ဘာစီလိုနာအသင်းအနေနဲ့ ပိုလန် တိုက်စစ်ကစားသမားကြီး ရောဘတ်လီဝန်ဒေါစကီးကို ဘိုင်ယန်မြူးနစ်အသင်းကနေ မခေါ်ယူခင် စူပါစတား ကစားသမားကြီးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုကို ခေါ်ယူဖို့ အခွင့်အရေး ရရှိခဲ့ပြီး ရော်နယ်လ်ဒိုရဲ့အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်စ်က သူ့ကစားသမားကို ခေါ်ယူသွားဖို့ ဘာစီလိုနာအသင်းဆီ ကမ်းလှမ်းခဲ့တယ်လို့ နာမည်ကျော် အားကစားဂျာနယ်လစ် ဘင်ဂျာကော့စ်က ဖော်ပြလာခဲ့ပါတယ်။

Report: Cristiano Ronaldo Has Convinced Atletico Madrid To Sign Him From  Manchester United - Sports Illustrated Manchester United News, Analysis and  More

Photo Credit : Sport Illustrated

ဒီနှစ် နွေဈေးကွက်ထဲမှာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာသွားချင်နေတဲ့ goat ကြီး ရော်နယ်လ်ဒိုက လတ်တလောမှာ အသင်းရဲ့ ရာသီကြို လေ့ကျင့်ခန်းအစီအစဉ်တွေနဲ့ preseason tour တွေကိုပါ လွဲချော်ထားခဲ့ရသလို သူရဲ့အေးဂျင့် မန်ဒက်စ်မှာလည်း ရော်နယ်လ်ဒိုရဲ့ အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ကလပ်အသင်းကြီးတွေနဲ့ ချိတ်ဆက်ပေးလျက် ရှိနေပါတယ်။ မန်ဒက်စ် ဆက်သွယ်နေတဲ့ အသင်းတွေထဲမှာ လာလီဂါ ထိပ်သီးကလပ် ဘာစီလိုနာအသင်းလည်း ပါဝင်နေပြီး ဘာစီလိုနာအနေနဲ့ လီဝန်ဒေါစကီးကို ဘိုင်ယန်မြူးနစ်ကနေ မခေါ်ယူခင်မှာပဲ ရော်နယ်လ်ဒိုကို ခေါ်ယူဖို့အထိ အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။

Jorge Mendes informs clubs that Cristiano Ronaldo will make major sacrifice  to escape Man United | CaughtOffside

Photo Credit : CaughtOffside

စူပါအေးဂျင့် မန်ဒက်စ်ဟာ သူရဲ့ကစားသမား ရော်နယ်လ်ဒိုကို မန်ယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အခြားသော ဥရောပထိပ်တန်း ကလပ်အသင်းတွေဆီ ပြောင်းရွှေ့လို့ရဖို့အတွက် ဘိုင်ယန်မြူးနစ် ချယ်လ်ဆီး ပီအက်စ်ဂျီ အသက်လက်တီကိုအသင်းတွေအပြင် ဘာစီလိုနာအသင်းတို့နဲ့ပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ဘိုင်ယန် တိုက်စစ်ကစားသမား လီဝန်ဒေါစကီးကို မခေါ်ယူခင်မှာ အေးဂျင့်မန်ဒက်စ်က ဘာစီလိုနာအသင်းနဲ့ ဆက်သွယ်ပြီး ရီးယဲလ်မက်ဒရစ် ကစားသမားဟောင်း ရော်နယ်လ်ဒိုကို ခေါ်ယူပေးဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် ဘာစီလိုနာက ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ လစ်လျူရှုခဲ့ပြီး သူတို့အသင်းကို ပြောင်းရွှေ့လာချင်နေတဲ့ လီဝန်ဒေါစကီးကိုသာ ခေါ်ယူသွားခဲ့ပါတယ်။ လက်ရှိမှာလည်း မန်ဒက်စ်ရဲ့ ဆက်သွယ် ကြိုးပမ်းမှုတွေက အခုထိကို အလုပ်မဖြစ်သေးပဲ အသင်းများစွာက ရော်နယ်လ်ဒိုကို ခေါ်ယူဖို့ ငြင်းဆန်ထားခဲ့ကြပါတယ်။ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရတော့ မန်ဒက်စ်က သူ့ကစားသမားကိုသာ ခေါ်ယူမယ်ဆိုရင် သူ့ကစားသမား ရော်နယ်လ်ဒိုအနေနဲ့ လုပ်ခလစာကို သိသိသာသာ လျှော့ယူသွားလိမ့်မယ်လို့ အသိပေးထားခဲ့ပြီး အပြောင်းအရွှေ့ ဖြစ်ပေါ်လာဖို့အတွက် ဆက်လက် ကြိုးပမ်းလျက် ရှိနေပါတယ်။