စပါးအသင်းဟာ ရိုးမားအသင်းရဲ့ အီတလီ ကွင်းလယ်ကစားသမား နီကိုလိုဇာနီယိုလိုကို ခေါ်ယူသွားဖို့အတွက် အသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူ တန်ဂါဂါ ကွင်းလယ်လူ အမ်ဒွန်ဘီလီတို့နဲ့ အလိုက်ပေး ကမ်းလှမ်းခဲ့ပေမယ့် ရိုးမားနည်းပြ ဂျိုဆေးမော်ရင်ဟိုကတော့ ဇာနီယိုလိုအတွက် ဘယ်ကမ်းလှမ်းမှုမျိုးမှာပဲဖြစ်ဖြစ် စပါး ကွင်းလယ်ကစားသမား အိုလီဗာစကစ်ကိုသာ လိုချင်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football Talk

ဒီနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမားသစ် ခေါ်ယူမှုအဖြစ် (၆)ဦးတောင် ခေါ်ယူထားခဲ့တဲ့ စပါးအသင်းဟာ အခုလည်း အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် အီတလီ လက်ရွေးစင် ကွင်းလယ်ကစားသမား ဇာနီယိုလိုကိုပါ ထပ်မံ ခေါ်ယူသွားချင်တာကြောင့် အသင်းကနေ ရှင်းထုတ်သွားချင်နေတဲ့ ကစားသမားတွေထဲကမှ တန်ဂါဂါ အမ်ဒွန်ဘီလီတို့ကို အလိုက်ပေးပြီး swap deal ကမ်းလှမ်းမှုနဲ့ အပြောင်းအရွှေ့ လုပ်ဆောင်သွားဖို့ ရိုးမားအသင်းကို ကမ်းလှမ်းလာခဲ့ပါတယ်။ ဒါပေမယ့် ရိုးမားနည်းပြ မော်ရင်ဟိုကတော့ စပါးကမ်းလှမ်းမှုကို ချက်ချင်း လက်ခံသွားခြင်းမရှိပဲ ဇာနီယိုလိုအတွက် ဘယ်ကမ်းလှမ်းမှုမှာမဆို စပါးအသင်းရဲ့ အင်္ဂလန် ကွင်းလယ်လူ စကစ်ကို မဖြစ်မနေ ထည့်သွင်း ကမ်းလှမ်းပေးဖို့ တောင်းဆိုလာခဲ့ပါတယ်။

Photo Credit : Football London

မော်ရင်ဟိုက ဒီနှစ်နွေမှာ အသင်းအတွက် ဆာဘီးယား ဝါရင့်ကွင်းလယ်လူ နီမန်ဂျာမာတစ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားသလို ပီအက်စ်ဂျီမှာ အနာဂတ် မရေမရာ ဖြစ်လာရတဲ့ ဂျီနီဝိုင်နယ်လ်ဒမ်းစ်ကိုပါ အငှားနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားပြီး ပေါ်လိုဒီဘားလားပါ ခေါ်ယူထားနိုင်သေးတာကြောင့် ဇာနီယိုလို လို ညာတောင်ပံ ကွင်းလယ်တိုက်စစ်နဲ့ second striker နေရာတွေမှာ ကစားတတ်သူနေရာမှာ ss နေရာ amf နေရာနဲ့ တောင်ပံတွေမှာ ကစားတတ်တဲ့ ဒီဘားလားနဲ့ သေချာပေါက် အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အသက်(၂၃)နှစ်အရွယ် အရည်အသွေးမြင့် ကစားသမားတစ်ဦးကို အသင်းကနေ အလွယ်တကူ ထွက်ခွာခွင့်ပြုသွားမှာ မဟုတ်ပဲ စပါးဘက်က တန်ဂါဂါ+အမ်ဒွန်ဘီလီဆိုတဲ့ swap deal ကမ်းလှမ်းမှုကိုပါ လက်ခံသွားဖို့ ဆန္ဒမရှိသေးသလို စပါးရဲ့ လူငယ် ကွင်းလယ်ကစားသမား အိုလီဗာစကစ်ကိုပါ အလိုက်ပေး ကမ်းလှမ်းမှုထဲမှာ ထည့်သွင်းပေးဖို့ မော်ရင်ဟိုက တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အသက်(၂၁)နှစ်အရွယ်ရှိ ကွင်းလယ်လူ စကစ်ဟာ မကြာသေးခင်ကမှ စပါးအသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်သစ်တစ်ရပ် ချုပ်ဆိုထားတာဖြစ်လို့ မော်ရင်ဟိုရဲ့ တောင်းဆိုမှုကို လိုက်လျောဖို့ ခက်ခဲဖွယ် ရှိနိုင်ပါတယ်။