ယခုႏွစ္ စီးရီးေအခ်န္ပီယံဆုကို အရယူဖို႔အတြက္ အင္တာမီလန္အသင္းနဲ႔ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ေနရတဲ့ ဂ်ဴဗင္တပ္အသင္းကေတာ့ နာပိုလီအသင္းနဲ႔ အင္တာမီလန္အသင္းတို႔ရဲ့ ပြဲစဥ္မတိုင္မီမွာ ကစားရတဲ့ ကက္ဂလီယာရီအသင္းနဲ႔ ပြဲစဥ္မွာေတာ့ တိုက္စစ္မွူး စီရိုနယ္ဒိုရဲ့ ေျခစြမ္းျပမွုနဲ႔အတူ ေလးဂိုး ဂိုးမရွိဆိုတဲ့ ရလဒ္နဲ႔ ဂိုးျပတ္အနိုင္ရခဲ့ကာ အမွတ္ေပးဇယားရဲ့ အဆင့္တစ္ေနရာကို ယာယီတက္လွမ္းသြားနိုင္ခဲ့ပါတယ္။

Photo Credit: Gazetta.com

 

ကစားပုံမာေက်ာတဲ့ ကက္ဂလီယာရီအသင္းကို အိမ္ကြင္းမွာ လက္ခံကစားရတဲ့ ပြဲစဥ္မွာ ဂ်ဴဗင္တပ္အသင္းဟာ အနိုင္ရလဒ္ရရွိဖို႔အတြက္ အနည္းငယ္ ႐ုန္းကန္ခဲ့ရၿပီး ပထမပိုင္းအၿပီးမွာေတာ့ ဂိုးမရွိ သေရရလဒ္သာ ထြက္ေပၚခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ဂ်ဴဗင္တပ္အသင္းဟာ ကက္ဂလီယာရီအသင္းကို ပိုမိုဖိအားေပး ကစားလာခဲ့ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ၿပီး မၾကာမီမွာပဲ ရိုနယ္ဒိုက ကက္ဂလီယာရီေနာက္ခံလူေတြရဲ့ အမွားကေန ဦးေဆာင္ဂိုးကို ပြဲကစားခ်ိန္ ၄၉မိနစ္မွာပဲ သြင္းယူေပးခဲ့ပါတယ္။

Photo Credit: Gazetta.com

 

အဲ့ဒီေနာက္ ဂ်ဴဗင္တပ္အသင္းအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကိုေတာ့ ရိုနယ္ဒိုကပဲ ပြဲကစားခ်ိန္ ၆၇မိနစ္မွာ ပင္နယ္တီကေနတဆင့္ သြင္းယူေပးခဲ့ၿပီး တတိယဦးေဆာင္ဂိုးကို တန္ျပန္တိုက္စစ္ကေနတဆင့္ ပြဲကစားခ်ိန္ ၈၁မိနစ္မွာ ရိုနယ္ဒိုရဲ့ေပးပို႔မွုကေန ဟီဂူအင္က သြင္းယူခဲ့တာပါ။ ပြဲသိမ္းဂိုးကိုေတာ့ ဟီဂူအင္ရဲ့ သြင္းဂိုးနဲ႔ တစ္မိနစ္သာ ကြာဟခဲ့တဲ့ ၈၂မိနစ္မွာ ရိုနယ္ဒိုက ေဒါက္ဂလပ္ေကာ္စတာရဲ့ ေပးပို႔မွုမွ ဟက္ထရစ္ျဖစ္ေစမယ့္ သြင္းဂိုးအျဖစ္ သြင္းယူေပးခဲ့တာပဲ ျဖစ္ပါတယ္။

Photo Credit: Gazetta.com

ယခုပြဲစဥ္မွာ ဟက္ထရစ္ရရွိခဲ့တာေၾကာင့္ ရိုနယ္ဒိုရဲ့ လက္ရွိရာသီ စီးရီးေအသြင္းဂိုးဟာ ၁၃ဂိုးအထိ ရွိလာခဲ့ၿပီး သူဟာ စီးရီးေအ ဂိုးသြင္းဘုရင္ဆုကို ရယူဖို႔အတြက္ အခြင့္အေရး ပိုမိုေကာင္းမြန္လာခဲ့ပါတယ္​။ စီးရီးေအၿပိဳင္ပြဲရဲ့ လက္ရွိ ဂိုးသြင္းအမ်ားဆုံး ကစားသမားဟာ အမ္မိုဘိုင္းလီျဖစ္ၿပီး သူဟာ သြင္းဂိုး ၁၉ဂိုးအထိ သြင္းယူထားနိုင္ခဲ့ပါတယ္။

