MySport Myanmar

ရီးယဲလ် နည်းပြ ရာထူးထက် ဝုလ် နည်းပြ ရာထူးက ပိုခက်ခဲတယ်လို့ လိုပက်တယ်ဂီ ဆို

ရီးယဲလ်မက်ဒရစ်အသင်းနဲ့ စပိန်လက်ရွေးစင်အသင်းတို့ရဲ့ နည်းပြဟောင်း ဂျူလန်လိုပက်တယ်ဂီက ဝုလ်ဗ်အသင်းကို ကိုင်တွယ်ရင်း တန်းဆင်းဇုန်ထဲကနေ လွတ်မြောက်အောင် လုပ်ဆောင်ခဲ့ရခြင်းက သူရဲ့ နည်းပြသက်တမ်းတစ်လျှောက်မှာ အခက်ခဲဆုံး ကိစ္စပဲလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Telegraph

စပိန်လူမျိုး ဘောလုံးနည်းပြ လိုပက်တယ်ဂီဟာ ဆီဗီလာအသင်းနဲ့ လက်တွဲဖြုတ်ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေချိန် ဝုလ်ဗ်အသင်းကလည်း ဘရူနိုလာ့ချ်ကို ရာထူးကနေ ထုတ်ပယ်ထားချိန် ဝုလ်ဗ်ဘက်က ကနဦး ကမ်းလှမ်းချက်ကို လိုပက်တယ်ဂီက ပယ်ချခဲ့ပေမယ့် နောက်တစ်ကြိမ် ကမ်းလှမ်းမှုကို လက်ခံခဲ့တာကြောင့် လိုပက်တယ်ဂီလည်း ဝုလ်ဗ်နည်းပြသစ် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန် ဝုလ်ဗ်ဟာ ပရီးမီးယားလိဂ်မှာ (၁၀)မှတ်တည်းသာ ရရှိထားခဲ့ပြီး အမှတ်ပေးဇယား အောက်ခြေကို ရောက်နေခဲ့ပေမယ့် လိုပက်တယ်ဂီက ရမှတ်(၄၀) ရယူပေးထားနိုင်သလို တန်းဆင်းဇုန်နဲ့ပါ ရမှတ်(၁၀)အကွာထိပါ ရောက်ရှိအောင် လုပ်ဆောင်ထားလို့ တန်းဆင်းရမယ့် အန္တရာယ်နဲ့လည်း ကင်းလွတ်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Chronicle Live

“ဘောလုံးသမားကောင်းတစ်ဦး ဖြစ်နေရင်တောင်မှ အင်္ဂလိပ်တွေရဲ့ ဘောလုံးကစားဟန်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဆိုတာက အချိန်ယူရတတ်ပါတယ်။ ဒီမှာ ဘောလုံးကို စည်းချက်ကျ ကစားတဲ့ ပုံစံ ခြားနားပါတယ်။ ကလပ်အသင်းက အလွန် အားကောင်းပြီးတော့ စိတ်ဝင်စားစရာကောင်းတဲ့ ဖွဲ့စည်းမှုလည်း ရှိတယ်။ အင်္ဂလိဂ် ဘောလုံးဟန်က အတွေ့အကြုံကောင်း တစ်ခုပါပဲ။ အသင်းရဲ့ ကနဦး ရည်မှန်းချက်က တန်းမဆင်းရရေးပါ။ အဲ့ဒါက ရှုပ်ထွေးတယ်။ ကျွန်တော်တို့တွေ (၁၆)ပွဲလောက် ကစားပြီးတဲ့ချိန်မှာ အောက်ခြေကို ရောက်သွားခဲ့သလို ရာသီမကုန်ခင် (၃)ပွဲ အနိုင်ကစားဖို့ ရည်မှန်းထားခဲ့တာကလည်း အောင်မြင်သွားခဲ့ရပါတယ်။”

“ကျွန်တော်တို့အတွက် လွယ်ကူတဲ့ စိန်ခေါ်မှုမျိုး မဟုတ်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ နည်းပြတစ်ယောက်အနေနဲ့ ကျွန်တော် ရင်ဆိုင်ခဲ့သမျှတွေထဲ အခက်ခဲဆုံးသော စိန်ခေါ်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။” လို့ ဝုလ်ဗ်နည်းပြ လိုပက်တယ်ဂီက ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version