ချယ်လ်ဆီးအသင်းကတော့ မနေ့ညက ကစားသွားခဲ့တဲ့ ဘုန်းမောက်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၂၈)မှာ နောက်ခံလူ မားကို့စ်အလွန်ဆိုရဲ့သွင်းဂိုးတွေနဲ့အတူ ၂ဂိုးစီသရေကျအောင်သာ ကစားနိုင်ခဲ့ပြီး အဆင့်၅နေရာက မန်ချက်စတာယူနိုက်တက်အသင်းသာ ဒီနေ့မှာ အဲဗာတန်ကိုနိုင်ခဲ့မယ်ဆိုရင်တော့ ချယ်လ်ဆီးရဲ့ အဆင့်၄နေရာအတွက် အန္တရာယ်ရှိလာတော့မှာဖြစ်ပါတယ်။ ဒီလို ရလဒ်တွေ အတတ်အကျများနေချိန် အသင်းရဲ့အဓိက ကစားသမားဖြစ်သူ ကွင်းလယ်လူကန်တီကလည်း ဒဏ်ရာရနေတာမို့ ချယ်လ်ဆီးအတွက် အကျပ်ရိုက်နေရပြီး အခုလည်း ဂျော်ဂျင်ဟိုကိုပါ ပွဲပယ်ပြစ်ဒဏ်ကြောင့် ၂ပွဲလောက် လက်လွတ်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Getty Images

ပရီးမီးယားလိဂ်လို အမှတ်ပေးလိဂ်ပွဲတွေမှာ အဝါကတ်ပြစ်ဒဏ်နဲ့ပတ်သက်ပြီး စည်းမျဉ်းတစ်ခုအနေနဲ့ ကစားသမားတစ်ဦးဟာ ဘောလုံးရာသီတစ်ခုအတွင်းမှာ အဝါကတ်ပြားကို ၅ကြိမ်ထိ ပြသခံရမယ်ဆိုရင် ပွဲပယ်ပြစ်ဒဏ်အဖြစ် ၁ပွဲပယ်ပြီး အဲ့ဒီကနေတစ်ဆင့် နောက်ထပ် အဝါကတ်ထပ်အပြခံရမယ်ဆိုရင်တော့ ၂ပွဲပယ်ပြစ်ဒဏ် ထပ်မံချမှတ်တာပဲဖြစ်ပါတယ်။ ချယ်လ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုမှာလည်း ဘုန်းမောက်နဲ့ပွဲမှာ သူရဲ့ဒီရာသီ ၁၀ကတ်မြောက်အဝါကတ်ကို ပြသခံလိုက်ရတာကြောင့် လာမယ့်ပွဲစဉ်၂ပွဲကို ပါဝင်ခွင့်ရတော့မှာမဟုတ်ပါဘူး။

Photo Credit : Getty Images

အသက်၂၈နှစ်အရွှယ် အီတလီလက်ရွေးစင် ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ဒီအဝါကတ်ပြစ်ဒဏ်ကြောင့် အဲဗာတန် အက်စတွန်ဗီလာအသင်းတွေနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လွဲချော်ရတော့မှာဖြစ်ပြီး အသင်းရဲ့ကွင်းလယ်မှာကလည်း ကိုဗာဆစ်နဲ့ ဘာကလေ မေဆန်မောင့်တို့သာ ကျန်ရှိနေရကာ ကျန်ရှိနေတော့သလို ဒဏ်ရာကနေ သက်သာလာပြီဖြစ်တဲ့ လော့တပ်ချိဖ်မှာလည်း ပွဲထွက်ကစားဖို့အတွက် ကြံခိုင်မှုမပြည့်ဝသေးတာကြောင့် ကွင်းလယ်ပိုင်းမှာ အခက်တွေ့လာနိုင်ပါတယ်။ ဒါ့အပြင် ကစားပုံကြမ်းတမ်းလေ့ရှိသော ဂျော်ဂျင်ဟိုဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲမှာလည်း အဝါကတ်ထိခဲ့သေးတာကြောင့် ဂျာမန်မြေမှာ ပြန်ကစားရမယ့် ဒုတိယအကျော့ပွဲကိုပါ လွဲချော်ရဦးမှာဖြစ်ပါတယ်။