MySport Myanmar

လီဗာပူးလ်က သူ ပါဝင်ကစားပေးချင်တဲ့ အသင်းတစ်သင်းလို့ ဂိုးမက်စ် ဖွင့်ဟပြောဆို

လီဗာပူးလ်အသင်း စိတ်ဝင်စားနေတဲ့ ဖလာမင်ဂိုအသင်းရဲ့ ဘရာဇီးလ် ကွင်းလယ်ကစားသမားလေး ဂျိုအာအိုဂိုးမက်စ်က သူ့ကို ပစ်မှတ်ထားနေတဲ့ လီဗာပူးလ်အသင်းက သူပါဝင်ကစားပေးချင်တဲ့ ကလပ်အသင်းတစ်သင်း ဖြစ်နေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရဖို့ကလည်း သူ့ဘဝအတွက်ွှဘီ့းမားဆုံး အိမ်မက်တစ်ခု ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Liverpool Echo

အသက်(၂၁)နှစ်အရွယ်သာ ရှိသေးတဲ့ ကွင်းလယ်ကစားသမားလေး ဂိုးမက်စ်ဟာ ဘရာဇီးလ် ထိပ်သီးကလပ် ဖလာမင်ဂို လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၂၀ခုနှစ်မှာပဲ ဖလာမင်ဂို စီနီယာအသင်းအတွက် စတင် ကစားပေးခဲ့ရသလို အခုဆိုရင်လည်း ဖလာမင်ဂိုအတွက် ပွဲပေါင်း(၁၀၁)ပွဲအထိ ပါဝင်ထားနိုင်ခဲ့ပါတယ်။ အရည်အသွေးမြင့် လူငယ်ကစားသမားလေးဖြစ်လို့ ဂိုးမက်စ်ကို ဥရောပ ကလပ်အသင်းများစွာက စိတ်ဝင်စားလာခဲ့ကြပြီး ဒီအသင်းတွေထဲမှာ ကွင်းလယ်ပိုင်း အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ လီဗာပူးလ်အသင်းလည်း ပါဝင်လာခဲ့ပါတယ်။

Photo Credit : Football Transfer News

ကွင်းလယ်ခံစစ်နေရာနဲ့ ကွင်းလယ်ဗဟိုနေရာတို့မှာ ပါဝင်ကစားတတ်တဲ့ ဂိုးမက်စ်ကို လီဗာပူးလ်အသင်းက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့အတွက် ပြင်ဆင်လျက် ရှိနေသလို ကစားသမားရဲ့ ခြေစွမ်းခြေစတွေကို လေ့လာဖို့အတွက်လည်း အသင်း ကင်းထောက်တွေကို စေလွှတ်ထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် လတ်တလော ESPN နဲ့ ထွက်ပေါ်ထားတဲ့ အင်တာဗျူးတစ်ခုမှာပါ ဂိုးမက်စ်က “လီဗာပူးလ်က ကျွန်တော် ကစားပေးမယ့် အသင်းပါ။ ကစားပေးချင်တဲ့ စိတ်ဆန္ဒက ကြီးမားပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပါဝင်ကစားရတာက ဘောလုံးနဲ့ ပတ်သတ်ရင် ကျွန်တော့်အတွက် အကြီးမားဆုံး အိမ်မက်ပါပဲ” လို့ ထုတ်ဖော် ပြောဆိုခဲ့ပါသေးတယ်။ လီဗာပူးလ်ဟာ နွေဈေးကွက် မပိတ်ခင် ရက်ပိုင်းလောက်အလိုမှာ အသင်းရဲ့ ကွင်းလယ်ပိုင်းအတွက် ကစားသမား ဖြည့်တင်းဖို့ လိုအပ်လာမှန်း သိခဲ့ရလို့ ဈေးကွက်ထဲ ထပ်မံ ဝင်ရောက်ခဲ့ပေမယ့်လည်း သူတို့ အမှန်တကယ် လိုချင်တဲ့ ကစားသမားမျိုးက ခေါ်ယူဖို့ မလွယ်ကူခဲ့တာကြောင့် နောက်ဆုံးမှာ ဂျုဗင်တပ်စ် ကွင်းလယ်လူ အာသာမယ်လိုကိုသာ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ရပါတယ်။

Exit mobile version