စီးရီးအေ အင်အားကြီး အသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်း ကတော့ စီးရီးအေမှာ တောက်ပလာတဲ့ ကစားသမားတွေကို ခေါ်ယူလေ့ ရှိတဲ့ သူတို့အသင်းရဲ့ ထုံးစံအတိုင်းပဲ ဖီအိုရင်တီးနား အသင်းရဲ့ အသက် ၂၂နှစ် လူငယ် တောင်ပံ ကစားသမား ချီယေဆာကို ခေါ်ယူဖို့ သဘော တူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၂နှစ် အရွယ် တောင်ပံ ကစားသမား ချီယေဆာ ဟာ ဖီအိုရင်တီးနား အသင်းကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အနာဂတ်မှာ အီတလီ လက်ရွေးစင် အသင်းရဲ့ အဓိက တောင်ပံ ကစားသမား ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ် ခံထားရသလို လက်ရှိ ဘောလုံးရာသီမှာလည်း ဖီအိုရင်တီးနား အသင်း အတွက် စီးရီးအေပွဲစဉ် ၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူ ထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁ကြိမ်လည်း ပြုလုပ် ထားနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အီတလီ နာမည်ကြီး သတင်းဌာနတွေရဲ့ အဆိုအရ ဂျူဗင်တပ်အသင်းဟာ ချီယေဆာကို တစ်ရာသီ အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ဖီအိုရင်တီးနား အသင်းနဲ့ သဘော တူညီမှု ရရှိခဲ့ပြီး ချီယေဆာဟာ ယနေ့မှာပဲ တူရင်မြို့ကို သွားရောက်ကာ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ချီယေဆာဟာ သူ့ရဲ့ ကစားသမားဘဝမှာ ဖီအိုရင်တီးနား အသင်းအတွက် ပြိုင်ပွဲစုံမှာ ၁၅၃ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၃၄ဂိုး သွင်းယူ ပေးထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၂၅ကြိမ်အထိ ပြုလုပ် ပေးထားနိုင်သူ ဖြစ်တာကြောင့် ဖီအိုရင်တီးနား အသင်းရဲ့ အသက်သွေးကြော လို့ ဆိုရင်လည်း မမှားမယ့် ကစားသမား တစ်ဦးပါ။

Photo Credit: Standard

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ ဂျူဗင်တပ် အသင်းဟာ ချီယေဆာကို တစ်ရာသီ အငှား + ရာသီကုန်မှာ ယူရို ၅၀သန်းနဲ့ မဖြစ်မနေ ခေါ်ယူခွင့်နဲ့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ် လို့ သိထား ရပါတယ်။ အဆိုပါ သတင်းတွေ အပေါ် နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano က အတည်ပြု ပေးထားပြီး ချီယေဆာဟာ ဂျူဗင်တပ်အသင်းနဲ့ ဆေးစစ်မှု လုပ်ဆောင်တော့မှာ ဖြစ်ကာ ၂၀၂၅ ခုနှစ် အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ် ချုပ်ဆိုသွားမှာ ဖြစ်ကြောင်းလည်း Romano က ဆိုပါတယ်။ ဆက်စပ် သတင်းတွေ အရတော့ ဂျူဗင်တပ်အသင်းရဲ့ နောက်ခံလူတွေ ဖြစ်တဲ့ ရူဂါနီနဲ့ ဒီဆစ်ဂလီယိုတို့ဟာ အသင်းကနေ ထွက်ခွာဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။