ၿပီးခဲ့တဲ႔ ေဘာလုံးရာသီတုန္းက ေအဂ်က္စ္အသင္းနဲ႔ေရာ နယ္သာလန္လက္ေရြးစင္အသင္းမွာပါ ေျခစြမ္းေကာင္းေတြကုိ အထူးျပသႏုိင္ခဲ့ၿပီး ဒီႏွစ္ေဘာလုံးရာသီမွာေတာ့ ဂ်ဳဗင္တပ္စ္အသင္းဆီကုိ ယူရုိ၇၅သန္းနဲ႔ ေရာက္ရွိလာခဲ႔တဲ႔ လူငယ္ေနာက္ခံကစားသမားေလးဒီလစ္ဟာ ဂ်ဳဗင္တပ္စ္နည္းျပဆာရီရဲ႕ မွာၾကားခ်က္အရ ကုိယ္အေလးခ်ိန္ကုိ ေလွ်ာ့ခ်ႏုိင္ဖုိ႔အတြက္ ကာဘြန္ဟုိက္ဒရစ္ျပည့္ဝလွတဲ႔ အစားအေသာက္ေတြကုိပဲ စားသုံးေနရၿပီး ဝိတ္္ေလွ်ာ့ေနရတယ္လုိ႔ သတင္းထြက္ေပၚေနတဲ႔အေပၚ ျပန္လည္တုန္႔ျပန္ေျပာဆုိသြားခဲ႔ပါတယ္။

Photo Credit : Getty Images

အသက္၂၀ႏွစ္အရႊယ္ရွိ ဗဟုိေနာက္ခံကစားသမား ဒီလစ္ဟာ အစပုိင္းက ဂ်ဳဗင္တပ္စ္အသင္းရဲ႕ ပြဲထြက္ကစားခြင့္ေတြ နည္းပါးခဲ႔ရၿပီး အသင္းရဲ႕ ဝါရင့္ေနာက္ခံကစားသမားႀကီး ခ်ီလီနီဒဏ္ရာရသြားခ်ိန္မွာေတာ့ ဒီလစ္ဟာ ဂ်ဳဗင္တပ္စ္ခံစစ္မွာ ဘႏူခ်ီနဲ႔အတူ ပြဲထြက္ခြင့္ေတြ ျပန္လည္ပုိင္ဆုိင္လာခဲ႔ပါတယ္။ လက္ရွိမွာေတာ့ ဒီလစ္အေနနဲ႔ ကုိယ္အေလးခ်ိန္နဲ႔ပတ္သက္ၿပီး ဝိတ္ေလွ်ာ့ေနရတယ္လုိ႔ သတင္းေတြ ထြက္လာခဲ႔တဲ႔အေပၚ ဒီလစ္က “ဒီအရာေတြက တကယ့္ကုိ ၾကမ္းတမ္းလြန္းတဲ႔အရာေတြပါ။ ဒါေတြက ကြ်န္ေတာ့္အတြက္ အံ့အားသင့္စရာေတာ့ သိပ္မေကာင္းလွပါဘူး”

