ငွေကြေးပိုင်း အင်အားတောင့်တင်းလှတဲ့ လုပ်ငန်းစုကြီးတစ်ခုနဲ့ ပူးပေါင််းလိုက်ပြီဖြစ်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း နယူးကာဆယ်ယူနိုက်တက်အသင်းဟာ ပိုင်ရှင်သစ်လက်အောက်မှာ လက်ရှိ အသင်းနည်းပြ စတိဗ်ဘရုစ်နဲ့ လက်တွဲဖြုတ်ဖွယ် ရှိနေပြီး ဘရုစ်ရဲ့နေရာမှာလည်း နာမည်ကျော် နည်းပြတစ်ဦးဦးနဲ့ ပြန်လည်အစားထို်းသွားဖွယ် ရှိနေရာ နည်းပြသစ်နေရာအတွက် လျာထားတဲ့သူထဲမှာ လက်ရှိ ရိုးမားအသင်းနည်းပြ ဂျိုဆေးမော်ရင်ဟိုပါ ပါဝင်လာခြင်းအပေါ် မော်ရင်ဟိုကိုယ်တိုင် ပြန်လည်ဖြေရှင်းမှု ပြုလုပ်သွားခဲ့ပါတယ်။

Photo Credit : Uber Turco News

ချယ်လ်ဆီး မန်ချက်စတာယူနိုက်တက်နဲ့ စပါးတို့လို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြမော်ရင်ဟိုဟာ လက်ရှိမှာ ရိုးမားအသင်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွှက်လျက် ရှိနေပေမယ့်လည်း မကြာသေးခင်မှ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ထားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ သတင်းတွေ ထွက်ရှိလာတဲ့အပေါ် သူ့ဘက်ကနေ ပြန်လည်ဖြေရှင်းမှု လုပ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စရပ်နဲ့ပတ်သက်ပြီး ရိုးမားနည်းပြ မော်ရင်ဟိုက “နယူးကာဆယ်အသင်းနဲ့ပတ်သက်ပြီးတော့ဆိုရင် ကျွန်တော့်ဘက်က ဘာမှကို ပြောစရာ ရှိမနေပါဘူး။ လုံးဝကို ပြောစရာ မရှိပါဘူး”

Photo Credit : The Sun

“ကျွန်တော်ပြောနိုင်တဲ့ အရာတစ်ခုကတော့ နယူးကာဆယ်အသင်းရဲ့ သမိုင်းတလျှောက်မှာ အရေးပါဆုံးသော လူတစ်ယောက်ဖြစ်ခဲ့တဲ့ ဆာဘော်ဘီရော့ဆန်နဲ့ နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့ဖူးတာကိုပါပဲ။ အဲ့ဒါကြောင့်မို့ ဒီအသင်းရဲ့ ပရိသတ်တွေ မြို့တော်ပိုင်းတွေနဲ့ နည်းနည်းလေးတော့ စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတွေ ရှိခဲ့ရပါတယ်။ ဒါပေမယ့် အဲ့ဒါထက် ဘာမှတော့ မပိုပါဘူး။ အခု ကျွန်တော်က ရောမမှာ ရှိ်နေတာပါ။ ဒီမှာရှိနေရတာကိုလည်း ကျွန်တော် ပျော်ရွှင်နေပါတယ်။ အခု ကျွန်တော်က ရိုးမားအသင်းရဲ့ ပရောဂျက် Friedkin ပရောဂျက်အတွက်ကိုပဲ ရာခိုင်နှုန်းပြည့်ကို အာရုံစိုက်ထားပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာ နယူးကာဆယ်အသင်းဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ရီးယဲလ်နည်းပြဟောင်း ဇီဒန်း ချယ်လ်ဆီး အင်တာ နည်းပြဟောင်း ကွန်တီ အပါအဝင် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် နည်းပြဟောင်း မော်ရင်ဟိုကိုပါ အလိုရှိနေတာဖြစ်ပြီး လတ်တလောမှာတော့ ဒီနည်းပြတွေက နယူးကာဆယ်ကို တာဝန်ယူ ဆောင်ရွှက်ဖို့ ဆန္ဒမရှိပဲ ဖြစ်နေကြပါတယ်။