အသင်းရဲ့ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ပေါ်လိုဒီဘားလားနဲ့ အဲလ်ဗာရိုမိုရာတာတို့နှစ်ဦးကို လက်လွတ်ထားခဲ့ရတဲ့ ဂျုဗင်တပ်စ်အသင်းဟာ လက်ရှိမှာ အသင်းတိုက်စစ်ပိုင်းကို ပြန်လည်ဖြည့်တင်းဖို့ လိုအပ်နေပြီး လတ်တလောမှာတော့ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်မှူး ရောဘတ်တိုဖေမီနိုကို အလိုရှိနေပြီး ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းဖို့ထက် အသင်းရဲ့ ကွင်းလယ်ကစာသမား အက်ဒရီယန်ရာဘီယူနဲ့သာ ကစားသမားချင်း အလဲအလှယ် ပြုလုပ်သွားချင်နေပါတယ်။

Chelsea have been handed a boost ahead of their UEFA Champions League clash with Juventus as Argentinian Paulo Dybala has been ruled out of the match due to injury. - Sports Illustrated

Photo Credit : Sports Illustrated

ဂျုဗင်တပ်စ်အသင်းဟာ တိုက်စစ်ပိုင်းက ဒီဘားလားနဲ့ ဘာနာဒက်စကီးတို့ သူတို့ရဲ့ စာချုပ်အသီးသီး ကုန်ဆုံးသွားခဲ့တာကြောင့် အသင်းကနေ free transfer နဲ့ လက်လွတ်ထားခဲ့ရသလို အသက်လက်တီကိုကနေ (၂)ရာသီအငှားနဲ့ ခေါ်ယူထားတဲ့ မိုရာတာကိုလည်း အပြီးသတ် မခေါ်ယူနိုင်ခဲ့ပဲ အသက်လက်တီကိုဆီသာ ပြန်လွတ်ခဲ့ရပါတယ်။ ဒါ့အပြင် အသင်းရဲ့ အားအထားရဆုံး ကစားသမားဖြစ်သူ ခီယေဇာဟာလည်း လက်ရှိမှာ ဒဏ်ရာပြသာနာကြောင့် အနားယူနေရတာကြောင့် တိုက်စစ်ပိုင်းကို မဖြစ်မနေ အားဖြည့်ဖို့ လိုအပ်နေပြီး လတ်တလောမှာ အီကာဒီ ဖေမီနိုတို့လို ထိပ်တန်းတိုက်စစ်ကစားသမားတွေကို ပစ်မှတ်ထားလို့နေပါတယ်။

Liverpool & Juventus tipped for surprise player exchange deal

Photo Credit : 101 Great Goals

လီဗာပူးလ်အသင်းရဲ့ ဘရာဇီးလ် တိုက်စစ်ကစားသမား ရောဘတ်တိုဖေမီနိုဟာ မိုဟာမက်ဆာလာ ဆာဒီယိုမာနေးတို့နဲ့အတူ တွဲဖက်ပြီး လီဗာပူးလ် တိုက်စစ်(၃)ယောက်တန်းမှာ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ လီဗာပူးလ်က ဘင်ဖီကာအသင်းရဲ့ ဥရုဂွေး အထောင်တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်ကို ခေါ်ယူထားခဲ့တဲ့အပြင် အသင်းရဲ့ တိုက်စစ်မှာလည်း မိုဆာလာ ဒီယက်ဇ် ဂျိုတာတို့လို ကစားသမားကောင်းတွေလည်း ရှိနေတဲ့အတွက် ပုံမှန်ကစားခွင့်တွေ နည်းပါးလာနိုင်တဲ့ ဖေမီနိုဟာ သူရဲ့အနာဂတ် အခြေအနေတွေအပေါ် စဉ်းစားလာနိုင်ဖွယ် ရှိနေပါတယ်။ ၂၀၁၅ခုနှစ်ကမှ ဘွန်ဒစ်လီဂါကလပ် ဟော်ဖန်ဟင်မ်အသင်းကနေ လီဗာပူးလ်အသင်းဆီ ရောက်ရှိလာခဲ့တဲ့ ဖေမီနိုဟာ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့ပြီး လီဗာပူးလ်ဘက်က အသက်(၃၀)အရွယ် ရှိပြီဖြစ်တဲ့ ဖေမီနိုကို စာချုပ်သစ် ကမ်းလှမ်းဖွယ် မရှိနိုင်တာကြောင့် ဒီအခြေအနေကို ဂျုဗင်တပ်စ်ဘက်ကနေ အသုံးချသွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ ဖေမီနိုကို ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းသွားဖို့ထက် ကွင်းလယ်ပိုင်း အားဖြည့်ဖို့ လိုအပ်နေတဲ့ လီဗာပူးလ်အတွက် ကွင်းလယ်လူ ရာဘီယူကို ဖေမီနိုနဲ့ ကစားသမားချင်း အလဲအလှယ် ပြုလုပ်သွားဖို့ကိုသာ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။