Photo Credit : Getty Images

“တခ်ိဳ႕ပြဲေတြမွာ ကြ်န္ေတာ္ရဲ႕ ကစားပုံက သင့္တင့္ေလ်ာက္ပတ္ေအာင္ ကစားႏုိင္ခဲ႔ေပမယ့္လည္း တခ်ိဳ႕ပရိသတ္ေတြကေတာ့ ကြ်န္ေတာ္ကစားသြားတာ မေကာင္းဘူးလုိ႔ပဲ ထင္ၾကပါတယ္။ ဒါေပမယ့္ ဒါက ထင္ျမင္ခ်က္သက္သက္ပါပဲ။ ကုိယ္တုိင္က ဒီပြဲအတြင္းမွာ တကယ္အေကာင္းဆုံးကစားျပခဲ႔သလား ဘယ္ေနရာေတြမွာ အမွားေတြက်ဴးလြန္မိခဲ႔တယ္ဆုိတာကုိပဲ နားလည္ထားဖုိ႔ လုိအပ္ပါတယ္။ ကစားသမားသစ္တုိ္င္းကေတာ့ အသင္းသစ္မွာ အထုိင္က်ဖုိ႔အတြက္ အခ်ိန္လုိအပ္ပါတယ္။ ဂ်ဳဗင္တပ္စ္မွာကလည္း ခ်ီလီနီ ဘႏူခ်ီတုိ႔လုိ ခံစစ္မွဴးေတြရွိေနတာျဖစ္လုိ႔ ကြ်န္ေတာ့္ကုိ  ေနရာခ်က္ခ်င္းေပးဖုိ႔က မလြယ္ကူပါဘူး။ ဒါေပမယ့္ ေနာက္ပုိင္းမွာေတာ့ ပုံစံတစ္မ်ိဳးနဲ႔ ကြ်န္ေတာ္ေနရာရလာခဲ႔ပါတယ္”

Photo Credit : Getty Images

“ဒီကုိေရာက္ေနခ်ိန္မွာ အဓိကသင္ယူလာမိတာကေတာ့ ကုိယ့္ကုိကုိယ္ယုံၾကည္မႈရွိေနရမယ္ဆုိတာပါပဲ။ အစပို္င္းေတြမွာ ကြ်န္ေတာ္က အမွားတစ္ခုကုိ က်ဴးလြမ္မိမွာကုိ အရမ္းစုိးရိမ္ေနတတ္တာ။ ေနာာက္ပုိင္းမွာေတာ့ ဒီစိတ္ေတြေဖ်ာက္ဖ်က္ပစ္ၿပီး ယုံၾကည္မႈေတြကို ျပန္လည္ေမြးယူခဲ႔ပါတယ္။ အမွားေတြရွိခ်င္ရွိေနဦးမယ္ ဒါေပမယ့္ အနည္းဆုံးေတာ့ ကြ်န္ေတာ္ရဲ႕ ကစားဟန္က အရင္ကထက္စာရင္ေတာ့ ပုိၿပီးေကာင္းမြန္လာတယ္လုိ႔ ခံစားလာရတယ္” လုိ႔ ဒီလစ္က ေျပာဆုိခဲ႔ပါတယ္။ ဒီလစ္ကေတာ့ ဒီရက္ပုိင္းမွာ နယ္သာလန္အသင္းနဲ႔အတူ ယူရုိ-၂၀၂၀ေျခစစ္ပြဲေတြကုိ ပါဝင္ယွဥ္ၿပိဳင္ကစားရေတာ့မွာပဲျဖစ္ပါတယ္။

(Unicode)

ဝိတ်လျှော့နေရတယ်ဆိုတဲ့ ကောလဟာလသတင်းတွေကို ပြန်လည်တုန့်ပြန်လိုက်တဲ့ ဒီလစ်

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အေဂျက်စ်အသင်းနဲ့ရော နယ်သာလန်လက်ရွေးစင်အသင်းမှာပါ ခြေစွမ်းကောင်းတွေကို အထူးပြသနိုင်ခဲ့ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ ဂျုဗင်တပ်စ်အသင်းဆီကို ယူရို၇၅သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ လူငယ်နောက်ခံကစားသမားလေးဒီလစ်ဟာ ဂျုဗင်တပ်စ်နည်းပြဆာရီရဲ့ မှာကြားချက်အရ ကိုယ်အလေးချိန်ကို လျှော့ချနိုင်ဖို့အတွက် ကာဘွန်ဟိုက်ဒရစ်ပြည့်ဝလှတဲ့ အစားအသောက်တွေကိုပဲ စားသုံးနေရပြီး ဝိတ််လျှော့နေရတယ်လို့ သတင်းထွက်ပေါ်နေတဲ့အပေါ် ပြန်လည်တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၀နှစ်အရွှယ်ရှိ ဗဟိုနောက်ခံကစားသမား ဒီလစ်ဟာ အစပိုင်းက ဂျုဗင်တပ်စ်အသင်းရဲ့ ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့ရပြီး အသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ချီလီနီဒဏ်ရာရသွားချိန်မှာတော့ ဒီလစ်ဟာ ဂျုဗင်တပ်စ်ခံစစ်မှာ ဘနူချီနဲ့အတူ ပွဲထွက်ခွင့်တွေ ပြန်လည်ပိုင်ဆိုင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီလစ်အနေနဲ့ ကိုယ်အလေးချိန်နဲ့ပတ်သက်ပြီး ဝိတ်လျှော့နေရတယ်လို့ သတင်းတွေ ထွက်လာခဲ့တဲ့အပေါ် ဒီလစ်က “ဒီအရာတွေက တကယ့်ကို ကြမ်းတမ်းလွန်းတဲ့အရာတွေပါ။ ဒါတွေက ကျွန်တော့်အတွက် အံ့အားသင့်စရာတော့ သိပ်မကောင်းလှပါဘူး”

