မန်ချက်စတာယူနိုက်တက်လို ထိပ်တန်းကလပ်အသင်းကြီးတစ်သင်းမှာ ပါဝင်နေရပေမယ့်လည်း တစ်နှစ်နီးပါးလောက်အထိကို အသင်းအတွက် ကစားခွင့်တွေ လုံးဝမရသလို အသင်းနဲ့ လက်တွဲဖြုတ်ရတော့မယ်လို့ သတင်းထွက်ပေါ်လျက်ရှိနေတဲ့ နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ဟာ သူရဲ့ဒဏ်ရာအခြေအနေကနေ ပြန်လည်သက်သာလာပြီ အသင်းအတွက် ပါဝင်ကစားပေးဖို့ အဆင့်သင်ဖြစ်နေပြီဆိုရင်တော့ အသင်းမှာ ပြန်ပြီးနေရာရလာနိုင်တယ်လို့ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားကနေ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်နောက်ခံကစာသမား ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်ကို ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန် ကိုင်တွယ်နေစဉ် ၂၀၁၁ခုနှစ်က ဘလက်ဘန်းအသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအသင်းသားတွေအားလုံးထဲမှာ အသင်းအတွက် နှစ်ရှည်ကြာ ပါဝင်ကစားထားသူလည်း ဖြစ်လို့နေပါတယ်။ ဖီးလ်ဂျုံးစ်ဟာ လွန်ခဲ့တဲ့ ၂၀၂ဝခုနှစ် နှစ်ဦးပိုင်းလောက်က ထရန်မဲလ်အသင်းနဲ့ ကစားခဲ့ရတဲ့ အက်အေဖလားပွဲမှာ ပါဝင်ခဲ့ပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြသာာနာတွေ အသင်းမှာကလည်း မက်ဂွိုင်းယား ဘိုင်လီ လင်ဒီလော့တို့လို့ ခံစစ်ကစားသမားကောင်းတွေ ရှိနေတာကြောင့် လုံးဝကို နေရာပျောက်ဆုံးသွားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : The Independent

ဖီးလ်ဂျုုံးစ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ယူနိုက်တက်နည်းပြဆိုးလ်ရှားက “ဒါက စိတ်ပျက်အားလျှော့စရာကောင်းပါတယ်။ ဒီလို အသင်းအတွက် လပေါင်းများစွာ ပါဝင်ခွင့်မရခဲ့တာက ဘောလုံးသမားတစ်ယောက်ရဲ့ သူရဲ့ကစားသမားဘဝအတွင်း အဆိုးရွှားဆုံးသောကိစ္စပါပဲ။ သင့်အနေနဲ့ ဒဏ်ရာအနာတရ ရခဲ့ပြီဆိုရင် အဲ့ဒီအရာက သင်ရဲ့ရည်မှန်းချက်တွေကို အဝေးဆုံးကို ရောက်သွားစေနိုင်ပြီး သင်ကို ဘောလုံးပြန်လည်ကစားခွင့်ကိုလည်း ဝေးကွာသွားစေနိုင်ပါတယ်။ ဖီးလ်က ထိပ်တန်းဗဟိုခံစစ်မှူးတစ်ဦး ဖြစ်ခဲ့ပြီးတော့ ကမ္ဘာ့ဖလားလူစာရင်းမှာလည်း ပါဝင်ခဲ့ရဖူးတဲ့သူပါ။ ကျွန်တော် ဒီကို ပြန်လည်ရောက်လာချိန်မှာ သူက အကောင်းဆုံးပုံစံမှာ ရှိနေပြီးတော့ မကြာခင်အတွင်း အသင်းရဲ့လူစာရင်းထဲမှာ အမြန်ဆုံးပါဝင်လာဖို့ မျှော်လင့်ပါတယ်။ သူကိုယ်တိုင်ကလည်း အကောင်းဆုံးအနေအထားတွေ ပြန်လည်ရရှိဖို့နဲ့ အသင်းမှာ ပြန်လည်ပါဝင်နိုင်ဖို့အတွက် အတော်လေး ကြိုးစားလျက်ရှိနေပါတယ်။ သူသာ ကြံခိုင်မှုတွေ ပြန်လည်ကောင်းမွန်လာမယ်ဆိုရင် သူ့ကိုလည်း ကျွန်တော်တို့တွေ ပြန်ပြီးအသုံးပြုသွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဖီးလ်ဂျုံးစ်ဟာ မကြာသေးခင်ကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ထားပြီး ၂၀၂၃ခုနှစ်အထိကို သက်တမ်းရှိနေသူလည်းဖြစ်ပါတယ်။