ရိုးမားအသင်းရဲ့ နည်းပြဖြစ်သူ ဂျိုဆေးမော်ရင်ဟိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အမ်ပိုလီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ စီးရီးအေပွဲစဉ်အတွင်း ပယ်လီဂရီနီ မစ်ခီတာရန်တို့ရဲ့ သွင်းဂိုးတွေနဲ့ (၂)ဂိုး ဂိုးမရှိနဲ့ အနိုင်ရယူခဲ့ပြီးနောက် သူရဲ့ အီတလီ စီးရီးအေပြိုင်ပွဲအတွင်း ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ်တွေအားလုံးထဲကမှ အိမ်ကွင်းပွဲစဉ်တွေမှာ ရှုံးပွဲမရှိ စံချိန်သစ်တစ်ခုကို ရေးထိုးသွားနိုင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : The Mirror

နာမည်ကျော် စပယ်ရှယ်ဝမ်း နည်းပြဖြစ်သူ မော်ရင်ဟိုဟာ သူရဲ့နည်းပြသက်တမ်းမှာ ပေါ်တို ချယ်လ်ဆီး အင်တာမီလန် ရီးယဲလ်မက်ဒရစ် မန်ချက်စတာယူနိုက်တက် စပါးအသင်းတွေကို ကိုင်တွယ်ခဲ့တာ ဖြစ်သလို လက်ရှိမှာလည်း ရိုးမားအသင်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်လျက် ရှိနေပါတယ်။ မော်ရင်ဟိုဟာ ရိုးမားအသင်းကို မကိုင်တွယ်ခင်ကတည်းက အင်တာနဲ့အတူ စီးရီးအေမှာ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တာဖြစ်ပြီး အင်တာကို ကိုင်တွယ််ခဲ့ချိန်တုန်းက (၂)ရာသီဆက်တိုက် စီးရီးအေချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့အပြင် အိမ်ကွင်း(၃၈)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ပါ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : 90Min

မော်ရင်ဟို လက်ရှိမှာလည်း ရိုးမားအသင်းနဲ့အတူ စီးရီးအေကို တကျော့ပြန် ရောက်ရှိလာခဲ့ပြီး လတ်တလော ကိုင်တွယ်ထားချိန်မှာပါ အိမ်ကွင်း(၄)ပွဲဆက်တိုက်အထိ ရှုံးပွဲမရှိထားနိုင်ခဲ့တဲ့အတွက် သူရဲ့ စီးရီးအေ အိမ်ကွင်းရှုံးပွဲမရှိ မှတ်တမ်းက (၄၂)အထိ ရှိလာခဲ့ရတာကြောင့် ဂျုဗင်တပ်စ်နည်းပြ အယ်လီဂရီ ရယူထားနိုင်ခဲ့တဲ့ စီးရီးအေ အိမ်ကွင်း (၄၁)ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ဟောင်းကိုပါ ကျော်ဖြတ်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မော်ရင်ဟိုအတွက် ဂုဏ်ယူစရာကောင်းတဲ့ စံချိန်မှတ်တမ်းသစ်တစ်ခု ဖြစ်လာခဲ့ရသလို အင်္ဂလန်မြေမှာလည်း ချယ်လ်ဆီးအသင်းနဲ့ပါ အိမ်ကွင်းရှုုံးပွဲမရှိ စံချိန်ကောင်းတစ်ခုကိုပါ ရယူထားနိုင်ခဲ့လို့ ဥရောပရဲ့ ထိပ်တန်းအမှတ်ပေးလိဂ်(၂)ခုမှာ ဒီလို မှတ်တမ်းကောင်းတွေကို ရယူနိုင်ခဲ့တာက ဂုဏ်ယူစရာ ဖြစ်နေရပါတယ်။ ဒါပေမယ့် သူရဲ့ စံချိန်ဟောင်းတစ်ခုဖြစ်တဲ့ (၇၈)ပွဲဆက် အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ဟောင်းကို ကျော်ဖြတ်ပြီး စံချိန်သစ်တစ်ခုကို ရယူနိုင်ဖို့ဆိုတာကတော့ များစွာဝေးကွာလျက် ရှိနေပြီး ဒါကိုပါ မော်ရင်ဟို ထပ်မံစွမ်းဆောင်နိုင်ဦးမလားဆိုတာ စောင့်ကြည့်သွားရပါမယ်။