ယခုနှစ် စီးရီးအေချန်ပီယံဆုကို အရယူဖို့အတွက် အင်တာမီလန်အသင်းနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်နေရတဲ့ ဂျူဗင်တပ်အသင်းကတော့ နာပိုလီအသင်းနဲ့ အင်တာမီလန်အသင်းတို့ရဲ့ ပွဲစဉ်မတိုင်မီမှာ ကစားရတဲ့ ကက်ဂလီယာရီအသင်းနဲ့ ပွဲစဉ်မှာတော့ တိုက်စစ်မှူး စီရိုနယ်ဒိုရဲ့ ခြေစွမ်းပြမှုနဲ့အတူ လေးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်အနိုင်ရခဲ့ကာ အမှတ်ပေးဇယားရဲ့ အဆင့်တစ်နေရာကို ယာယီတက်လှမ်းသွားနိုင်ခဲ့ပါတယ်။

Photo Credit: Gazetta.com

ကစားပုံမာကျောတဲ့ ကက်ဂလီယာရီအသင်းကို အိမ်ကွင်းမှာ လက်ခံကစားရတဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဟာ အနိုင်ရလဒ်ရရှိဖို့အတွက် အနည်းငယ် ရုန်းကန်ခဲ့ရပြီး ပထမပိုင်းအပြီးမှာတော့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဂျူဗင်တပ်အသင်းဟာ ကက်ဂလီယာရီအသင်းကို ပိုမိုဖိအားပေး ကစားလာခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ပြီး မကြာမီမှာပဲ ရိုနယ်ဒိုက ကက်ဂလီယာရီနောက်ခံလူတွေရဲ့ အမှားကနေ ဦးဆောင်ဂိုးကို ပွဲကစားချိန် ၄၉မိနစ်မှာပဲ သွင်းယူပေးခဲ့ပါတယ်။

Photo Credit: Gazetta.com

အဲ့ဒီနောက် ဂျူဗင်တပ်အသင်းအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကိုတော့ ရိုနယ်ဒိုကပဲ ပွဲကစားချိန် ၆၇မိနစ်မှာ ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပြီး တတိယဦးဆောင်ဂိုးကို တန်ပြန်တိုက်စစ်ကနေတဆင့် ပွဲကစားချိန် ၈၁မိနစ်မှာ ရိုနယ်ဒိုရဲ့ပေးပို့မှုကနေ ဟီဂူအင်က သွင်းယူခဲ့တာပါ။ ပွဲသိမ်းဂိုးကိုတော့ ဟီဂူအင်ရဲ့ သွင်းဂိုးနဲ့ တစ်မိနစ်သာ ကွာဟခဲ့တဲ့ ၈၂မိနစ်မှာ ရိုနယ်ဒိုက ဒေါက်ဂလပ်ကော်စတာရဲ့ ပေးပို့မှုမှ ဟက်ထရစ်ဖြစ်စေမယ့် သွင်းဂိုးအဖြစ် သွင်းယူပေးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Gazetta.com

ယခုပွဲစဉ်မှာ ဟက်ထရစ်ရရှိခဲ့တာကြောင့် ရိုနယ်ဒိုရဲ့ လက်ရှိရာသီ စီးရီးအေသွင်းဂိုးဟာ ၁၃ဂိုးအထိ ရှိလာခဲ့ပြီး သူဟာ စီးရီးအေ ဂိုးသွင်းဘုရင်ဆုကို ရယူဖို့အတွက် အခွင့်အရေး ပိုမိုကောင်းမွန်လာခဲ့ပါတယ်​။ စီးရီးအေပြိုင်ပွဲရဲ့ လက်ရှိ ဂိုးသွင်းအများဆုံး ကစားသမားဟာ အမ်မိုဘိုင်းလီဖြစ်ပြီး သူဟာ သွင်းဂိုး ၁၉ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။