MySport Myanmar

အင်္ဂလန်ရဲ့ ပင်တိုင်ဂိုးသမား ပစ်ဖို့ဒ်ကို နယူးကာဆယ်အသင်း ပစ်မှတ်ထားလို့နေ

နယူးကာဆယ်ယူနိုက်တက်အသင်းဟာ လာမယ့်စျေးကွက်ထဲမှာ အသင်းရဲ့ နေရာစုံအတွက် ကစားသမားဖြည့်တင်းမှုတွေ များစွာလုပ်ဆောင်သွားဖို့ ရှိနေရာ ဂိုးသမားနေရာအတွက်ကိုလည်း နယူးကာဆယ်ရဲ ခါးသီး မြို့ခံ​ဖြစ်​​တဲ့ ဆန်းဒါးလန်း ဂိုးသမားဟောင်းလည်းဖြစ် လက်ရှိ အင်္ဂလန်လက်ရွေးစင် နံပါတ်တစ်ဂိုးသမားလည်းဖြစ်တဲ့ ဂျော်ဒန်ပစ်ဖို့ဒ်ကို ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ talkSPORT သတင်းမီဒီယာကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ အဲဗာတန်အသင်း ဂိုးသမား ပစ်ဖို့ဒ်ဟာ သူရဲ့ကလပ်အသင်းအတွက်ရော နိုင်ငံအတွက်ပါ အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းကို အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာလည်း ပစ်ဖို့ဒ်ဟာ စွမ်းစွမ်းတမံ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ၂၀၁ရခုနှစ်ကတည်းက ဆန်းဒါးလန်းကနေ အဲဗာတန်အသင်းဆီ ပေါင်(၂၅)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ပစ်ဖို့ဒ်ဟာ အဲဗာတန်နဲ့ လက်တွဲဖြုတ်သွားဖို့ အစီအစဉ် မရှိပေမယ့်လည်း တကယ်လို့ အဲဗာတန်သာ ဒီရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားမယ်ဆိုရင်တော့ သူရဲ့အနာဂတ်အတွက် အပြောင်းအလဲတစ်ခုကို လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

Photo Credit : The Mirror

တကယ်လို့ အဲဗာတန််သာ ပရီးမီးယားလိဂ် တန်းဆင်းသွားခဲ့လို့ ပစ်ဖို့ဒ်ကပါ အဲဗာတန်နဲ့ပဲ ချန်ပီယံရှစ်ထိ လိုက်ပါသွားမယ်ဆိုရင် လာမယ့်နိုဝင်ဘာလ ကာတာနိုင်ငံမှာ ကျင်းပသွားမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ဝင်ရောက်ဆင်နွဲမယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းမှာ ပါဝင်လာခဲ့မယ်ဆိုရင်တောင် ချန်ပီယံရှစ်က ဂိုးသမားဖြစ်နေတဲ့အတွက် အခွင့်အရေးတွေ နည်းလာနိုင်တာကြောင့် အဲဗာတန်သာ တန်းဆင်းခဲ့ရင် ပစ်ဖို့ဒ်လည်း အဲဗာတန်ကို ကျောခိုင်းရနိုင်ပါတယ်။ အဲဗာတန်အသင်းကလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဘဏ္ဍာရေး အရှုံးပေါ်ထားခဲ့တာကြောင့် အသင်းသာ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရမယ်ဆိုရင် ပစ်ဖို့ဒ် အပါအဝင် ရစ်ချာလီဆန် ကဲလ်ဗတ်လီဝင်တို့လို အသင်းရဲ့ ထိပ်တန်းကစားသမားတွေကို ရောင်းထုတ်ရမယ့် အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရနိုင်ပါတယ်။ ဒါကြောင့် ဂိုးသမားသစ်တစ်ဦး ခေါ်ယူသွားချင်နေတဲ့ နယူးကာဆယ်အသင်းက မြို့ခံဆန်းဒါးလန်း ဂိုးသမားဟောင်း ပစ်ဖို့ဒ်ကို စတင်ချိန်ရွှယ်နေတာဖြစ်ပြီး တော့တင်ဟမ်အသင်းကလည်း အသင်းရဲ့ ဝါရင့်ဂိုးသမားကြီး လိုရစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာ လိုရစ်နေရာ ချက်ချင်းအစားထိုးနိုင်ဖို့အတွက် ပစ်ဖို့ဒ်ကို ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Exit mobile version