ဖရီးကစ်နဲ့ ပသ်သက်လာရင် ဖရီးကစ်ကန်တာ အလွန်ကောင်းပါတယ် ဆိုတဲ့ ဘယ်ကစားသမားကမှ မမှီနိုင်သေးတဲ့ ဘရာဇီး လက်ရွေးစင် ကစားသမားဟောင်း ဂျုနီဟိုကတော့ တစ်နိုင်ငံသားချင်း ဖြစ်တဲ့ နေမာကို ငွေကြောင့် ပီအက်စ်ဂျီအသင်းကို ပြောင်းခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဂျုနီဟိုဟာ ကစားသမားဘဝမှာ ကွင်းလယ် နေရာမှာ ကစားခဲ့ပြီး ပြင်သစ် လီဂူးဝမ်း ပြိုင်ပွဲက လိုင်ယွန်အသင်းမှာ ကစားခဲ့စဉ်က လီးဂူးဝမ်း ဆုဖလားကို (၇) ကြိမ်အထိ ရရှိနိုင်ခဲ့တာကြောင့် လိုင်ယွန်အသင်းမှာ ကစားခဲ့စဉ်က ကစားသမားဘဝမှာ အအောင်မြင်ဆုံး အချိန် ဖြစ်ခဲ့ပါတယ်။

Photo Credit: Marca

ဂျုနီဟိုဟာ လက်ရှိအချိန်မှာတော့ ကစားသမားဘဝမှာ အအောင်မြင်ဆုံး အချိန်ကို ရရှိနိုင်ခဲ့တဲ့ အသင်းဟောင်း လိုင်ယွန်အသင်းမှာ အားကစား ဒါရိုက်တာ အဖြစ် ဆောင်ရွက်နေတာ ဖြစ်ပြီး လက်ရှိအချိန်အထိ ဖရီးကစ် သွင်းဂိုး အများဆုံး ကစားသမား အဖြစ် ရပ်တည်ဆဲ ဖြစ်ပါတယ်။ ဘရားဇီး လက်ရွေးစင် ကစားသမားဟောင်း ဂျုနီဟိုက ဘာစီလိုနာအသင်းကနေ ပီအက်စ်ဂျီ အသင်းကို ယူရို (၂၂၂) သန်းနဲ့ ပြောင်းရွေ့သွားခဲ့တဲ့ နိုင်ငံတူ ဘရားဇီး တိုက်စစ်မှူး နေမာကို ဝေဖန်သွားခဲ့ပြီး ငွေကိုပဲ ဂရုစိုက်ပြီး ငွေကြောင့် အသင်းပြောင်းခဲ့တယ်လို့ ဝေဖန်သွားလိုက်ပါတယ်။

Photo Credit: Marca

 

ဂျုနီဟိုက “ဘရားနိုင်ငံမှာ ဆိုရင် ကျွန်တော်တို့တွေဟာ ငွေကိုပဲ ဂရုစိုက်ဖို့ သင်ကြားခံခဲ့ရတာ ဖြစ်ပေမယ့်လည်း ဥရောပနိုင်ငံမှာ ဆိုရင် သူတို့မှာက ခြားနားတဲ့ စိတ်သဘောထား ရှိပါတယ်။ ကျွန်တော် ကစားသမားဘဝရဲ့ စီမံကိန်းကို ရေးဆွဲခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် အသင်းကြီးတွေကို သွားကစားချင်လို့ ဖြစ်ပါတယ်။ ကျွန်တော် ဘောလုံးကို ကစားရုံပဲ မကစားချင်ခဲ့ပါဘူး။ ကျွန်တော်က ကျွန်တော့်ကို အများဆုံး ပေးနိုင်တဲ့ အသင်းကို သွားကစားဖို့ သင်ကြားခံရတယ်။ ဒါက ဘရာဇီးနိုင်ငံရဲ့ နည်းလမ်း ဖြစ်ပါတယ်။ နေမာကိုသာ ကြည့်လိုက်ပါ။ သူက ငွေကြောင့် ပီအက်စ်ဂျီအသင်းကို ပြောင်းသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းက သူ့ကို ဘာမဆို ပေးတယ်။ သူလို ချင်တာမှန်သမျှပေးတယ်။ အခု သူက စာချုပ်မကုန်ခင် အသင်းက ထွက်သွားချင်နေတယ်”လို့ ပြောခဲ့ပါတယ်။