ပြီးခဲ့တဲ့ စီးရီးအေပွဲစဉ်(၂၁)မှာ နာပိုလီအသင်းကို အရေးနိမ့်ပြီး အင်တာမီလန်အသင်းနဲ့ ရမှတ်ကွာဟချက်က ပြန်လည်နီးကပ်သွားခဲ့ရတဲ့ပြန်တဲ့ ဂျုဗင်တပ်စ်အသင်းဟာ ဒီနေ့မှာတော့ စီးရီးအေပွဲစဉ်(၂၂)အဖြစ် နောက်ပိုင်းပွဲတွေမှာ ပုံစံကောင်းပြသပြီး ရလဒ်တွေကောင်းနေသလို အိမ်ကွင်းမှာ ဆုံတုန်းကလည်း ဂျုဗီကို သရေကျအောင် ကစားထားနိုင်ခဲ့တဲ့ ဖီအိုရင်တီးနားအသင်းနဲ့ ဆုံတွေ့ခဲ့ရပြီး ရော်နယ်ဒိုရဲ့ပင်နယ်တီသွင်းဂိုးတွေနဲ့အတူ ၃ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Images

အိမ်ရှင်ဂျုဗင်တပ်စ်အသင်းက ဒီပွဲစဉ်မှာ ၄-၃-၃ ကစားကွက်နဲ့ပဲ ပွဲထွက်လာခဲ့ပြီး ရော်နယ်ဒို ဟီဂွာအင် ကော်စတာ ဘန်တန်ကာ ပီယာနစ် ရာဘီအော့ ကွာဒရာဒို ဘနူခှ ဒီလစ် ဆန်ဒရို ရှက်ဇ်နီတို့ကို အသုံးပြုလာခဲ့ပြီး ဒီဘားလား ရမ်ဆေး မာတွီဒီတို့ကိုတော့ အရန်မှာထားခဲ့ပါတယ်။ ဧည့်သည် ဖီအိုရင်တီးနားအသင်းကလည်း ချီယေဇာ ကူထရိုနီ ဒိုးလ်ဘတ်တို့လို အမာခံကစားသမားတွေနဲ့ ပွဲဲထွက်လာခဲ့ကာ ခံစစ်ပိုင်းကို အကျစ်လစ်ဆုံးပုံစံဖြစ်နေအောင် ပြင်ဆင်လာခဲ့ပါတယ်။ ခံစစ်၃ယောက်တန်းနဲ့ ပွဲထွက်လာတဲ့ ဖီအိုရင်တီးနားက အိမ်ရှင်တိုက်စစ်ကို အခွင့်အရေးမရအောင် ပထမပိုင်းပွဲချိန်တော်တော်များများမှာ ထိန်းချုပ်ထားနိုင်ခဲ့လို့ ရော်နယ်ဒိုနဲ့ ဟီဂွာအင်တို့ ဘာမှမယ်မယ်ရရ ကန်သွင်းခွင့်တွေ မရှိခဲ့ပေမယ့် ချီယေဇာ ကူထရိုနီတို့ရဲ့တန့်ပြန်တိုက်စစ်တွေကတောင် ပိုပြီးထိရောက်နေခဲ့ပါတယ်။ ဒါပေမယ့် ၃၈မိနစ်ခန့်မှာ ပီယာနစ်ရဲ့ကန်ချက်ကို ဟန့်တားရင်း ဖီအိုရင်တီးနား အသင်းခေါင်းဆောင် ပက်ဇယ်လာ လက်ထိသွားခဲ့လို့ ပင်နယ်တီကန်ခွင့်ရခဲ့ပြီး ရော်နယ်ဒိုကပဲ သူရဲ့စီးရီးအေ ၉ပွဲဆက်သွင်းဂိုးအဖြစ် ရယူနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

sပထမပိုင်းမှာ အခွင့်အရေးတွေ သိပ်မရခဲ့ပေမယ့်လည်း ပင်နယ်တီသွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တဲ့ ဂျုဗင်တပ်စ်အသင်းက ဒုတိယပိုင်းပြန်စတင်ချိန်မှာ ပွဲကိုထိန်းကစားလာခဲ့လို့ ဖီအိုရင်တီးနားအတွက် အခွင့်အရေးတွေ ရလာခဲ့ပေမယ့်လည်း အသုံးမချနိုင်ခဲ့ပါဘူး။ ပွဲချိန် ၆၇မိနစ်မှာ ဂျုဗင်တပ်စ်က ဟီဂွာအင်အစား ဒီဘားလားကို လဲလိုက်ရမှာတော့ ဂျုဗင်တပ်စ်ရဲ့တိုက်စစ်က ပြန်လည်အလုပ်ဖြစ်လာခဲ့ရပြီး ခြိမ်းခြောက်မှုတွေ ပြန်လည်လုပ်ဆောင်လာခဲ့ပါတယ်။ ဒီလိုနဲ့ ရ၈မိနစ်အရောက်မှာတော့ ဘန်တန်ကာရဲ့ဘောလုံးဆွဲယူလာမှုကို ဖီအိုရင်တီးနားအသင်းသား ဟန့်တားရမှာ ကြမ်းတမ်းတယ်ဆိုပြီး နောက်ထပ်ပင်နယ်တီကန်ခွင့် သတ်မှတ်ပေးခဲ့ရာ ရော်နယ်ဒိုကပဲ အမှားအယွင်းမရှိ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။ ပွဲပြီးဆုံးခါနီးမှာလည်း နောက်ခံကစားသမား ဒီလစ်က ထောင့်ကန်ဘောကနေတစ်ဆင့် လွတ်လွတ်ကျွတ်ကျွတ် ခေါင်းတိုက်ပြီး ပွဲသိမ်းအနိုင်ဂိုးကို သွင်းယူဖြစ်ခဲဲ့ပါတယ်။