ချယ်လ်ဆီးအသင်းရဲ့အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ဟိုကတော့ ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်ကို ကစားရာမှာ ရယ်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရတယ်လို့ သိရပါတယ်။ အကြောင်းကတော့ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ဂျော်ဂျင်ဟိုရဲ့အင်္ကျီမှာပါဝင်တဲ့နာမည်ဟာ ဂျော်ဂျင်ဟိုဆိုတဲ့နာမည်မဟုတ်ခဲ့ပဲ Hနဲ့Nတို့ကို နေရာလွဲမှားစွာရိုက်နှိပ်ခဲ့တာကြောင့် ဂျော်ဂျီနိုဆိုပြီး ဖြစ်ခဲ့ရတာကြောင့်ပါပဲ။
ချယ်လ်ဆီးအသင်းရဲ့အဓိကကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဂျော်ဂျင်ဟိုကတော့ ယနေ့မနက်မှာ ကစားသွားခဲ့တဲ့ ဥရောပစူပါဖလားပွဲစဉ်အဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတစ်သင်းဖြစ်တဲ့ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်ကို ကစားရာမှာ ရယ်စရာကောင်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ရင်ဆို်င်ခဲ့ရတယ်လို့ သိရပါတယ်။ အကြောင်းကတော့ လီဗာပူးလ်အသင်းနဲ့ပွဲစဉ်မှာ ဂျော်ဂျင်ဟိုရဲ့အကျႌမှာပါဝင်တဲ့နာမည်ဟာ ဂျော်ဂျင်ဟိုဆိုတဲ့နာမည်မဟုတ်ခဲ့ပဲ Hနဲ့Nတို့ကို နေရာလွဲမှားစွာရိုက်နှိပ်ခဲ့တာကြောင့် ဂျော်ဂျီနိုဆိုပြီး ဖြစ်ခဲ့ရတာကြောင့်ပါပဲ။
Photo Credit: Daily Mail.com
ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ All English Final ဟာ ထင်ထားတာထက်ပိုမိုပြီး အကြိတ်အနယ်ရှိခဲ့ပြီး ချယ်လ်ဆီးအသင်းရဲ့ကစားပုံဟာ လီဗာပူးလ်အသင်းကို အပြန်အလှန်ကစားနိုင်ခဲ့တာကြောင့် နည်းပြသစ်လမ်းပတ်ကိုတော့ ချီးကျူးရမှာပါ။ လီဗာပူးလ်အသင်းကတော့ အသားကျပြီးသားကစားဟန် ၊ အတွဲအဖက်ညီတဲ့ကစားသမားတွေနဲ့သာ ပွဲကိုယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ချန်ပီယံဆိုတဲ့ဂုဏ်ပုဒ်နဲ့အညီ အမှားအယွင်းအနည်းဆုံးဖြစ်အောင် ကစားသွားခဲ့ပြီး နောက်ဆုံးမှာတော့ ပင်နယ်တီကနေတဆင့် ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့တာပါ။
Photo Credit: Daily Mail.com
အဆိုပါပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ ပရိသတ်တွေဟာ အသင်းရဲ့ကစားပုံကို ကျေနပ်နေကြပြီး အထူူးသဖြင့် ကန်တီ ၊ ဂျော်ဂျင်ဟို ၊ ကိုဗာစစ်တို့ရဲ့ကွင်းလယ်ပိုင်းဟာ ယခင်နှစ်တွေကထက် ပိုမိုတိုးတက်လာတယ်လို့ ချီးကျူးနေကြပါတယ်။ ဒါပေမယ့် အဆိုပါချီးကျူးမှုတွေကြားထဲမှာ ဂျော်ဂျင်ဟိုအတွက် မျက်နှာပျက်စရာဖြစ်ခဲ့တာကတော့ သူ့ရဲ့အကျႌမှာ ရိုက်နှိပ်ထားတဲ့ အမည်ပဲဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုရဲ့အမည်ဟာ Jorginhoလို့ပေါင်းတာဖြစ်ပေမယ့် မနေ့ညကပွဲစဉ်မှာတော့ Jorghino ဆိုပြီး မှားယွင်းစွာ ရိုက်နှိပ်ထားခံခဲ့ရတာလည်း ဖြစ်ပါတယ်။
Photo Credit: Daily Mail.com
အဆိုပါမှားယွင်းမှုကို ကွင်းအတွင်းမှာ ကြည့်ရှုခဲ့ကြတဲ့ပရိသတ်တွေကတော့ သိရှိခဲ့ပုံမပေါ်ပဲ တီဗွီကနေတဆင့်ကြည့်ရှုခဲ့တဲ့ ချယ်လ်ဆီးအသင်းပရိသတ်တစ်ဦးဟာ အဆိုပါမှားယွင်းမှုကိုတွေ့ခဲ့ပြီး သူ့ရဲ့ဆိုရှယ်မီဒီယာအကောင့်ကနေတဆင့် ဂျော်ဂျင်ဟိုရဲ့မှားယွင်းမှုကို ထောက်ပြကာ ဂျော်ဂျင်ဟိုကိုစနောက်သွားခဲ့ပါတယ်။ ဂျော်ဂျင်ဟိုကတော့ အဆိုပါမှားယွင်းမှုကို သိရှိပုံမပေါ်ပဲ သူ့ရဲ့အမည်ဟာ မှန်နေဆဲပဲလို့ ထင်မြင်နေပုံပါ။ ချယ်လ်ဆီးအသင်းရဲ့ပရိသတ်တွေကတော့ အဆိုပါမှားယွင်းမှုဟာ နာမည်ရိုက်နှိပ်သူရဲ့အမှားအယွင်းကြောင့်ဖြစ်ကြောင်း ချယ်လ်ဆီးအသင်းရဲ့တာဝန်ရှိသူတွေက ဝေဖန်မှုတွေပြုလုပ်နေပါတယ်။