လီဗာပူးလ် နည်းပြ ဂျာဂင် ကလော့ပ်ကတော့ မန်ယူအသင်းဟာ နှစ် (၃၀) ကြာ အောင်မြင်မှု ရရှိခဲ့ပေမဲ့လည်း နောက်ဆုံး (၄) နှစ်ကတော့ မကောင်းခဲ့ဘူးလို့ ဝေဖန်ခဲ့တာပဲ ဖြစ်ပါတယ်။ လီဗာပူးလ် နည်းပြ ကလော့ပ်ဟာ JD Sport မှာ အစီအစဉ် တင်ဆက်သူ မန်ယူ ပရိသတ်နဲ့ အမေးအဖြေ ပြုလုပ်တဲ့ အချိန်မှာ မန်ယူအသင်းကို ထိုးနှက်ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ကလော့ပ်က မန်ယူအသင်းဟာ နည်းပြ ဖာဂူဆန်ရဲ့ လက်ထက်မှာ အောင်မြင်မှုတွေ ကြီးကြီးမားမား ရရှိခဲ့ပေမဲ့လည်း နောက်ဆုံး (၄) နှစ်က မကောင်းဘူးလို့ ပြောသွားခဲ့ပါတယ်။

Photo Credit: Evening News

မန်ယူအသင်းဟာ နည်းပြ ကလော့ပ် ပြောခဲ့သလို (၂၀၁၃) ခုနှစ်က နည်းပြ ဖာဂူဆန်အနေနဲ့ မန်ယူ နည်းပြအဖြစ်က အနားယူသွားပြီးနောက် ရလဒ်တွေ ဆိုးရွားနေခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မန်ယူအသင်းဟာ လက်ရှိရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် (၅) နေရာကို ရရှိထားပြီး လီဗာပူးလ်အသင်းကတော့ ရမှတ် (၂၅) မှတ်ဖြတ်ပြီး အဆင့် (၁) နေရာကို ရရှိထားပါတယ်။ နည်းပြ ကလော့ပ်ဟာ မန်ယူ ပရိသတ် အစီအစဉ် တင်ဆက်သူနဲ့ စကား ပြောတဲ့ အချိန်မှာ မန်ယူအသင်းရဲ့ လက်ရှိ ခြေစွမ်းကို ဝေဖန်ခဲ့ပြီး မကောင်းဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Evening News

နည်းပြ ကလော့ပ်က “မင်းတို့ မန်ယူအသင်းက နှစ် (၃၀) ကြာ ကောင်းခဲ့တယ်။ နောက်ဆုံး (၃) နှစ် ဒါမှမဟုတ် (၄) နှစ်ကတော့ သိပ ်မကောင်းခဲ့ပါဘူး။ ဒါက… ဝိုး”လို့ ပြောခဲ့ပါတယ်။ အစီအစဉ် တင်ဆက်သူက “မန်ယူပရိသတ်တွေအနေနဲ့ ဒါကို လက်ခံသင့်ပါတယ်။ တစ်ခါတစ်လေမှာ ဆုဖလား ရဖို့က အမြဲတမ်း ကိုယ့်အလှည့် မဖြစ်နိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။ နည်းပြ ကလော့ပ်က “ဟုတ်တာပေါ့။ ကျွန်တော် သိပါတယ်။ ကျွန်တော့်ရဲ့ နည်းပြဘဝမှာ ဆုဖလား ရဖို့က ကျွန်တော့်ရဲ့ အလှည့် မဖြစ်ခဲ့ပါဘူး”လို့ ပြန်လည် ပြောဆိုခဲ့ပါတယ်။ နည်းပြ ကလော့ပ်ကတော့ လက်ရှိရာသီမှာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိဖို့ (၆) မှတ်လေးပဲ လိုအပ်နေပမဲ့ ပြိုင်ပွဲ ရပ်နားထားတာကြောင့် ဆုဖလား မရနိုင်သေးလျက် ရှိနေတာပဲ ဖြစ်ပါတယ်။