အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဂျူဗင်တပ်က သူတို့အသင်းရဲ့ အဓိက ခံစစ်မှူး ဒီလစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ချယ်လ်ဆီးဆီကနေ ပူလီဆစ်နဲ့ တီမိုဗာနာတို့ နှစ်ဦးစလုံးကို အလိုက်အဖြစ် ပြန်လိုချင်နေကြောင်း နာမည်ကြီး သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

ယခု နွေဈေးကွက် အတွင်းမှာ ရူဒီဂါနဲ့ ခရစ်တန်ဆန်တို့လို အဓိက ခံစစ်မှူး နှစ်ဦးကို ဆုံးရှုံးထားရတဲ့ ချယ်လ်ဆီးက သူတို့အသင်းရဲ့ ဗဟိုခံစစ် နေရာအတွက် ဂျူဗင်တပ် ခံစစ်မှူး ဒီလစ်ကို နံပါတ်တစ် ပစ်မှတ် အဖြစ် သတ်မှတ်ထားပြီး ဒီလစ်အတွက် ပထမဦးဆုံး အကြိမ် ကမ်းလှမ်းမှု အဖြစ် တီမိုဗာနာ + ပြောင်းရွှေ့ကြေး ယူရို ၄၅သန်းနဲ့ စတင် ကမ်းလှမ်းခဲ့ပါတယ်။

Photo Credit: The Sun

ဒါပေမယ့် ဂျူဗင်တပ်ကတော့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀၀သန်း ရှိနေတဲ့ ဒီလစ်အတွက် ချယ်လ်ဆီးရဲ့ တရားဝင် ကမ်းလှမ်းမှုကို ပယ်ချလိုက်ပြီး ဒီလစ်ကို လိုချင်ရင် စာချုပ်ဖျက်သိမ်းကြေး ယူရို ၁၀၀သန်း (သို့) သူတို့ဘက်က တောင်းဆိုမှုကို လိုက်လျောရမယ်လို့ ချယ်လ်ဆီးဆီ အကြောင်းပြန်ထားပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်က ဒီလစ်ကို ချယ်လ်ဆီးရဲ့ ကြယ်ပွင့် ကစားသမား နှစ်ဦး ဖြစ်တဲ့ တီမိုဗာနာ ၊ ပူလီဆစ်တို့ နှစ်ဦးနဲ့ အလဲအထပ် လုပ်ဖို့ စိတ်ကူးရှိနေသလို တီမိုဗာနာ + ပူလီဆစ် + ယူရို ၂၀သန်း ဝန်းကျင် ရရင် ဒီလစ်ကို ရောင်းထုတ်ဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: The Sun

ဂျူဗင်တပ်နဲ့ နီးစပ်တဲ့ သတင်းဌာန တခု ဖြစ်တဲ့ Football Italia သတင်းဌာနကလည်း ဂျူဗင်တပ်ဟာ ဒီလစ်အတွက် ပူလီဆစ်နဲ့ တီမိုဗာနာတို့ နှစ်ဦးစလုံးကို ပြန်လိုချင်နေကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး ချယ်လ်ဆီးကတော့ မကြာခင်မှာ ဒီလစ်အတွက် ဒုတိယအကြိမ်မြောက် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်ဖို့ ပြင်ဆင်နေပါတယ်။