စီးရီးအေထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်းဟာ လာမယ့်နွေမှာ ရီးယဲလ်မက်ဒရစ်အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေတဲ့ စပိန်ကွင်းလယ်တိုက်စစ်ကစားသမား မားကိုအဆန်စီယိုကို ခေါ်ယူသွားဖို့ စီစဉ်နေပြီး ရီးယဲလ်အသင်းကလည်း သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေးအဖြစ် ယူရိုသန်း(၃၀)လောက်အထိကို အလိုရှိနေတယ်လို့ စပိန်မီဒီယာတွေကနေ ဖော်ပြသွားခဲ့ပါတယ်။

Real Madrid: The pros and cons of renewing Marco Asensio's contract

Photo Credit : The Real Champs

အသက်(၂၆)နှစ်အရွှယ် စပိန်ကစားသမား အဆန်စီယိုဟာ ၂၀၁၄ခုနှစ်ကတည်းက မာယော့ကာအသင်းကနေ ရီးယဲလ်ကို ရောက်ရှိနေတာဖြစ်ပြီး အသင်းဟောင်း မာယော့ကာနဲ့ အက်စပန်ညိုအသင်းတွေမှာ (၂)နှစ် အငှားနဲ့ သွားရောက်ကစားခဲ့ရပြီးချိန်မှာ ရီးယဲလ်အတွက် စတင်ကစားခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒဏ်ရာပြသာနာတွေကြောင့် ကာလရှည်ကြာ အနားယူရမှုတွေကနေ သူရဲ့ခြေစွမ်းပိုင်း မတည်ငြိမ်လာခဲ့ရသလို ရီးယဲလ်အသင်းကလည်း လာမယ့်ရာသီမှာ အင်အားဖြည့်တင်းမှုတွေ ကြီးကြီးမားမား လုပ်ဆောင်မှာဖြစ်လို့ အသင်းစရိတ် တောင့်တင်းနေဖို့အတွက် အဆန်စီယိုကို ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။

From Spain: Milan want Real Madrid's Asensio next summer as agent Brahim  gets to work

Photo Credit : Sempre Milan

ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်က သူတို့အသင်းရဲ့ စပိန်လက်ရွေးစင် ကစားသမား အဆန်စီယိုကို အသင်းကနေ ရောင်းထုတ်မှာ ဖြစ်ပေမယ့်လည်း ခေါ်ယူချင်တဲ့ ကလပ်အသင်းတွေအနေနဲ့ အဆန်စီယိုအတွက် အနိမ့်ဆုံး ယူရိုသန်း(၃၀)နဲ့ ကမ်းလှမ်းမှသာ ကမ်းလှမ်းမှုအပေါ် လက်ခံစဉ်းစားသွားမယ်လို့လည်း သိရပါတယ်။ ဒီလို အခြေအနေမျိုး ရှိနေရတဲ့ အဆန်စီယိုကို ကလပ်အသင်းများစွာက စိတ်ဝင်စားနေကြပြီး လက်ရှိအချိန်မှာတော့ ဒီအသင်းတွေထဲမှာ အဆန်စီယိုကို ခေါ်ယူဖို့အတွက် ဂျုဗင်တပ်စ်အသင်းက ထိပ်ဆုံးကနေ ဦးဆောင်နေတယ်လို့ စပိန်မီဒီယာ Defensa Central ကနေ ဖော်ပြသွားခဲ့ပါတယ်။ အဆန်စီယိုဟာ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းက ၂၀၂၃ခုနှစ်အထိသာ ကျန်ရှိနေတော့တာဖြစ်လို့ ရီးယဲလ်အသင်းဘက်က ကစားသမားနဲ့ သက်တမ်းတိုးဖို့ ဆန္ဒမရှိရင် လာမယ့်နွေမှာသာ ချက်ချင်းရောင်းထုတ်ရမှာဖြစ်လို့ အဆန်စီယိုနဲ့ လက်တွဲဖြုတ်သွားဖို့ အဆင်သင့် ဖြစ်နေသလို ဂျုဗင်တပ်စ်ဘက်ကလည်း ၂၀၂၂ခုနှစ် မတိုင်ခင်ကတည်းက သူတို့အသင်း ခေါ်ယူသွားဖို့ အလိုရှိနေတဲ့ ကစားသမားကို လာမယ့်နွေမှာ အရခေါ်ယူသွားဖို့ အသေအချာ ကြိုးပမ်းဖွယ် ရှိနေပါတယ်။