စပါး နည်းပြ မော်ရင်ဟိုဟာ မက်ဆီကို ခေါ်ယူချင်ပါသလားလို့ အမေးခံရတဲ့ အချိန်မှာ မက်ဆီအနေနဲ့ ဘဏ္ဍရေး မျှခြေ စည်းမျဉ်းကို မလေးစားတဲ့ မန်စီးတီးအသင်းကို ပြောင်းနိုင်ချေ ရှိနေပေမယ့်လည်း စပါးအသင်းကတော့ ဘဏ္ဍာရေး မျှခြေ စည်းမျဉ်းကို လေးစားပါတယ်လို့ ပြန်ဖြေသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ဘာစီလိုနာအသင်းကနေ ထွက်သွားပါမယ်လို့ ပြောခဲ့စဉ်က နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို ပြောင်းနိုင်တယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် နောက်ဆုံံးမှာတော့ ဘာစီလိုနာအသင်းမှာပဲ ဆက်နေသွားပါလိမ့်မယ်လို့ ပြန်ပြောသွားခဲ့ပါတယ်။

Photo Credit: Metrosport

စီးတီးဘောလုံးအဖွဲ့ (CFG) ဟာ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို (၅) နှစ် စာချုပ်ချုပ်ဖို့အတွက် သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) နဲ့ ကမ်းလှမ်းခဲ့ပါတယ်လို့ သတင်းတွေ ထွက်ခဲ့တဲ့ အတွက်ကြောင့် မက်ဆီကို ခေါ်ယူနိုင်ချေ ရှိတယ်လို့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း တိုက်စစ်မှူး မက်ဆီက ဘာစီလိုနာအသင်းမှာ ဆက်နေမှာ ဖြစ်တယ်လို့ ပြောခဲ့ပြီး စပါးနည်းပြ မော်ရင်ဟိုက မန်စီးတီးအသင်းအနေနဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားမှုက ဘဏ္ဍာရေး မျှခြေ စည်းမျဉ်းကို မလေးစားမှု ဖြစ်ပါတယ်လို့ သတင်းထောက်တွေကို ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metrosport

နည်းပြ မော်ရင်ဟိုဟာ မက်ဆီကို ခေါ်ယူချင်ပါသလားလို့ အမေးခံလိုက်ရတဲ့ အခါမှာတော့ သူက “ကျွန်တော့်ရဲ့ ထိပ်သီး (၁၁) သင်းအတွက်လား။ စပါးအသင်းအတွက်တော့ မဟုတ်၊ မဟုတ်ဘူး။ သူက ထိပ်သီး (၁၁) သင်းအတွက် ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့က စပါးအသင်းမှာ ဘဏ္ဍာရေး မျှခြေ စည်းမျဉ်းကို လေးစားပါတယ်။ မက်ဆီအနေနဲ့ ဘဏ္ဍာရေး မျှခြေ စည်းမျဉ်းကို မလေးစားတဲ့ အသင်းကိုပဲ သွားနိုင်ပါတယ်။ ဒီတော့ စပါးအတွက် မဟုတ်ပါဘူး”လို့ ဆိုပါတယ်။ နည်းပြ မော်ရင်ဟိုရဲ့ စပါးအသင်းဟာ ယခုအပတ် လာမယ့် တနင်္ဂနွေနေ့ညမှာ ပရီးမီးယားလိဂ် အဖွင့် ပွဲစဉ်ကို အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပြီး အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။