နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်နဲ့ တိုက်စစ်ကစားသမား ဂျိုးလင်တန်က လက်ရှိမှာ အနာဂတ် အခြေအနေတွေ လှုပ်ခတ်နေရတဲ့ ဘရာဇီးလ် တိုက်စစ်မှူး နေမာကို နယူးကာဆယ်အသင်းဆီ ပြောင်းရွှေ့ရောက်ရှိလာစေချင်နေပြီး နယူးကာဆယ်ရဲ့ ကျောနံပါတ်(၁၀)ကလည်း နေမာကို စောင့်ဆိုင်းနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Neymar transfer latest: Brazil star set to stay with PSG next season |  Goal.com Singapore

Photo Credit : Goal

အသက်(၃၀)အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ လက်ရှိမှာ သူရဲ့ ကလပ်အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေရပြီး နေမာက ပီအက်စ်ဂျီမှာ ဆက်လက်ရှိနေချင်ပေမယ့် ပီအက်စ်ဂျီဘက်ကတော့ နေမာကို အသင်းကနေ ရောင်းထုတ်သွားချင်နေပါတယ်။ နေမာလို လုပ်ခလစာ အလွန်မြင့်မားလွန်းတဲ့ စူပါစတား ကစားသမားမျိုးကို ငွေကြေးအမြောက်အများ သုံးစွဲပြီး ခေါ်ယူနိုင်တဲ့ အသင်းအရေအတွက်က အနည်းငယ်သာ ရှိနေပြီး အဲ့ဒီအသင်းတွေထဲမှာ နယူးကာဆယ်လည်း ပါဝင်နေပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားရဲ့ ကျောထောက်နောက်ခံ PIF လုပ်ငန်းစုအပိုင် နယူးကာဆယ်အသင်းဟာ လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ ငွေကြေးအကြွယ်ဝဆုံး အသင်းတွေထဲမှာ ပါဝင်နေတာကြောင့် ဒီအသင်းအနေနဲ့ နေမာလို ထိပ်တန်းကစားသမားမျိုးကို ခေါ်ယူသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Joelinton overwhelmingly voted Player of the Year by ChronicleLive readers  - Chronicle Live

Photo Credit : Chronicle Live

ဒီလို အခြေအနေမှာ နယူးကဆယ်အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် နေမာနဲ့လည်း တစ်နိုင်ငံတည်းသားတွေဖြစ်တဲ့ ဂျိုးလင်တန်က နေမာကို နယူးကာဆယ်အသင်းဆီ ရောက်ရှိလာစေချင်တယ်လို့ ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။ ဂျိုးလင်တန်က နေမာသာ ဆန္ဒရှိတယ်ဆိုရင် နယူးကာဆယ်ကို ရောက်ရှိလာဖို့ဆိုတာ ဖြစ်နိုင်သလို အသင်းနည်းပြကလည်း သူ့ကိုသာ ခေါ်ယူနိုင်ဖို့ အခွင့်အရေး ရလာမယ်ဆိုရင်လည်း ကမ်းလှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါကြောင်းနဲ့ နယူးကာဆယ်အသင်းရဲ့ ကျောနံပါတ်(၁၀)ဟာလည်း နေမာကို စောင့်မျှော်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။ ဂျိုးလင်တန် ပြောဆိုသွားတဲ့ နယူးကာဆယ်ရဲ့ ကျောနံပါတ်(၁၀)ကို လက်ရှိမှာ တောင်ပံကစားသမား စိန့်မက်ဆီမင်က ဝတ်ဆင်းထာတာ ဖြစ်ပေမယ့်လည်း နေမာလို ကစားသမားမျိုး အသင်းဆီ ရောက်လာခဲ့မယ်ဆိုရင် သူရဲ့ကျောနံပါတ်ကို လွှဲပြောင်းပေးဖွယ် ရှိနေပါတယ်။ ဒါပေမယ့် နေမာကတော့ ပီအက်စ်ဂျီမှာသာ ဆက်နေချင်သလို နယူးကာဆယ်လို future plan တွေ ကောင်းမွန်ပေမယ့် လက်ရှိမှာ သာမာန် ကလပ်အသင်းလောက်သာ ဖြစ်နေတဲ့ အသင်းတစ်သင်းဆီကိုလည်း ပြောင်းရွှေ့ကစားဖွယ် မရှိနိုင်လောက်ပါဘူး။