MySport Myanmar

ဘယ်လင်ဟမ်ကို လာမယ့်နှစ်မှသာ ခေါ်ယူသွားဖွယ်ရှိနေတဲ့ ယာဂင်ကလော့ပ်

ဒီနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် (၃)ဦးထိကို ခေါ်ယူထားနိုင်ခဲ့တဲ့ လီဗာပူးလ်အသင်းဟာ လက်ရှိမှာတော့ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီကို ဆင်နွဲသွားဖို့ အသင့်ဖြစ်နေတဲ့ အနေအထားမျိုးကို ရောက်ရှိနေပြီ ဖြစ်တာကြောင့် နောက်ထပ် ကစားသမားသစ်တွေကို ဆက်လက်ခေါ်ယူသွားဖို့ထက် အသင်းက ကစားသမားတချို့ကို ရှင်းထုတ်ဖွယ် ရှိနေသလို အသင်းရဲ့ ပစ်မှတ်ဖြစ်သူ ဘယ်လင်ဟမ်ကိုလည်း လာမယ့်နှစ်မှသာ ခေါ်ယူသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : FPL360

လီဗာပူးလ်အသင်းဟာ ဖူလ်ဟမ်အသင်းရဲ့ လူငယ်ကစားသမားလေး ကာဗယ်လ်ဟို ဘင်ဖီကာအသင်းရဲ့ ဥရုဂွေး တိုက်စစ်ကစားသမား ဒါဝင်နူနက်ဇ်နဲ့ အဘာဒင်းက စကော့ဆယ်ကျော်သက်လေး ကယ်လ်ဗင်ရမ်ဆေးတို့ကို ခေါ်ယူထားနိုင်ခဲ့တာကြောင့် နွေရာသီအတွက် ကစားသမား ခေါ်ယူမှုကို အဆုံးသတ်ဖွယ် ရှိနေပြီး အသုံးစရိတ်ကိုလည်း ပေါင်သန်း(၁၀၀)နီးပါးလောက်အထိကို သုံးစွဲခဲ့ပါတယ်။ ဒီလို ကစားသမား(၃)ဦး ခေါ်ယူထားခဲ့ပေမယ့်လည်း လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ဒေါ့မွန်အသင်းရဲ့ အင်္ဂလန်ကြယ်ပွင့်လေး ဘယ်လင်ဟမ်ကိုပါ အလိုရှိနေသေးတာကြောင့် ဒေါ့မွန်ဘက်ကို ဆက်သွယ်မှု ပြုလုပ်လာဖွယ်ရှိပေမယ့် ဒေါ့မွန်ဘက်ကတော့ ဟော်လန်းလို ကြယ်ပွင့်တစ်ဦး ဆုံးရှုံးထားလို့ ဘယ်လင်ဟမ်ကိုပါ ထပ်မံ လက်လွတ်ဖို့ မဖြစ်နိုင်တာကြောင့် လာမယ့်နှစ်လောက်မှသာ ခေါ်ယူရနိုင်ပါတယ်။

Photo Credit : The Sun

ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက အက်အေဖလားနဲ့ လိဂ်ဖလားတို့လည်း ပြည်တွင်းရှုံးထွက်ဖလားတွေကို ပိုင်ဆိုင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ချန်ပီယံ မန်စီးတီးအသင်းနဲ့ (၁)မှတ်အကွာ ဒုတိယနေရာနဲ့ ရပ်တည်ခဲ့ရသလို ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲအဆင့်ထိ တတ်လှမ်းနိုင်ခဲ့ရပါတယ်။ ဖလား(၄)လုံးလမ်းကြောင်းမှာ ရပ်တည်နေခဲ့တဲ့ လီဗာပူးလ်ဟာ ဘောလုံးရာသီသစ်မှာတော့ သူတို့လက်လွတ်လိုက်ရတဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတွေကို အရယူဆောင်နိုင်ဖို့အတွက် ရှိရင်းစွဲ တောင့်တင်းပြီးသား လူအင်အားကို ထပ်မံအားဖြည့်ခဲ့သလို ဘယ်လင်ဟမ်လို အင်္ဂလန်ရဲ့ အတောက်ပဆုံး ကစားသမားလေး ဘယ်လင်ဟမ်ကိုပါ ခေါ်ယူချင်နေသေးပေမယ့် ဒေါ့မွန်ကတော့ တစ်နှစ်အတွင်းမှာ အသင်းရဲ့ ထိပ်တန်းကစားသမား နှစ်ဦးကို ဆုံးရှုံးခံဖွယ် မရှိတာကြောင့် လာမယ့်ရာသီမှသာ ခေါ်ယူရနိုင်ပါတယ်။ လက်ရှိမှာ အသင်းရဲ့ ကွင်းလယ်ပိုင်း ကစားသမားတွေဖြစ်တဲ့ ကီတာနဲ့ ချိန်ဘာလိန်တို့က လာမယ့်နှစ်မှာ စာချုပ်သက်တမ်းတွေ ကုန်ဆုံးရတော့မှာဖြစ်လို့ ကွင်းလယ်လူ ဘယ်လင်ဟမ်ကိုလည်း လာမယ့်နှစ်မှသာ သေချာပေါက် ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

Exit mobile version