လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က အိမ်ကွင်း အန်ဖီးလ်မှာ နာပိုလီအသင်းကို (၂)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုနောက်ဆုံးပွဲစဉ်အပြီး သူ့အသင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သတ်လို့ ဘယ်တုန်းကမှ သံသယမဝင်ခဲ့မိဘူးလို့ အခိုင်အမာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

Jurgen Klopp insists he never doubted Liverpool's quality after they  bounced back to see off Napoli | Daily Mail Online

Photo Credit : Daily Mail

လီဗာပူးလ်အသင်းဟာ အန်ဖီးလ်မှာ နာပိုလီအသင်းနဲ့ မတွေ့ဆုံခင် လိဒ်စ်ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ (1-2)ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ပြီး အိမ်ကွင်းရှုံးပွဲ တစ်ပွဲကို ရရှိသွားခဲ့ရပေမယ့် ဒီရာသီ ပြိုင်ပွဲစုံမှာ ရှုံးပွဲ လုံးဝကို မရှိသေးတဲ့ နာပိုလီနဲ့ ဆုံတွေ့ချိန်မှာ မိုဆာလာ နူနက်ဇ်တို့ရဲ့ နောက်ကျဂိုးတွေနဲ့ အိမ်ကွင်း အန်ဖီးလ်မှာ bounced back ပြန် လုပ်နိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် လီဗာပူးလ်က အုပ်စုပထမနေရာကို ရယူနိုင်ခဲ့ခြင်း မရှိပေမယ့်လည်း ပူပူနွေးနွေး အိမ်ကွင်းရှုံးပွဲကနေ ချက်ချင်း ပြန်လာနိုင်ခဲ့တဲ့ အသင်းသားတွေရဲ့ performance ကိုတော့ နည်းပြကြီး ကလော့ပ်က သဘောကျမိကြောင်း ပြောဆိုသွားခဲ့ပါတယ်။

The reaction I wanted – Jurgen Klopp hails Liverpool's win over Napoli

Photo Credit : Yahoo News UK

“ဒါ ကျွန်တော် တွေ့ချင်နေတဲ့ တုံ့ပြန်မှုပဲ။ ကျွန်တော်တို့အားလုံး တုံ့ပြန်မှုကို ပြသရမယ်ဆိုတာ သဘောတူညီထားခဲ့ကြတယ်။ ပြီးတော့လည်း တကယ်ကောင်းမွန်လှတဲ့ ပြိုင်ဘက်အသင်းနဲ့ ကျွန်တော်တို့ အရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲကို ကစားခဲ့ရတယ်။ ကျွန်တော် အသင်းသားတွေရဲ့ အရည်အသွေးအပေါ်ကို သံသယ မရှိပါဘူး။ ဒီအရည်အသွေးတွေကို ဘယ်သူကမှ သံသယ ဖြစ်နေမယ်လို့ ကျွန်တော် မထင်ထားခဲ့ပေမယ့် ဒါကပဲ ပြသာနာရဲ့ တစ်စိတ်တစ်ပိုင်းမျိုး ဖြစ်နေရတယ်။ ဒီအရည်အသွေးတွေကို ကျွန်တော်တို့ တစ်ညီတစ်ညွတ်တည်းနဲ့ မပြသနိုင်ခဲ့ဘူး။ အဲ့ဒါကြောင့် လိဒ်စ်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်အတွင်း ခွင့်ပြုလိုက်ရတဲ့ ဒုတိယဂိုးက ကျွန်တော်တို့ရဲ့ အခြေအနေအတွက် ဥပမာတစ်ခုပဲလို့ ကျွန်တော် ဖော်ပြခဲ့တာ။ ကျွန်တော်တို့တွေ ခံစစ်ကစားရတဲ့အခါ ဒီည(နာပိုလီနဲ့ပွဲ)မှာ ကျွန်တော်တို့ ရှိသမျှနဲ့ကို ခံစစ်ကစားခဲ့တယ်။ နာပိုလီကလည်း လက်ရှိအချိန်မှာ တကယ့်ကို အင်အား တောင့်တင်းနေတဲ့ အသင်းဖြစ်နေတော့ ဒါက ကျွန်တော်တို့အတွက် အလွန်ခက်ခဲနိုင်ခဲ့ပေမယ့် အသင်းသားတွေကလည်း တကယ်ကို ကောင်းကောင်းမွန်မွန် ကစားပြသွားနိုင်ခဲ့တယ်။ တစ်ဖန် ညီညွတ်မှု တည်ငြိမ်မှုတွေကတော့ လိုအပ်နေဆဲပါပဲ။ ဒါပေမယ့် ဒီပွဲမှာ ကောင်းခဲ့တဲ့ အချက်တွေကို ယူပြီးတော့ တော့တင်ဟမ်ဟော့စပါးနဲ့ နောက်ထပ်ပွဲတစ်ပွဲကို စတင်ပါမယ်” လို့ နည်းပြကလော့ပ်က ထုတ်ပြန် ပြောကြားလိုက်ပါတယ်။