မန္ခ်က္စတာယူႏုိက္တက္အသင္းရဲ႕ တုိက္စစ္ကစားသမား ရုိမယ္လူလ္လူကာကူရဲ႕ ညီျဖစ္တဲ႔ ဘယ္ေနာက္ခံကစာသမား ေဂ်ာ္ဒန္လူကာကူဟာ ပရီးမီးယားလိဂ္ ကလပ္အသင္းတစ္သင္းျဖစ္တဲ႔ နယူးကာဆဲလ္ယူႏုိက္တက္မွာ ရာသီကုန္အငွားစာခ်ဳပ္နဲ႔ လာေရာက္ကစားဖုိ႔ သေဘာတူညီၿပီးေနာက္ပုိင္း အသင္းရဲ႕ ေလ့က်င့္ေရးကြင္းအထိကုိပါ ေရာက္ရွိလာခဲ့ေပမယ့္ သူရဲ႕ ႀကံခုိင္ေရးအေျခအေနေၾကာင့္ ေခၚယူမယ့္ကိစၥကုိ နယူးကာဆဲလ္ဘက္ကေန ပယ္ဖ်က္သြားခဲ႔ပါတယ္။

အသက္ ၂၄ႏွစ္အရႊယ္ ဘယ္ဂ်ီယံေနာက္ခံကစားသမား ေဂ်ာ္ဒန္လူကာကူဟာ စီးရီးေအကလပ္ လာဇီယုိအသင္းရဲ႕ ကစားသမားတစ္ေယာက္ျဖစ္ၿပီး ဒီႏွစ္ရာသီမွာ ပုံမွန္ေနရာတစ္ေနရာ မရရွိတာေၾကာင့္ ပရီးမီးယားလိဂ္မွာ တန္းမဆင္းရဖုိ႔ ရုန္းကန္ေနရတဲ႔ နယူးကာဆဲလ္အသင္းဆီကုိ ရာသီကုန္အထိ အငွားနဲ႔သြားကစားဖုိ႔ ဆုံးျဖတ္ခဲ႔တာျဖစ္ပါတယ္။ ဒါေၾကာင့္ ေဂ်ာ္ဒန္ဟာ ေသာၾကာေန႔ကတည္းက လာဇီယုိအသင္းရဲ႕ ခြင့္ျပဳခ်က္နဲ႔ နယူးကာဆဲလ္ရဲ႕ ေလ့က်င့္ေရးကြင္းအထိကုိ ေရာက္လာခဲ႔ေပမယ့္လည္း သူရဲ႕ ေဆးစစ္ခ်က္ရလဒ္ေတြအရ ႀကံခုိင္မႈအပုိင္းမွာ အားနည္းခ်က္ေတြရွိေနတာေၾကာင့္ အငွားေခၚယူဖုိ႔ကုိ နယူးကာဆဲလ္ဘက္ကေန ပယ္ခ်သြားခဲ႔ရတာျဖစ္ပါတယ္။

ဒီအေၾကာင္းကုိ နယူးကာဆဲလ္အသင္းဘက္ကေန “ေဂ်ာ္ဒန္လူကာကူနဲ႔ နယူးကာဆဲလ္အသင္းတုိ႔ ပူးေပါင္းသြားေတာ့မွာမဟုတ္ဘူးလုိ႔ အတည္ျပဳထုတ္ျပန္လုိက္ပါတယ္။ သူရဲ႕ကလပ္အသင္း ခြင့္ျပဳခ်က္နဲ႔ ေသာၾကာေန႔ ေလ့က်င့္ေရးကြင္းကုိ ေရာက္လာခဲ႔ေပမယ့္လည္း အခုအခ်ိန္မွာေတာ့ အငွားေျပာင္းေရႊ႕မႈက ပ်က္သြားခဲ႔ပါၿပီ။ ကစားသမားလည္း ေရာမကုိ ျပန္သြားပါၿပီ။ အနာဂတ္မွာ ေဂ်ာ္ဒန္အေကာင္းဆုံးေတြ ပုိင္ဆုိင္ႏုိင္ပါေစလုိ႔ ဆုေတာင္းပါတယ္” လုိ႔ ထုတ္ျပန္သြားခဲ့ပါတယ္။

