ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ဒဏ်ရာကျိန်စာသင့်နေရတဲ့ လီဗာပူးလ်အသင်းကတော့ မာဆေးဆိုက်ဒါဘီမှာလည်း အသင်းခေါင်းဆောင် ဂျော်ဒန်ဟန်ဒါဆန် ဒဏ်ရာရသွားခဲ့ပြန်လို့ ခေါင်းခြောက်စရာ ကိစ္စတစ်ခု ထပ်တိုးခဲ့ရပေမယ့် လက်ရှိမှာတော့ အသင်းအတွက် သတင်းကောင်းတစ်ပုဒ်ကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ဒါကတော့ ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူနေရတဲ့ တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာအနေနဲ့ မကြာခင်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မယ်ဆိုတဲ့ သတင်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်ကစားသမား ဒီယေဂိုဂျိုတာဟာ ဒီနှစ်ဘောလုံးရာသီ နွေရာသီအပြောင်းအရွှေ့စျေးကွက်အတွင်းကမှ ဝုလ်ဗ်အသင်းကနေ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့လီဗာပူးလ်ကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ကာ အသင်းအတွက် (၁၇)ပွဲ ပါဝင်ထားခဲ့ပြီး သွင်းဂိုး(၉)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းအတွက် ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် မစ်ဂျေးလန်းအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် (၃)လနီးပါးလောက်အထိကို အနားယူလိုက်ရတာဖြစ်ပါတယ်။

Photo Credit : This is Anfield

ဂျိုတာ မပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ်တွေအတွင်းမှာ လီဗာပူးလ်တိုက်စစ်က အနည်းငယ်ရုန်းကန်ခဲ့ရပြီး အသင်းရဲ့အမာခံတိုက်စစ်အတွဲအဖက်တွေဖြစ်တဲ့ ဆာလာ မာနေး ဖာမီနိုတို့ ခြေစွမ်းပျောက်နေချိန်မှာလည်း ဂျိုတာဒဏ်ရာရနေတဲ့အတွက် တိုက်စစ်အတွက် ရွေးချယ်စရာ Option မရှိသလို ရင်ဆိုင်ခဲ့ရပါတယ်။ အခုတော့ ဂျိုတာဟာ ဒူးဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ပြီး မကြာခင်မှာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်တော့မှာလည်းဖြစ်ကာ မတ်လ(၁)ရက်နေ့မှာ ရှက်ဖီးယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာပါ ပါဝင်လာဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းဘက်ကတော့ သူတို့ကစားသမားရဲ့ ဒဏ်ရာအခြေအနေကို Risk မဖြစ်စေချင်တဲ့အတွက်ကြောင့် ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မှသာ စတင်အသုံးပြုလာဖွယ်လည်း ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ လီဗာပူးလ်အသင်းမှာ ဗန်ဒိုက်နဲ့ ဂိုးမက်ဇ်တို့က ဆိုးရွှားတဲ့ ဒဏ်ရာပြသာနာတွေကြောင့် ကာလရှည်ကြာ အနားယူနေရပြီး ဖာဘင်ဟို ဟန်ဒါဆန် ကီတာ မာတစ်တို့လည်း ဒဏ်ရာအသီးသီးကြောင့် အနားယူနေရကာ အသင်းမှာလည်း ဒီဒဏ်ရာပြသာနာဆိုးတွေကြောင့် ရလဒ်တွေပါ ဆိုးရွှားလို့နေပါတယ်။