပ်စ်ကို ဧည့်ခံကစားလေ့ရှိတိုင်း ဒုက္ခပေးတတ်လေ့ရှိတဲ့ အစဉ်အလာကိုတော့ ဆက်လက်ထိန်းသိမ်းသွားခဲ့သလို ပိုဆိုးတာကတော့ ဂျုဗင်တပ်စ်ကနေ ဂျီနိုအာအသင်းဆီမှာ အငှားနဲ့လာကစားနေတဲ့ ဂိုးသမားပါရင်ကိုယ်တိုင်ကပါ လက်စွမ်းပြခဲ့ပြီး ရော်နယ်ဒိုရဲ့အဝေးကန်ချက်နဲ့ ရာဘီအော့ရဲ့ အနီးကပ်ခေါင်းတိုက်မှုတွေကို ကာကွယ်သွားခဲ့ပါတယ်။ ပထမပိုင်းတစ်ပိုင်းလုံးမှာတော့ ဂျုဗင်တပ်စ်အသင်း တိုက်စစ်ဆင်ကစားနေတာကိုပဲ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ ဂိုးရဖို့ရုန်းကန်နေရတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒုတိယပိုင်းပွဲကစားချိန် မိနစ်(၅၀)မှာတော့ ဒီနောက်ပိုင်းပွဲတွေမှာ အသင်းအတွက် သွင်းဂိုးတွေမှန်မှန်ရယူပေးနေတဲ့ ဒီဘားလားရဲ့ဂိုးကို ပွဲကိုစတင်ဦးဆောင်လာခဲ့ပါတယ်။ (၆)မိနစ်အကြာမှာလည်း အသင်းရဲ့ဂိုးသွင်းစက် ရော်နယ်ဒိုက သူရဲ့အကောင်းဆုံး အဆုံးသတ်ကန်ချက်နဲ့ အသင်းအတွက် ဒုတိယဂိုးကို ထပ်မံပိုင်ဆိုင်စေခဲ့ပါတယ်။ ပွဲချိန်(၇၃)မိနစ်မှာ လူစားဝင်လှတဲ့ ဒေါက်ဂလက်ကော်စတာ လှပတဲ့ဘယ်ခြေကန်ချက်နဲ့ တတိယဂိုး ထပ်မံရယူနိုင်ခဲ့ပါတယ်။ အိမ်ရှင်အသင်းက (၇၆)မိနစ်မှာ ချေပဂိုးတစ်ဂိုး ရယူခဲ့ပေမယ့်လည်း ဂျုဗင်တပ်စ်ကပဲ အနိုင်ရလဒ်ကို ထိန်းသိမ်းပြီး ကစားသွားနိုင်ခဲ့ပါတယ်။