ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ကစားသွားခဲ့တဲ့ ဆောက်သမ်တန်နဲ့ စပါးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း သွင်းဂိုးရယူဖို့ ကြိုးစားခဲ့ရင်းနဲ့ ဒဏ်ရာရရှိသွားခဲ့တဲဲ့ စပါးတိုက်စစ်မှူး ဟာရီကိန်းဟာ သူရဲ့ဒဏ်ရာကြောင့် ဒီနှစ်ဘောလုံးရာသီရဲ့ လက်ကျန်ပွဲအားလုံးအပါအဝင် ယူရို၂၀၂၀ပြိုင်ပွဲကြီးကိုပါ လွဲချော်ရနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း ဒဏ်ရာအခြေအနေတွေက ထင်ထားတာထက် ပိုမိုကောင်းမွန်လာခဲ့တာကြောင့် သတ်မှတ်ထားတဲ့ကာလထက် စောစောစီးစီး ပြန်လည်သက်သာလာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထပ်မံပေါ်ပေါက်လာခဲ့ပါတယ်။

Photo Credit : The Sun

စပါးအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဆောက်သမ်တန်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် စပါးအသင်းရဲ့ပွဲစဉ်ရပွဲအထိ လွဲချော်ခဲ့ရပြီး အဲ့ဒီရပွဲမှာလည်း စပါးအသင်းက နိုင်ပွဲ၃ပွဲဲပဲ ရယူနိုင်ခဲ့သလို သရေပွဲ၃ပွဲနဲ့ ရှံးပွဲ၁ပွဲရှိခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီရပွဲအတွင်းမှာ စပါးအသင်းရဲ့တိုက်စစ်ပိုင်းက သွင်းဂိုး၆ဂိုးပဲ ရယူနိုင်ခဲ့တာကြောင့် သွင်းဂိုးပိုင်းလည်း အားနည်းခဲ့ရပါတယ်။ လက်ရှိမှာ စပါးအသင်းက ပြီးခဲ့တဲဲ့ ဆောင်းရာသီစျေးကွက်အတွင်းမှာ ဟာရီကိန်းရဲ့နေရာအတွက် အထောင်တိုက်စစ်မှူးသစ်တစ်ယောက်ကို ခေါ်ယူအားဖြည့်နိုင်ခြင်းမရှိတာကလည်း စပါးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်သွားခဲဲ့ရပါတယ်။

Photo Credit : The Sun

အခုတော့ ဟာရီကိန်းဟာ ဒဏ်ရာအခြေအနေ ပိုမိုကောင်းမွန်လာခဲ့တာကြောင့် ဒီနှစ်ဘောလုံးရာသီရဲ့နောက်ဆုံးပွဲစဉ်နှစ်ပွဲဖြစ်တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်း လက်စတာအသင်းတို့ရဲ့ ပွဲစဉ်တွေမှာ ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်။ တကယ်လို့သာ သတင်းထွက်နေတဲ့အတိုင်း မေလ၉ရက်နေ့မှာ ကစားရမယ့် လက်စတာအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာသာ ဟာရီကိန်း ပြန်လည်ကစားနိုင်မယ်ဆိုရင်တော့ ဟာရီကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ယူရို၂၀၂၀ပြိုင်ပွဲဲကြီးမှာပါ ပါဝင်ဖွယ်ရှိလာနိုင်ပါတယ်။ လက်ရှိမှာတော့ ကိန်းပါဝင်ကစားနိုင်ခြင်းမရှိတဲ့အချိန်မှာ လူးကပ်မော်ရာက အထောင်တိုက်စစ်နေရာမှာ ပါဝင်ကစားလျက်ရှိနေကာ ဆွန်ဟောင်မင်နဲ့ ကစားသမားသစ် ဘာ့ဂ်ဝင်းချ်တို့က တောင်ပံတိုက်စစ်တွေမှာ ကစားလျက်ရှိတဲ့အပြင် အလီကတော့ No.10 Role မှာ ပါဝင်ကစားလို့နေပါတယ်။