Photo Credit : Getty Images

“တချို့ပွဲတွေမှာ ကျွန်တော်ရဲ့ ကစားပုံက သင့်တင့်လျောက်ပတ်အောင် ကစားနိုင်ခဲ့ပေမယ့်လည်း တချို့ပရိသတ်တွေကတော့ ကျွန်တော်ကစားသွားတာ မကောင်းဘူးလို့ပဲ ထင်ကြပါတယ်။ ဒါပေမယ့် ဒါက ထင်မြင်ချက်သက်သက်ပါပဲ။ ကိုယ်တိုင်က ဒီပွဲအတွင်းမှာ တကယ်အကောင်းဆုံးကစားပြခဲ့သလား ဘယ်နေရာတွေမှာ အမှားတွေကျူးလွန်မိခဲ့တယ်ဆိုတာကိုပဲ နားလည်ထားဖို့ လိုအပ်ပါတယ်။ ကစားသမားသစ်တို်င်းကတော့ အသင်းသစ်မှာ အထိုင်ကျဖို့အတွက် အချိန်လိုအပ်ပါတယ်။ ဂျုဗင်တပ်စ်မှာကလည်း ချီလီနီ ဘနူချီတို့လို ခံစစ်မှူးတွေရှိနေတာဖြစ်လို့ ကျွန်တော့်ကို  နေရာချက်ချင်းပေးဖို့က မလွယ်ကူပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ပုံစံတစ်မျိုးနဲ့ ကျွန်တော်နေရာရလာခဲ့ပါတယ်”

Photo Credit : Getty Images

“ဒီကိုရောက်နေချိန်မှာ အဓိကသင်ယူလာမိတာကတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေရမယ်ဆိုတာပါပဲ။ အစပို်င်းတွေမှာ ကျွန်တော်က အမှားတစ်ခုကို ကျူးလွမ်မိမှာကို အရမ်းစိုးရိမ်နေတတ်တာ။ နောာက်ပိုင်းမှာတော့ ဒီစိတ်တွေဖျောက်ဖျက်ပစ်ပြီး ယုံကြည်မှုတွေကို ပြန်လည်မွေးယူခဲ့ပါတယ်။ အမှားတွေရှိချင်ရှိနေဦးမယ် ဒါပေမယ့် အနည်းဆုံးတော့ ကျွန်တော်ရဲ့ ကစားဟန်က အရင်ကထက်စာရင်တော့ ပိုပြီးကောင်းမွန်လာတယ်လို့ ခံစားလာရတယ်” လို့ ဒီလစ်က ပြောဆိုခဲ့ပါတယ်။ ဒီလစ်ကတော့ ဒီရက်ပိုင်းမှာ နယ်သာလန်အသင်းနဲ့အတူ ယူရို-၂၀၂၀ခြေစစ်ပွဲတွေကို ပါဝင်ယှဉ်ပြိုင်ကစားရတော့မှာပဲဖြစ်ပါတယ်။