ဒီဘက္ေခတ္ ေဘာလုံးေလာကအတြင္းမွာ ကစားသမားေတြအတြက္ ေျပာင္းေရႊ႕ေၾကးလုံးဝသုံးစရာမလုိပဲ သူတုိ႔အလုိရွိေနတဲ႔ လစာေလးကုိသာေပးေခ်ၿပီး အလြတ္ေျပာင္းေရႊ႕ေၾကးနဲ႔ ေခၚယူတတ္ေလ့ရွိတဲ႔ ဂ်ဳဗင္တပ္စ္အသင္းဟာ ယခင္ကတည္းက ေပါ့ဘာ ပီယာလုိ အမ္မရီခ်န္တုိ႔လုိ ကစားသမားေကာင္းေတြကုိ အဲ႔ဒီလုိပုံစံအတိုင္းနဲ႔ပဲ ေခၚယူႏိုင္ခဲ့သလုိ ဒီႏွစ္မွာလည္း ရမ္ေဆး ရာဘီေအာ့တုိ႔လုိ ကြင္းလယ္ကစားသမားေကာင္းေတြကုိ အလြတ္ေျပာင္းေရႊ႔ေၾကးေတြနဲ႔ ေခၚယူႏုိင္ခဲ႔ပါတယ္။ ဒါေၾကာင့္ ဂ်ဳဗင္တပ္စ္ကုိ ေဘာလုံးေလာကရဲ႕ ေစ်းကြက္အကြ်မ္က်င္ဆုံးအသင္းလုိ႔ေတာင္ တင္စားသတ္မွတ္ႏုိင္ပါတယ္။

Photo Credit : Eurosports

ဂ်ဳဗင္တပ္စ္ရဲ႕ အဲ႔ဒီလုိ စာခ်ဳပ္သက္တမ္းကုန္ဆုံးတဲ႔ ကစားသမားေတြကုိ ေျပာင္းေရႊ႔ေၾကးအလြတ္နဲ႔ ေခၚယူေနျခင္းဟာ လာမယ့္ရာသီမွာလည္း ထုံးစံအတုိင္းပဲ ဆက္လက္ရွိေနႏုိင္ၿပီး အခုကတည္းက ဘယ္ကစားသမားကုိ ေခၚယူမလဲဆုိတာကုိပါ အေျဖထြက္ေနခဲ့ၿပီျဖစ္ပါတယ္။ ဒီကစားသမားကေတာ့ စပါးအသင္းရဲ႕ အဓိက ကြင္းလယ္တုိက္စစ္ကစားသမားျဖစ္တဲ႔ ခရစၥတီယန္အဲရစ္ဆင္ပါ။ အဲရစ္ဆင္ဟာ မႏွစ္က ေဘာလုံးရာသီေႏွာင္းပုိင္းေလာက္ကေနစၿပီး စပါးအသင္းကေန ထြက္ခြာဖုိ႔ ျပင္ဆင္ထားသူျဖစ္သလုိ အသင္းနဲ႔လည္း စာခ်ဳပ္သက္တမ္းတုိးဖုိ႔ ျငင္းဆုိထားသူလည္းျဖစ္ပါတယ္။

Photo Credit : Cartilage Free Captain

အဲရစ္ဆင္ဟာ လာမယ့္ ၂၀၂၀ခုႏွစ္ ဇူလုိင္လဆုိရင္ပဲ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီးေတာ့ သက္တမ္းတုိးဖုိ႔ကုိ အတိအလင္း ျငင္းဆိုထားသူလည္းျဖစ္ပါတယ္။ ဒီႏွစ္ေႏြေစ်းကြက္အတြင္းမွာလည္း အသင္းကေန ထြက္ခြာသြားဖုိ႔ ျပင္ဆင္ခဲ႔ၿပီး မန္ခ်က္စတာယူႏုိက္တက္အသင္းဆီကုိ ေျပာင္းေရႊ႔ဖုိ႔ နီးစပ္ခဲ့ေပမယ့္လည္း သူတကယ္ေျပာင္းခ်င္ေနတာက ရီးရဲလ္မက္ဒရစ္ျဖစ္ေနလုိ႔ ယူႏုိက္တက္ရဲ႕ကမ္းလွမ္းခ်က္ကုိ ျငင္းဆန္ပယ္ခ်ခဲ႔ပါတယ္။ အခုအခ်ိန္မွာက စပိန္လာလီဂါရဲ႕ ကစားသမားေစ်းကြက္ မပိတ္သိမ္းေသးတာေၾကာင့္မုိ႔ အဲရစ္ဆင္ရဲ႕ ေမွ်ာ္လင့္ခ်က္ ျဖစ္လာႏုိင္ေျခရွိေနပါေသးတယ္။

Photo Credit : Sky Sports

ဒါေပမယ့္ အဲရစ္ဆင္ကုိ စပါးအသင္းက အသင္းမွာ ဆက္လက္ထိန္းသိမ္းထားႏုိင္ဖုိ႔ ႀကိဳးပမ္းသြားဦးမွာျဖစ္သလုိ ဂ်ဳဗင္တပ္စ္အသင္းကလည္း လာမယ့္ႏွစ္မွာ အလြတ္ေခၚယူႏုိင္ဖုိ႔အတြက္ စီစဥ္ထားမွာျဖစ္ပါတယ္။ ေနာက္ၿပီး အဲရစ္ဆင္ ေျပာင္းေရႊ႔ခ်င္ေနတဲ႔ ရီးရဲလ္အသင္းက မန္ခ်က္စတာယူႏုိက္တက္ ကြင္းလယ္ကစားသမား ေပါ့ဘာကုိသာ လုိခ်င္ေနတာျဖစ္ၿပီး အခု ေပါ့ဘာကုိ ေခၚယူဖုိ႔ အဆင္မေျပေတာ့ခ်ိန္မွာေတာင္ အဲရစ္ဆင္အစား ေအဂ်က္စ္လူငယ္ကစားသမားေလး ဗန္ဒီဘိခ့္ကုိပဲ ပစ္မွတ္ထားေနတာျဖစ္လုိ႔ အဲရစ္ဆင္အတြက္ ရီးရဲလ္ေမွ်ာ္လင့္ခ်က္က ခပ္ပါးပါးေလးသာ ရွိေနတယ္လုိ႔လည္း သတ္မွတ္ႏုိင္ပါတယ္ခင္ဗ်ာ။

