နာပိုလီအသင်းကနေ ချယ်လ်ဆီးအသင်းထံကို နည်းပြဆာရီ ပြောင်းရွှေ့လာမှုနဲ့အတူ တစ်ပါတည်း ရောက်ရှိလာခဲ့တဲ့ အီတလီ လက်ရွေးစင် ဂျော်ဂျင်ဟိုဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့မှာတော့ ချယ်လ်ဆီးအသင်းမှ ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ နည်းပြဆာရီရဲ့ လမ်းစဉ်အတိုင်း ဂျူဗင်တပ်အသင်းထံကို ပြောင်းရွှေ့နိုင်တယ်လို့ သိရပါတယ်။

Photo Credit: Daily Express.com

ဂျော်ဂျင်ဟိုဟာ ဆာရီရဲ့လက်အောက်မှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ရရှိခဲ့သူ ဖြစ်ပြီး သူဟာ ဆာရီနဲ့အတူ ယူရိုပါလိဂ်ဖလား တစ်လုံးကိုလည်း ဆွတ်ခူးနိုင်ခဲ့သူပါ။ လက်ရှိမှာတော့ ဘောလုံးကျွမ်းကျင်သူတွေက ဆာရီဟာ ဂျူဗင်တပ်အသင်းထံကို ဂျော်ဂျင်ဟိုအား ခေါ်ယူလိုနေကြောင်း သုံးသပ်ထားကြသလို အဆိုပါ ကိစ္စကို ဂျော်ဂျင်ဟိုရဲ့ အေးဂျင့်ဖြစ်သူ ဆန်းတို့စ် ကလည်း အရိပ်အမြွက်ပြောကြားသွားပါတယ်။

Photo Credit: Daily Express.com

ဂျော်ဂျင်ဟိုတစ်ယောက် ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့မလားဆိုတဲ့ မေးခွန်းအပေါ် ဆန်းတို့စ်က ” ဘာလို့ မဖြစ်နိုင်ရမှာလဲ ” ဆိုပြီး တုန့်ပြန်သွားခဲ့တာပါ။ ဆက်လက်ပြီး ဆန်းတို့စ် က ဂျူဗင်တပ်အသင်းဟာ ဂျော်ဂျင်ဟိုကို ကမ်းလှမ်းမှုတွေ ပြုလုပ်မှာဖြစ်ကြောင်း ” သူ့အတွက် ကမ်းလှမ်းမှုတွေ ရောက်လာမယ်ဆိုတာ ကျိန်းသေပါတယ်။အပြောင်းအရွှေ့အတွက်တော့ ချယ်လ်ဆီးအသင်းနဲ့အတူ ဆွေးနွေးမှုတွေ လုပ်သွားရမှာပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Daily Express.com

အသက် ၂၈နှစ်အရွယ် ဂျော်ဂျင်ဟိုဟာ ယခု ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ပွဲအထိ ဝင်ရောက် ကစားခွင့်ရရှိထားသူဖြစ်ပြီး ၄ဂိုးသွင်းယူကာ ၂ဂိုး ဖန်တီးပေးထားနိုင်ပါတယ်။ စျေးကွက်အတွင်းမှာတော့ ဂျော်ဂျင်ဟိုရဲ့တန်ကြေးဟာ ယူရို ၆၀သန်းဝန်းကျင် ရှိနိုင်ပါတယ်။