နယူးကာဆဲလ္အသင္းဟာ ဘယ္ေနာက္ခံေနရာအတြက္ ကစားသမားလုိအပ္ေနခ်ိန္မွာ အသင္းကုိ ေရာက္ရွိဖုိ႔ နီးစပ္ခဲ႔တဲ႔ ေဂ်ာ္ဒန္လူကာကူကုိ မေခၚႏုိင္လုိက္တာဟာ အသင္းအတြက္ ထုိးႏွက္ခ်က္ ျဖစ္လာႏုိင္ၿပီး ေစ်းကြက္ပိတ္သိမ္းခါနီးေနၿပီျဖစ္လုိ႔ ေနာက္ထပ္ကစားသမားတစ္ေယာက္ကုိ အသည္းအသန္နဲ႔ ရွာေဖြသြားရေတာ့မွာျဖစ္ပါတယ္ခင္ဗ်ာ။

(Unicode)

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား ရိုမယ်လူလ်လူကာကူရဲ့ ညီဖြစ်တဲ့ ဘယ်နောက်ခံကစာသမား ဂျော်ဒန်လူကာကူဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆဲလ်ယူနိုက်တက်မှာ ရာသီကုန်အငှားစာချုပ်နဲ့ လာရောက်ကစားဖို့ သဘောတူညီပြီးနောက်ပိုင်း အသင်းရဲ့ လေ့ကျင့်ရေးကွင်းအထိကိုပါ ရောက်ရှိလာခဲ့ပေမယ့် သူရဲ့ ကြံခိုင်ရေးအခြေအနေကြောင့် ခေါ်ယူမယ့်ကိစ္စကို နယူးကာဆဲလ်ဘက်ကနေ ပယ်ဖျက်သွားခဲ့ပါတယ်။

အသက် ၂၄နှစ်အရွှယ် ဘယ်ဂျီယံနောက်ခံကစားသမား ဂျော်ဒန်လူကာကူဟာ စီးရီးအေကလပ် လာဇီယိုအသင်းရဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီနှစ်ရာသီမှာ ပုံမှန်နေရာတစ်နေရာ မရရှိတာကြောင့် ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ နယူးကာဆဲလ်အသင်းဆီကို ရာသီကုန်အထိ အငှားနဲ့သွားကစားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဂျော်ဒန်ဟာ သောကြာနေ့ကတည်းက လာဇီယိုအသင်းရဲ့ ခွင့်ပြုချက်နဲ့ နယူးကာဆဲလ်ရဲ့ လေ့ကျင့်ရေးကွင်းအထိကို ရောက်လာခဲ့ပေမယ့်လည်း သူရဲ့ ဆေးစစ်ချက်ရလဒ်တွေအရ ကြံခိုင်မှုအပိုင်းမှာ အားနည်းချက်တွေရှိနေတာကြောင့် အငှားခေါ်ယူဖို့ကို နယူးကာဆဲလ်ဘက်ကနေ ပယ်ချသွားခဲ့ရတာဖြစ်ပါတယ်။

ဒီအကြောင်းကို နယူးကာဆဲလ်အသင်းဘက်ကနေ “ဂျော်ဒန်လူကာကူနဲ့ နယူးကာဆဲလ်အသင်းတို့ ပူးပေါင်းသွားတော့မှာမဟုတ်ဘူးလို့ အတည်ပြုထုတ်ပြန်လိုက်ပါတယ်။ သူရဲ့ကလပ်အသင်း ခွင့်ပြုချက်နဲ့ သောကြာနေ့ လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ အငှားပြောင်းရွှေ့မှုက ပျက်သွားခဲ့ပါပြီ။ ကစားသမားလည်း ရောမကို ပြန်သွားပါပြီ။ အနာဂတ်မှာ ဂျော်ဒန်အကောင်းဆုံးတွေ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပါတယ်” လို့ ထုတ်ပြန်သွားခဲ့ပါတယ်။

နယူးကာဆဲလ်အသင်းဟာ ဘယ်နောက်ခံနေရာအတွက် ကစားသမားလိုအပ်နေချိန်မှာ အသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့တဲ့ ဂျော်ဒန်လူကာကူကို မခေါ်နိုင်လိုက်တာဟာ အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်ပြီး စျေးကွက်ပိတ်သိမ်းခါနီးနေပြီဖြစ်လို့ နောက်ထပ်ကစားသမားတစ်ယောက်ကို အသည်းအသန်နဲ့ ရှာဖွေသွားရတော့မှာဖြစ်ပါတယ်ခင်ဗျာ။