ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံအသင်းဖြစ်တဲ့ မန်စီးတီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာတော့ ခံစစ်ပိုင်းလိုအပ်ချက်တွေ ရှိနေတဲ့အပြင် ကံတရားပိုင်းမှာလည်း အားနည်းချက်တွေရှိနေတာမို့ ချန်ပီယံဆုကို ဆက်လက်ကာကွယ်နိုင်ဖို့ အခြေအနေမကောင်းတော့ပဲ လီဗာပူးလ်အသင်းလက်ထဲဲကို ချန်ပီယံဆုဖလားကြီးကို ပေးအပ်ရဖွယ်ရှိနေပါတယ်။ ဒါကြောင့်မို့ မန်စီးတီးအသင်းက လာမယ့်ရာသီမှာ အသင်းခံစစ်ကို ပြင်ဆင်နိုင်ဖို့အတွက် ကစားသမားသစ်တွေကို ခေါ်ယူဖို့ ချိန်ရွယ်ချက်ရှိနေသလို လက်ရှိအသင်းရဲ့ခံစစ်ကစားသမားတွေကိုလည်း လက်လွတ်သွားဖွယ်ရှိနေပါတယ်။

Photo Credit : Football365

The Times သတင်းမီဒီယာရဲ့ဖော်ပြချက်အရ မန်စီးတီးအသင်းဟာ လာမယ့်ဘောလုံးရာသီမှာ ဗဟိုခံစစ်ပိုင်းအတွက် ဘရိုက်တန်အသင်းရဲ့နောက်ခံကစားသမား လူးဝစ်းဒန့်ကို ခေါ်ယူဖို့အတွက် ချိန်ရွယ်ပစ်မှတ်ထားလျက်ရှိနေသလို ဗီလာရီးရဲဲလ်နောက်ခံလူ ပါအူတောရက်စ် ဘင်ဖီကာနောက်ခံလူ ရူဘင်ဒီယက်ဇ်နဲ့ အင်တာမီလန်အသင်းရဲဲ့ ဆလိုဗေးနီးယား နောက်ခံကစားသမား ရှာကရီညာတို့ကိုလည်း ခေါ်ယူဖွယ်ရှိတဲ့ စာရင်းထဲမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဒီကစားသမားတွေကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင်တော့ မန်စီးတီးအသင်းက သူတို့ရဲ့နောက်ခံကစားသမားနှစ်ယောက်ဖြစ်တဲ့ ဂျွန်စတုန်းစ်နဲ့ အော်တာမန်ဒီတို့ကို အသင်းကနေ လက်လွတ်သွားနိုင်ပါတယ်။

Photo Credit : GiveMeSport

လက်ရှိမှာတော့ မန်စီးတီးအသင်းဟာ လာပေါ့တ်တစ်ဦးတည်းကိုသာ အသင်းရဲ့ခံစစ်မှာ အားကိုးနေရပြီး လာပေါ့တ်မှာလည်း စပါးနဲ့ပွဲစဉ်တုန်းကလည်း ကြံခိုင်မှုမပြည့်ဝလို့ ပွဲထွက်စာရင်းကနေ လွဲချော်ခဲ့ရပေမယ့်လည်း ဂွာဒီယိုလာက ခံစစ်မှာ ဂျွန်စတုန်းစ်နဲ့ အော်တာမန်ဒီ အတွဲအဖက်ကို မသုံးလာခဲ့ပဲနဲ့ အော်တာမန်ဒီနဲ့ ဖာနန်ဒင်ဟိုတို့နှစ်ယောက်ကို သုံးလာခဲ့တဲဲ့အပြင် အရန်စာရင်းမှာလည်း စတုန်းစ်အစား လူငယ်ကစားသမားလေး ဂါဆီယာကိုသာ သုံးလာခဲ့ပါတယ်။ ဂွာဒီယိုလာကိုယ်တိုင်ကလည်း ဒီပွဲမှာ စတုန်းစ် မပါနိုင်တာက ဒဏ်ရာကြောင့်မဟုတ်ပဲ ဂါဆီယာက ခံစစ်စွမ်းဆောင်ရည်ပိုကောင်းလို့ ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့တာကြောင့် စတုန်းစ်အနေနဲ့ မန်စီးတီးကနေ ထွက်ခွာရဖို့က သေချာနေတဲ့ အနေအထားမှာရှိလို့နေပြီး သူနဲ့ ဆောင်းရာသီစျေးကွက်အစတုန်းက သတင်းထွက်ခဲ့တဲ့ အာဆင်နယ်အသင်းဆီ ရောက်ရှိဖွယ်ရှိနေပါတယ်။