(Unicode)

ဒီဘက်ခေတ် ဘောလုံးလောကအတွင်းမှာ ကစားသမားတွေအတွက် ပြောင်းရွှေ့ကြေးလုံးဝသုံးစရာမလိုပဲ သူတို့အလိုရှိနေတဲ့ လစာလေးကိုသာပေးချေပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူတတ်လေ့ရှိတဲ့ ဂျုဗင်တပ်စ်အသင်းဟာ ယခင်ကတည်းက ပေါ့ဘာ ပီယာလို အမ်မရီချန်တို့လို ကစားသမားကောင်းတွေကို အဲ့ဒီလိုပုံစံအတိုင်းနဲ့ပဲ ခေါ်ယူနိုင်ခဲ့သလို ဒီနှစ်မှာလည်း ရမ်ဆေး ရာဘီအော့တို့လို ကွင်းလယ်ကစားသမားကောင်းတွေကို အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဂျုဗင်တပ်စ်ကို ဘောလုံးလောကရဲ့ စျေးကွက်အကျွမ်ကျင်ဆုံးအသင်းလို့တောင် တင်စားသတ်မှတ်နိုင်ပါတယ်။

Photo Credit : Eurosports

ဂျုဗင်တပ်စ်ရဲ့ အဲ့ဒီလို စာချုပ်သက်တမ်းကုန်ဆုံးတဲ့ ကစားသမားတွေကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူနေခြင်းဟာ လာမယ့်ရာသီမှာလည်း ထုံးစံအတိုင်းပဲ ဆက်လက်ရှိနေနိုင်ပြီး အခုကတည်းက ဘယ်ကစားသမားကို ခေါ်ယူမလဲဆိုတာကိုပါ အဖြေထွက်နေခဲ့ပြီဖြစ်ပါတယ်။ ဒီကစားသမားကတော့ စပါးအသင်းရဲ့ အဓိက ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ ခရစ္စတီယန်အဲရစ်ဆင်ပါ။ အဲရစ်ဆင်ဟာ မနှစ်က ဘောလုံးရာသီနှောင်းပိုင်းလောက်ကနေစပြီး စပါးအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်ထားသူဖြစ်သလို အသင်းနဲ့လည်း စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆိုထားသူလည်းဖြစ်ပါတယ်။

Photo Credit : Cartilage Free Captain

အဲရစ်ဆင်ဟာ လာမယ့် ၂၀၂၀ခုနှစ် ဇူလိုင်လဆိုရင်ပဲ စပါးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီးတော့ သက်တမ်းတိုးဖို့ကို အတိအလင်း ငြင်းဆိုထားသူလည်းဖြစ်ပါတယ်။ ဒီနှစ်နွေစျေးကွက်အတွင်းမှာလည်း အသင်းကနေ ထွက်ခွာသွားဖို့ ပြင်ဆင်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမယ့်လည်း သူတကယ်ပြောင်းချင်နေတာက ရီးရဲလ်မက်ဒရစ်ဖြစ်နေလို့ ယူနိုက်တက်ရဲ့ကမ်းလှမ်းချက်ကို ငြင်းဆန်ပယ်ချခဲ့ပါတယ်။ အခုအချိန်မှာက စပိန်လာလီဂါရဲ့ ကစားသမားစျေးကွက် မပိတ်သိမ်းသေးတာကြောင့်မို့ အဲရစ်ဆင်ရဲ့ မျှော်လင့်ချက် ဖြစ်လာနိုင်ခြေရှိနေပါသေးတယ်။

Photo Credit : Sky Sports

ဒါပေမယ့် အဲရစ်ဆင်ကို စပါးအသင်းက အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးပမ်းသွားဦးမှာဖြစ်သလို ဂျုဗင်တပ်စ်အသင်းကလည်း လာမယ့်နှစ်မှာ အလွတ်ခေါ်ယူနိုင်ဖို့အတွက် စီစဉ်ထားမှာဖြစ်ပါတယ်။ နောက်ပြီး အဲရစ်ဆင် ပြောင်းရွှေ့ချင်နေတဲ့ ရီးရဲလ်အသင်းက မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ပေါ့ဘာကိုသာ လိုချင်နေတာဖြစ်ပြီး အခု ပေါ့ဘာကို ခေါ်ယူဖို့ အဆင်မပြေတော့ချိန်မှာတောင် အဲရစ်ဆင်အစား အေဂျက်စ်လူငယ်ကစားသမားလေး ဗန်ဒီဘိခ့်ကိုပဲ ပစ်မှတ်ထားနေတာဖြစ်လို့ အဲရစ်ဆင်အတွက် ရီးရဲလ်မျှော်လင့်ချက်က ခပ်ပါးပါးလေးသာ ရှိနေတယ်လို့လည်း သတ်မှတ်နိုင်ပါတယ်ခင်ဗျာ။