MySport Myanmar

အသင်းရဲ့ ပစ်မှတ်ဟောင်းကို တစ်ကျော့ပြန် စိတ်ဝင်စားလာခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အသင်းရဲ့ ပစ်မှတ်ဟောင်း ကစားသမားဖြစ်သူ အီတလီ ကွင်းလယ်လူ မာနူရယ်လိုကာတယ်လီကို ပြန်လည် စိတ်ဝင်စားလာခဲ့ပြန်ပြီး ဂျုဗင်တပ်စ်အသင်းဘက်ကလည်း လာမယ့် ဆောင်းစျေးကွက်မှာပဲ လိုကာတယ်လီကို အသင်းကနေ ရောင်းထုတ်သွားဖို့ပါ ပြင်ဆင်နေတယ်လို့လည်း အီတလီသတင်းမီဒီယာတွေက ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Juventus

အာဆင်နယ်အသင်းဟာ အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား လိုကာတယ်လီကို ဆာဆူအိုလိုအသင်းမှာ ပါဝင်ကစားနေစဉ်ကတည်းက ခေါ်ယူချင်ခဲ့တာ ဖြစ်ပေမယ့်လည်း ကစားသမားကိုယ်တိုင်ကတော့ စီးရီးအေရဲ့ အင်အားကြီးကလပ် ဂျုဗင်တပ်စ်ကိုပဲ ရွေးချယ်သွားခဲ့ပါတယ်။ ဂျုဗင်တပ်စ်က လိုကာတယ်လီကို (၂)ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပြီး ပေါင်သန်း(၃၀)နဲ့ အပြီးသတ် ခေါ်ယူခွင့်ပါ ထည့်သွင်းထားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဂျုဗင်တပ်စ်ဘက်က ဒီကစားသမားကို အသင်းမှာ ဆက်လက် ထားရှိဖို့ထက် လက်လွတ်သွားဖို့သာ ဆန္ဒရှိနေတာကြောင့် အာဆင်နယ်အနေနဲ့ လိုကာတယ်လီကို နောက်တစ်ကြိမ် ထပ်မံ ကြိုးပမ်းဖွယ်ပါ ရှိနိုင်ပါတယ်။

Photo Credit : Liga Olahraga

အသက်(၂၄)နှစ်အရွယ် ကွင်းလယ်ခံစစ် ကစားသမား လိုကာတယ်လီဟာ ဂျုဗင်တပ်စ်အသင်းရဲ့ ပွဲထွက်ကစားသမားတစ်ဦး ဆိုပေမယ့်လည်း ဂျုဗင်တပ်စ်နည်းပြ အယ်လီဂရီကတော့ လက်ရှိမှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပေါလ်ပေါ့ဘာသာ ပြန်လည် သက်သာလာခဲ့မယ်ဆိုရင် အသင်းရဲ့ ကွင်းလယ်မှာ ပေါ့ဘာကို နေရာပေးပြီး လိုကာတယ်လီကို လူစာရင်းကနေ ချန်လှပ်သွားဖို့အထိပါ အစီအစဉ် ရှိနေပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေရတဲ့ လိုကာတယ်လီကို အာဆင်နယ်နည်းပြ အာတီတာက စိတ်ဝင်စားလို့နေပြီး နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာကတည်းက ကွင်းလယ်ပိုင်း အားဖြည့်ဖို့အတွက် ကျန်ရစ်နေခဲ့တာကြောင့် ကွင်းလယ်ခံစစ်ရော central-midfield နေရာမှာပါ ကစားတတ်သူ လိုကာတယ်လီလို ကွင်းလယ်လူကို ကြိုးပမ်းလာဖွယ် ရှိနိုင်ပါတယ်။ နွေဈေးကွက်တုန်းက တီလေမန်းစ် ဒူးကလပ်စ်လူးဝစ်ဇ်တို့ကို ပစ်မှတ်ထားခဲ့တဲ့ အာဆင်နယ်အသင်းဟာ လက်ရှိမှာ သူတို့ရဲ့ ပစ်မှတ်ဟောင်းကို ထပ်မံ ကြိုးပမ်းသွားဖို့ အခွင့်အရေး ရရှိလာဖွယ် ရှိနေပေမယ့် လိုကာတယ်လီကို ခေါ်ယူဖို့ကတော့ ဆာဆူအိုလိုနဲ့ ဂျုဗင်တပ်စ်အသင်းတို့ကြားမှာ ရှင်းရှင်းလင်းလင်း အပြောင်းအရွှေ့မျိုး ရှိမထားသေးတာကြောင့် အနည်းငယ် ရှုပ်ထွေးနိုင်ဖွယ် ရှိပါတယ်။

Exit mobile version