လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန်အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရကနေ ပိတ်ဆို့အရေးယူပိုင်ခွင့်ရှိကြောင်း အခိုင်အမာ ပြောဆိုခဲ့သလို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ကလပ်အသင်းတွေကို အသင်းပိုင်ရှင်တွေက ဘယ်လိုပုံစံနဲ့ ငွေကြေးထောက်ပံ့နေတယ်ဆိုတာကိုပါ စိစစ်သင့်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

နည်းပြကလော့ပ်က ချယ်လ်ဆီးအသင်းနည်းပြ သောမတ်စ်တူဟယ်လ် ဦးဆောင်တဲ့ ချယ်လ်ဆီးအသင်းဝန်ထမ်းများ ကြုံတွေ့နေရတဲ့ အခက်အခဲများအတွက် စာနာမိတယ် ဆိုပေမယ့်လည်း အစိုးရဘက်ကတော့ လမ်းကြောင်းတစ်ခုတည်းကိုပဲ လုပ်ဆောင်နိုင်လိမ့်မယ်လို့ အခိုင်အမာ ပြောဆိုသွားခဲ့ပါတယ်။ ကလော့ပ်က “သောမတ်စ်နဲ့ ကစားသမားတွေအတွက် ကျွန်တော် ခံစားရပါတယ်။ ဒီကိစ္စက ချယ်လ်ဆီးအသင်း ဝန်ထမ်းတွေ ကစားသမားတွေ နည်းပြအဖွဲ့ဝင်တွေအပေါ်မှာ တာဝန်ရှိဘူး ဆိုပေမယ့် လူတစ်ယောက်မှာတော့ တာဝန်အပြည့်ရှိနေပါတယ်။ ဗလာဒီမာပူတင်ပါ။ ကျွန်တော် အေဘရာမိုဗစ်ချ်ရဲ့အကြောင်း ကျွန်တော် မသိပေမယ့် သူက ပူတင်နဲ့ တော်တော်လေးကို နီးစပ်နေတာဖြစ်လို့ ဗြိတိန်အစိုးရရဲ့ လုပ်ရပ်က မှန်ကန်တယ်လို့ ကျွန်တော်ထင်မိတယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Independent

ရုရှားသူဌေးကြီး မိုဗစ်ချ်ဟာ ၂၀၀၃ခုနှစ်ကမှ ချယ်လ်ဆီးအသင်းကို ဝယ်ယူခဲ့တာဖစ်ပြီး အသင်းကို ပိုင်ဆိုင်ထားတာ အနှစ်(၂၀)ပြည့်တော့မယ့် အချိန်မှာ မမျှော်လင့်ပဲ ရုရှားနိုင်ငံက အိမ်နီးချင်း ယူကရိန်းနိုင်ငံဘက်ကို ကျူးကျေုာ်တိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ရုရှားသမ္မတ ပူတင်နဲ့ ဆက်စပ်မိရှိနေတဲ့ လူပုဂ္ဂိုလ်တွေကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်လာခဲ့ရာ ပူတင်နဲ့ နီးစပ်ခဲ့ဖူးတဲ့ မိုဗစ်ချ်ကိုလည်း ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လာခဲ့တာ ဖြစ်ပါတယ်။ ဒီလို အရေးယူမှုတွေကြောင့် ချယ်လ်ဆီးအသင်းအနေနဲ့ အသင်းသားတွေကို စာချုပ်သစ်ချုပ်ဆိုလို့ မရနိုင်တော့သလို ကစားသမား ခေါ်ယူရောင်းချမှုပါ ပိတ်ပင်ခံထားရပြီး အသင်းရဲ့ပွဲကြည့်လက်မှတ် ရောင်းချခွင့်နဲ့ အသင်းပိုင်ရှင် မိုဗစ်ချ်က အသင်းကို အခြားသော ပိုင်ရှင်တစ်ဦးထံ ပြန်လည်ရောင်းချခွင့်ကိုပါ တားမြစ်ခံထားရပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ကလော့ပ်က ဒါဟာ ချယ်လ်ဆီးအသင်းမှာ အပြစ်မရှိဘူး ဆိုပေမယ့်လည်း ကလပ်အသင်းပိုင်ရှင်တွေရဲ့ ပိုက်ဆံတွေက ဘယ်ကနေ ဘယ်လိုပေါ်ပေါက်လာသလဲဆိုတာကို တွေးတောစဉ်းစားရတော့မယ့် အနေအထားမျိုး ဖြစ်နေရပြီလို့ အသိပေး ပြောဆိုသွားခဲ့ပါတယ်။