MySport Myanmar

စီးတီးကနေ ဘိုင်ယန်ဆီ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ကန်ဆယ်လို ဖွင့်ဟ

ဘိုင်ယန်မြူးနစ်အသင်းရဲ့ နောက်ခံအစွန်လူ ဂျာအိုကန်ဆယ်လိုက သူ့အနေနဲ့ မန်စီးတီးကနေ ထွက်ခွာခဲ့စဉ်မှာ သတင်းတွေ ဖော်ပြနေကြသလို သူနဲ့ နည်းပြဂွာဒီယိုလာတို့ကြား ဆက်ဆံရေးတွေ တင်းမာခဲ့တယ်ဆိုတာ မဟုတ်မှန်ပဲ အသင်း အပြောင်းအလဲ လုပ်ဆောင်ခဲ့ရခြင်းဟာလည်း သူနဲ့ အသင်းနဲ့ကြားက နှစ်ဦးသဘောတူထားတဲ့ ဆုံးဖြတ်ချက်အတိုင်းသာ လုပ်ခဲ့ရတာဖြစ်တယ်လို့ ရှင်းလင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ကန်ဆယ်လိုက “ကျွန်တော် ပြောခဲ့သလိုပဲ ကမ္ဘာ့ဖလားအပြီးမှာ သူ(ဂွာဒီယိုလာ)က ကစားဖို့ နည်းလမ်းရှာခဲ့တယ်။ အဲ့ဒီမှာ သူက full-back တွေကို အတွင်းထဲထိ ပိုကစားခိုင်းတာမျိုးတွေ စ လုပ်လာတယ်။ အဲ့လိုမျိုးက ကျွန်တော်လည်း ကစားခဲ့ဖူးတယ်။ နောက်ပြီး သူက ရစ်ကိုနဲ့ နေသန်တို့ ကစားတာကို သဘောကျလာခဲ့တယ်။ ဒါပေမဲ့ ကစားသမားတစ်ဦးဟာ အမြဲတမ်း တစ်ကိုယ်ကောင်းဆန်တယ်လို့ ကျွန်တော် ထင်တယ်။ ကစားသမားတိုင်းက အရေးကြီးတယ်လို့ ခံစားချင်လာကြတယ်။ ပုံမှန် ကစားချင်ကြတယ်။ အဲ့ဒီလို မဟုတ်ဘူးလို့ ပြောလာရင်တော့ လိမ်ညာတာပဲ။”

Photo Credit : Daily Mail

“ကျွန်တော့်လို အပြိုင်အဆိုင် ကစားသမားတစ်ဦး ဆုဖလားတွေ ဆွတ်ခူးဖို့ ဆန္ဒရှိသူတစ်ဦးအတွက်ကတော့ ကစားခွင့် ရချင်ရုံပဲ။ ဒါက ကျွန်တော်ရဲ့ အသင်းဖော်တွေကို တန်ဖိုးဖြတ်ဖို့ မေးခွန်းထုတ်စရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော် ကစားဖို့ ထိုက်တန်တယ်လို့ ထင်ခဲ့ပြီး သူကတော့ အဲ့ဒီလို မထင်ခဲ့ဘူး။ ဒါကြောင့် ကျွန်တော်တို့ စကားပြောဆိုခဲ့တယ်။ ဒါက စကားစမြည် ပြောတာလောက်ပဲ။ ဆွေးနွေးတာမျိုး မဟုတ်ခဲ့ဘူး။ နောက်ပြီး ဒီဈေးကွက်ထဲမှာ အသင်းကနေ ထွက်ခွာသွားဖို့က ကျွန်တော့်အတွက် အကောင်းဆုံး ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ငြင်းလို့မရနိုင်တဲ့ အခွင့်အရေးတစ်ခုပါပဲ။ ဒါကို နှစ်ဦးနှစ်ဖက် သဘောတူညီမှုနဲ့ ပြုလုပ်ခဲ့ပါတယ်။”

Photo Credit : The Telegraph

“တကယ်လို့ စီးတီးသာ မလုပ်ချင်ဘူးဆိုရင် သူတို့က ကျွန်တော့်ကို ရောင်းထုတ်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာ စာချုပ်လည်း ရှိနေတယ်။ ကျွန်တော်က အရမ်းကို ပရော်ဖက်ရှင်နယ်ဆန်သူ တစ်ယောက်ပါ။ ဆက်ဆံရေးအပိုင်းမှာ ခက်ခဲတာလေးတွေ ရှိတတ်ပေမဲ့ ဘယ်တုန်းကမှ အသင်းဖော်တွေ နည်းပြတွေကို မလေးမစား မလုပ်ခဲ့ဖူးပါဘူး” လို့ ရှင်းရှင်းလင်းလင်း ပြောဆိုသွားခဲ့ပါတယ်။ ကန်ဆယ်လိုဟာ မန်စီးတီးကနေ ဘိုင်ယန်ကို ရာသီကုန်အထိ အငှား ပေါင်(၆၁)သန်းနဲ့ အပြီးသတ် ဝယ်ယူနိုင်ခွင့်တို့နဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

Exit mobile version