ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်တဲ့ ဆီဗီလာနောက်ခံကစားသမား ဂျူးစ်ခွန်ဒဲလ်ကို စျေးကွက်မပိတ်သိမ်းခင်မှာ အရခေါ်ယူနိုင်ဖို့အတွက် ဆက်လက်ကြိုးပမ်းလျက်ရှိနေပြီး လက်ရှိမှာလည်း ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)နဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်လျက်ရှိနေသလို ခွန်ဒဲလ်ရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့လည်း ဆီဗီလာအသင်းနဲ့ ဆက်လက်ဆွေးနွေးလျက် ရှိနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြထားခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီရာသီမှာ ကစားသမားသစ်အဖြစ် တိုက်စစ်ကစားသမား လူကာကူတစ်ဦးတည်းကိုသာ ခေါ်ယူအားဖြည့်ထားရတဲ့ ချယ်လ်ဆီးအသင်းဟာ နွေစျေးကွက် မပိတ်သိမ်းခင်မှာ အသင်းရဲ့ ခံစစ်ပိုင်းကို အင်အားထပ်ဖြည့်ဖို့အတွက် အသင်းကနေ အလိုရှိနေသူ ဆီဗီလာနောက်ခံကစားသမား ခွန်ဒဲလ်ကို အသည်းအသန် ကြိုးပမ်းလို့နေပြီး ဆီဗီလာဘက်ကလည်း ချယ်လ်ဆီးရဲ့ကမ်းလှမ်းမှုမှန်သမျှကို ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးဘက်ကနေ ခွန်ဒဲလ်ကို ခေါ်ယူဖို့ လက်မလျှော့သွားသလို ကစားသမားကိုယ်တိုင်ကလည်း ချယ်လ်ဆီးကို ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

Photo Credit : Sky Sports

ဒါကြောင့် ဒီတစ်ကြိမ်မှာလည်း ချယ်လ်ဆီးအသင်းဟာ ခွန်ဒဲလ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၅၀)နဲ့ တရားဝင် ကမ်းလှမ်းမှုတစ်ခုကို ထပ်မံလုပ်ဆောင်သွားဖို့ ပြင်ဆင်လျက်ရှိနေပြီး ဆီဗီလာဘက်ကလည်း ဒီကမ်းလှမ်းမှုကို ထပ်မံပယ်ချဖွယ် ရှိနေသလို ပြောင်းရွှေ့ကြေးကို တိုးမြှင့်ပေးမှသာ လက်ခံသွားနိုင်ဖွယ် ရှိနေပါတယ်။ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး အဆင်မပြေမှုတွေ ရှိနေပေမယ့်လည်း အပြောင်းအရွှေ့ ဖြစ်မြောက်လာရေးအတွက်ကိုတော့ ဆက်လက်ဆွေးနွေးနေဆဲဖြစ်ပြီး နွေရာသီ အပြောင်းအရွှေ့ Deadline Day လောက်မှာပဲ ဖြစ်ပေါ်သွားဖွယ် ရှိနေပါတယ်။ ကစားသမားဘက်ကတော့ ဆီဗီလာအသင်းကနေ ထွက်ခွာသွားဖို့ အဆင့်သင့်ဖြစ်နေပြီး ချယ်လ်ဆီးရဲ့ ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေသလို သူရဲ့အသင်းကိုလည်း ချယ်လ်ဆီးဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ တောင်းဆိုမှုတွေ လုပ်ဆောင်လျက် ရှိနေပါတယ်။ ခွန်ဒဲလ်ကို အရခေါ်ယူချင်နေတဲ့ ချယ်လ်ဆီးအသင်းဟာ ခွန်ဒဲလ်အသင်းဆီ ရောက်မလာခင်မှာပဲ အသင်းရဲ့ နောက်ခံကစားသမား ဇူးမားကို ဝက်စ်ဟမ်းယူနိုက်တက်အသင်းဆီ ရောင်းချသွားတော့မှာဖြစ်ပြီး ဇူးမားဟာလည်း မကြာခင်မှာပဲ ဝက်စ်ဟမ်းအသင်းနဲ့ ဆေးစစ်မှုတွေ ခံယူသွားတော့မှာ ဖြစ်ပါတယ်။