“ဘောလုံးလောကထဲမှာ ထိန်းချုပ်ဖို့ခက်ခဲလွန်းတဲ့အရာတွေဆိုတာ ရှိနေတတ်ပါတယ်။ ဥပမာ ကျွန်တော်က လူကောင်သေးငယ်ပြီး ခင်ဗျားက ကျွန်တော့်ထက် ၁၅စင်တီမီတာလောက် အရပ်ရှည်နေမယ်ဆိုရင် ဒါက မဖြစ်နိုင်တော့ပါဘူး အသင်းက တိုးတတ်သလောက် တိုးတတ်လာခဲ့ပေမယ့်လည်း အသင်းရဲ့ခံစစ်ပိုင်းကနေ ဒီလိုဂိုးတွေ မကြာခဏခွင့်ပြုခံနေရတာက အသင်းအတွက် အတော်လေးကို နစ်နာစေခဲ့ရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့နည်းပြဟောင်းဖြစ်တဲ့ မော်ရင်ဟို စပါးကို ကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ၅ပွဲအထိရအောင် စွမ်းဆောင်နိုင်ခဲ့ကာ အသင်းဟောင်း၂သင်းနဲ့ တွေ့ဆုံခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲတွေအသီးသီး ကြုံတွေ့ခဲ့သလို နောက်ဆုံးကစားသွားခဲ့တဲ့ အမှတ်ပေးဇယားအောက်ဆုံးက နော်ရစ်ခ်ျစီးတီးအသင်းနဲ့ပွဲမှာလည်း ၂ဂိုးစီသရေကျအောင် မနည်းကစားခဲ့ရပါတယ်။ စပါးအသင်းက ဒီနေ့ညမှာတော့ ဆောက်သမ်တန်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရဦးမှာပဲဖြစ်ပါတယ်။
(Unicode)
သွင်းဂိုးတွေ ခွင့်ပြုနေရခြင်းရဲ့အဓိကအကြောင်းအရင်းကို မော်ရင်ဟို ရှင်းလင်း
စပါးအသင်းကတော့ နည်းပြသစ်အဖြစ် ဟိုဆေးမော်ရင်ဟိုကို ခန့်အပ်ပြီးတဲ့နောက်မှာ ရလဒ်ပိုင်းအရ ပြန်လည်တည့်မတ်လာခဲ့သလို တိုက်စစ်ပိုင်းလည်း အရှိန်အဟန်မြင့်လာခဲ့ပေမယ့် ခံစစ်ကတော့ ဆက်လက်ယိုယွင်းနေဆဲဖြစ်ပြီး မော်ရင်ဟိုကိုင်တွယ်ခဲ့တဲ့ ပြိုင်ပွဲစုံပွဲပေါင်း၁၀ပွဲမှာ ပေးဂိုးက ၁၇ဂိုးအထိတောင် ရှိခဲ့ရပါတယ်။ စပါးအသင်းက မော်ရင်ဟိုကိုင်တွယ်ခဲဲ့ပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်ပွဲပေါင်း ၈ပွဲအတွင်းမှာ ၁၂ဂိုးအထိတောင် ပေးထားရတဲ့အပေါ်မှာ စိတ်ပျက်လျက်ရှိနေပြီး ဒီလိုဖြစ်နေရတဲဲ့ အဓိကအကြောင်းအရင်းတွေကိုလည်း အင်တာဗျူးအစီအစဉ်မှာ ပြောဆိုလာခဲ့ပါတယ်။
Photo Credit : Getty Images
မော်ရင်ဟိုဟာ စပါးအသင်းကို ကိုင်တွယ်ခဲ့ပြီးနောက်မှာ ဘန်လေကို ၅ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်နဲ့နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပဲ Clean Sheet တစ်ကြိမ်ရရှိခဲ့ရပြီး ပွဲတိုင်းလိုလိုမှာတော့ အနိမ့်ဆုံးအဖြစ် ၁ဂိုးလောက်ခွင့်ပြုနေရပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မော်ရင်ဟိုက “ကျွန်တော်တို့အသင်းက ကစားတာ အရမ်းကောင်းပါတယ်။ ပွဲချိန်တွေအတွင်းမှာလည်း ဖန်တီးမှုတွေလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့်လည်း ထောင့်ကန်ဘောတွေကနေ သွင်းဂိုးတွေကို များစွာခွင့်ပြုနေရတာကို ရပ်တန့်သွားအောင် လုပ်ဆောင်သွားသင့်ပါပြီ။ နောက်ပြီး ဘရိုက်တန်အသင်းနဲ့ ကစားခဲ့တဲဲ့ပွဲမှာလည်း ဖရီးကစ်ကနေ ဂိုးတွေခွင့်ပြုခဲ့ရပါသေးတယ်”
Photo Credit : Getty Images
“ဘောလုံးလောကထဲမှာ ထိန်းချုပ်ဖို့ခက်ခဲလွန်းတဲဲ့အရာတွေဆိုတာ ရှိနေတတ်ပါတယ်။ ဥပမာ ကျွန်တော်က လူကောင်သေးငယ်ပြီး ခင်ဗျားက ကျွန်တော့်ထက် ၁၅စင်တီမီတာလောက် အရပ်ရှည်နေမယ်ဆိုရင် ဒါက မဖြစ်နိုင်တော့ပါဘူး အသင်းက တိုးတတ်သလောက် တိုးတတ်လာခဲဲ့ပေမယ့်လည်း အသင်းရဲ့ခံစစ်ပိုင်းကနေ ဒီလိုဂိုးတွေ မကြာခဏခွင့်ပြုခံနေရတာက အသင်းအတွက် အတော်လေးကို နစ်နာစေခဲ့ရပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်အသင်းတွေရဲ့နည်းပြဟောင်းဖြစ်တဲ့ မော်ရင်ဟို စပါးကို ကိုင်တွယ်ခဲ့ပြီးနောက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ၅ပွဲဲအထိရအောင် စွမ်းဆောင်နိုင်ခဲ့ကာ အသင်းဟောင်း၂သင်းနဲ့ တွေ့ဆုံခဲ့တဲ့ပွဲတွေမှာ ရှုံးပွဲတွေအသီးသီး ကြုံတွေ့ခဲ့သလို နောက်ဆုံးကစားသွားခဲ့တဲ့ အမှတ်ပေးဇယားအောက်ဆုံးက နော်ရစ်ချ်စီးတီးအသင်းနဲ့ပွဲမှာလည်း ၂ဂိုးစီသရေကျအောင် မနည်းကစားခဲ့ရပါတယ်။ စပါးအသင်းက ဒီနေ့ညမှာတော့ ဆောက်သမ်တန်အသင်းနဲဲ့ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရဦးမှာပဲဖြစ်ပါတယ်။