ဒီနှစ်ဘောလုံးရာသီမှာ ရိုးမားအသင်းအတွက် အတော်လေး ခြေစွမ်းပြနေတဲ့ တိုက်စစ်ကစားသမား တမ်မီအေဘရာဟမ်ကို လတ်တလောမှာ အာဆင်နယ်အပါအဝင် ကလပ်အသင်းများစွာက ခေါ်ယူသွားဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး တကယ်လို့သာ အေဘရာဟမ်အနေနဲ့ အင်္ဂလန်ကို ပြန်သွားချင်တယ်ဆိုရင်တော့ အချိန်မရွေး ပြန်သွားနိုင်တယ်လို့ ရိုးမားနည်းပြ ဂျိုဆေးမော်ရင်ဟိုက ပြောကြားသွားခဲ့ပါတယ်။

Tammy Abraham has enjoyed an incredible first season at Roma

Photo Credit : The Sun

အသက်(၂၄)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား အေဘရာဟမ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကမှ သူရဲ့ ချယ်လ်ဆီးအသင်းကနေ ရိုးမားအသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး သူရဲ့ရိုးမားကစားသမားဘဝ ပွဲဦးထွက်ရာသီမှာပဲ အသင်းကို ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိ ပို့ဆောင်ထားနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ သွင်းဂိုး(၂၅)ဂိုးထိ သွင်းယူထားနိုင်ခဲ့လို့ ရိုးမားအသင်းရဲ့ သမိုင်းတလျှောက် ပွဲဦးထွက်ရာသီမှာ (၂၅)ဂိုးထိ ပထမဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်ပါ မှတ်တမ်းဝင်သွားခဲ့ရပါတယ်။

Jose Mourinho says bringing Tammy Abraham to Roma 'was a real coup' after  sealing £34m deal | Daily Mail Online

Photo Credit : Daily Mail

အေဘရာဟမ်နဲ့ ပတ်သက်ပြီး မော်ရင်ဟိုက “လက်စတာနဲ့ပွဲမှာ သူက လုံးဝကို အံ့သြစရာကောင်းပြီး အဲ့ဒီအချိန်မှာ ငါ သူ့ကို ချီးကျူးဖို့ ငြင်းဆန်တယ်လို့ နောက်ပြောင်လိုက်သေးတယ်။ ဘာလို့လဲဆိုတော့ သူက အမြဲတမ်း ပိုကောင်းအောင် လုပ်ပြနိုင်လို့ပါပဲ။ သူနဲ့ပတ်သက်ပြီး ကျွန်တော် ဘယ်လောက်ပျော်နေတယ်ဆိုတာ သူသိတယ်။ လူငယ်ကစားသမားတစ်ဦးအနေနဲ့ သူရဲ့ကလပ် သူရဲ့နေအိမ် သူရဲ့မြို့ သူရဲ့နိုင်ငံနဲ့ ပရီးမီးယားလိဂ်လို ကစားသမားတစ်ဦးအတွက် ထွက်ခွာဖို့ ခဲယဉ်းတဲ့ ပြိုင်ပွဲကို စွန့်ခွာဖို့ဆိုတာ လွယ်ကူတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် သူက ကျွန်တော့်ကို ယုံကြည်လို့ ဒီရွေးချယ်မှုကို လုပ်ဆောင်ခဲ့တယ်လို့ ထင်ပါတယ်။ အခုအချိန်မှာယ သူသာ အင်္ဂလန်ကို ပြန်သွားချင်တယ်ဆိုရင် ပြန်သွားနိုင်ပါတယ်။ ကျွန်တော် သူ့အတွက် ပျော်ရွှင်မိရမှာပါ။ ဒီအချိန်မှာတော့ သူ ပြန်မသွားချင်လောက်ဘူးလို့ပဲ ကျွန်တော်ထင်မိတယ်။ သူ ရောမမြို့ကိုလည်း ချစ်မိနေလောက်ပါပြီ။ လူတိုင်း မှားနေတယ်ဆိုတာကို သက်သပြာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက ကစားသမားကောင်းတစ်ဦးဆိုတာ လူတိုင်းသိတယ်လို့ ထင်ပါတယ်။ သူနဲ့အတူ စမောလင်း တိုမော်ရီတို့ကလည်း ပရီးမီးယားလိဂ် ပြင်ပမှာပါ ကစားသမားဘဝ ဆက်နိုင်သေးတယ် အီတလီမှာလည်း ဒီထက်ပိုကောင်းတဲ့ ပိုကောင်းတဲ့ ကစားသမားဘဝ ပိုင်ဆိုင်နိုင်ကြောင်းကို ဒီ အင်္ဂလိပ်သားတွေက ပြသလိုက်နိုင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။