MySport Myanmar

ဒီလစ်အတွက် ချယ်လ်ဆီးရဲ့ ကမ်းလှမ်းချက်ကို ဂျုဗင်တပ်စ်ဘက်က ပယ်ချခဲ့

ဒီနှစ် နွေဈေးကွက်ထဲမှာ ကစားသမားသစ် ခေါ်ယူထားခြင်း မရှိသေးပဲ နောက်ခံလူတွေ အပါအဝင် ကစားသမားတချို့နဲ့ လက်တွဲဖြုတ်ထားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဂျုဗင်တပ်စ်နောက်ခံလူ ဒီလစ်ကို ခေါ်ယူသွားချင်နေပြီး ဒီလစ်အတွက်ကိုလည်း ပြောင်းရွှေ့ကြေး ပေါင်(၃၄)သန်းအပြင် တီမိုဗာနာ ဒါမှမဟုတ် ခရစ္စတီယန်ပူလီဆစ် တစ်ဦးဦးကိုပါ အလိုက်ပေး ကမ်းလှမ်းခဲ့ရာ ဒီကမ်းလှမ်းချက်ကို ဂျုဗင်တပ်စ်ဘက်က ပယ်ချသွားခဲ့ပါတယ်။

Photo Credit : The Sun

ရူဒီဂါ ခရစ္စတန်ဆန်တို့လို အဓိကနောက်ခံလူတွေကို ပြောင်းရွှေ့ကြေးတောင် မပါဝင်ပဲ လက်လွတ်ထားခဲ့ရတဲ့ ချယ်လ်ဆီးအသင်းဟာ ခံစစ်ပိုင်းအတွက် ကစားသမားသစ် ဖြည့်တင်းသွားဖို့က မဖြစ်မနေကို လိုအပ်နေတာဖြစ်ပြီး လက်ရှိမှာလည်း နယ်သာလန် နောက်ခံလူ ဒီလစ်ကို main target အဖြစ် သတ်မှတ်နေတာ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူ ဒီလစ်ဟာ လာမယ့်ရာသီ ဂျုဗင်တပ်စ်မှာ ချီလီနီ မရှိတော့တာကြောင့် အသင်းရဲ့ ခံစစ်ပိုင်းအတွက် ဘနူချီနဲ့အတူ တွဲဖက်ပြီး အဓိက ခံစစ်အတွဲအဖက်အဖြစ် ပွဲထွက်လာရနိုင်ဖို့ ရှိနေရပါတယ်။

Photo Credit : The Guardian

ဒီလို အခြေအနေ ရှိနေတဲ့ ဒီလစ်ကို ခံစစ်ကစားသမား ဖြည့်တင်းဖို့ လိုအပ်နေတဲ့ ချယ်လ်ဆီးအသင်းက ခေါ်ယူသွားချင်နေပြီး ပြောင်းရွှေ့ကြေး အပါအဝင် အသင်းက ကစားသမားတစ်ဦးဦးကိုပါ အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ထည့်သွင်းကမ်းလှမ်းဖို့ပါ စီစဉ်နေတာ ဖြစ်ပါတယ်။ တကယ်တမ်းမှာလည်း ချယ်လ်ဆီးအသင်းဟာ ဒီလစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၃၄)သန်း အပါအဝင် တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဗာနာ ပူလီဆစ် တစ်ဦးဦးကို အလိုက်ပေး ကမ်းလှမ်းမှု ပြုလုပ်ခဲ့ရာ ဈေးကွက်အတွင်း တိုက်စစ်ကစားသမားတွေ ရှာဖွေနေတဲ့ ဂျုဗင်တပ်စ်က ချယ်လ်ဆီးရဲ့ တိုက်စစ်ကစားသမား တစ်ဦးဦး အလိုက်ပေး ကမ်းလှမ်းချက်အပေါ် ပယ်ချသွားခဲ့ပါတယ်။ ဂျုဗင်တပ်စ်အသင်းဘက်က ချီလီနီ ထွက်ခွာသွားချိန် ဒီလစ်ကိုပါ လက်လွတ်သွားဖို့က မဖြစ်နိုင်သလောက် ရှိနေရသလို မဖြစ်မနေ ရောင်းချသွားရမယ်ဆိုရင်တောင် ဒီလစ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၈၆)သန်းလောက်အထိ အလိုရှိနေပါတယ်။ ဒီလို အခြေအနေမှာ ချယ်လ်ဆီးအနေနဲ့ ဒီလစ်ကို ခေါ်ယူနိုင်ရေးအတွက် နောက်ထပ် ကမ်းလှမ်းမှု ပုံစံတစ်မျိုးနဲ့ ထပ်မံကမ်းလှမ်းလာမလား တခြားသော ခံစစ်ကစားသမားတွေကိုပဲ ပြောင်းလဲကမ်းလှမ်းသွားမလားဆိုတာက မသေမချာ ဖြစ်နေရပါတယ်။

Exit mobile version