လာမယ့် Super Sunday မှာ ယှဉ်ပြိုင်ကစားသွားရတော့မယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ပတ်သက်ပြီး လီဗာပူးလ်အသင်းနည်းပြဖြစ်သူ ယာဂန်ကလော့ပ်က သူရဲ့ထင်မြင်ချက်တွေကို ထုတ်ဖော်ပြောဆိုလာခဲ့တဲ့အပြင် လတ်တလောမှာ ခံစစ်ပိုင်း ပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်က သူတို့အသင်းအတွက် ပြိုင်ဘက်ကောင်းတစ်သင်းလို့လည်း သတ်မှတ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

အင်္ဂလန်ဒါဘီ ပြိုင်ဘက်အသင်းတွေလို့ တင်စားလေ့ရှိတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ဟာ ဒီတစ်ပတ်ရဲ့ တနင်္ဂနွေနေ့မှာပဲ ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံရတော့မှာဖြစ်သလို လတ်တလော အနေအထားတွေအရလည်း အသင်းနှစ်သင်းရဲ့ Form တွေက ကွဲပြားခြားနားချက်တွေ ရှိနေပြီး ယူနိုက်တက်က ခံစစ်ပိုင်းအမှားတွေနဲ့ ပေးဂိုးတွေ များနေရပေမယ့် လီဗာပူးလ်ကတော့ တိုက်စစ်ပိုင်းက ကြောက်ခမန်းလိလိကို ထက်မြက်လို့ နေပါတယ်။ ဒါပေမယ့် လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ ယူနိုက်တက်က သူတို့အသင်းအတွက် ပြိုင်ဘက်ကောင်းတစ်သင်းသာ ဖြစ်နေကြောင်းကို ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ပြိုင်ဘက်ယူနိုက်တက်အသင်းနဲ့ပတ်သက်ပြီး ကလော့ပ်က “အတ္တလန်တာအသင်းက ပထမပိုင်း ပွဲချိန်အတွင်းမှာပဲ ယူနိုက်တက်အသင်းအတွက် ပြသာနာတွေများစွာဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုပေမယ့်လည်း အဲ့ဒီအချိန်အတွင်းမှာပဲ ယူနိုက်တက်ဘက်က ပြတ်ပြတ်သားသား အခွင့်ရေးမျိုးကို (၃)ကြိမ်ထိ ရရှိခဲ့ပါသေးတယ်။ ဒုတိယပိုင်းကတော့ ယူနိုက်တက်အသင်းရဲ့ ပြည့်ဝတဲ့ စွမ်းအားတင်ဆက်မှုပါပဲ။ ဒီလိုပုံစံမျိုး အရည်အသွေးကို ပြသလာနိုင်ပြီဆိုရင် ဘယ်ကလပ်အသင်းအတွက်မဆို အခက်အခဲတွေ ဖြစ်သွားစေနိုင်တယ်။ အထူးသဖြင့် ဘောလုံးကစားနေတဲ့ အရှိန်ကို ရပ်တန့်မိလိုက်ချိန်မှာပါ။ အတ္တလန်တာအသင်းလည်း ဒီလိုကိစ္စမျိုးကို အနည်းငယ် ပြုလုပ်ခဲ့သေးတယ်။ ကျွန်တော်ကတော့ တကယ့်ကို ကောင်းမွန်လှတဲ့ ပြိုင်ဘက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ခက်ခဲတဲ့ပွစဉ်အတွက် ပြင်ဆင်ထားပါတယ်။ ယူနိုက်တက်အသင်းနဲ့ ဗြိတိန်ဒါဘီပွဲ ဆင်နွဲဖို့အတွက် လွန်ခဲ့တဲ့ (၃)ရက်ကတည်းက ပြင်ဆင်နေပါတယ်” ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။