ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အားကစားသတင်းမီဒီယာတွေပေါ်မှာ အရမ်းကို ပျံနှံခဲ့တဲ့ သတင်းတစ်ပုဒ်ကတော့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီကို ခေါ်ယူဖို့အတွက် မန်စီးတီးအသင်းဘက်ကနေ ပြောင်းရွှေ့ကြေးအပြင် အသင်းရဲ့ကစားသမားတွေဖြစ်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးဗား တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျေဆူးနဲ့ ဘာစီလိုနာအကယ်ဒမီထွက် နောက်ခံလူအဲရစ်ဂါဆီယာတို့ကိုပါ အလိုက်ပေးကမ်းလှမ်းမယ်ဆိုတဲ့ Transfer Shock News တစ်ပုဒ်ပဲဖြစ်ပါတယ်။

Photo Credit : BBC

ဒီသတင်းကို စပိန်မီဒီယာဘက်ကနေ စတင်ဖြန့်ဖြူးခဲ့တာဖြစ်ပြီး မန်စီးတီးအသင်းဘက်ကနေ မက်ဆီအတွက် အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ ဘာနာဒိုဆေးဗားနဲ့ ဂါဘရီရယ်ဂျေဆူးတို့ကို အလိုက်ပေးဖို့က ဖြစ်နိုင်ခြေအရမ်းသလို မန်စီးတီးနည်းပြ ပတ်ဂွာဒီယိုလာကိုယ်တိုင်ကပါ ဒီလိုကမ်းလှမ်းမှုကို လက်ခံဖွယ်မရှိနိုင်လောက်ဘူးလို့ The Sun သတင်းစာကနေ ပြန်လည်ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ ဘာနာဒိုဆေးဗား ဂျေဆူးနဲ့ မာရက်ဇ်တို့လို ကစားသမားတွေကို ဒီနွေစျေးကွက်ထဲမှာ လုံးဝရောင်းချသွားမှာမဟုတ်ပဲ အသင်းရဲ့Key Players တွေအဖြစ်နဲ့သာ ဆက်လက်ထားရှိသွားမှာဖြစ်ပါတယ်။

Photo Credit : Trends Wide

ဒါပေမယ့် မန်စီးတီးအသင်းက မက်ဆီနဲ့ ဂွာဒီယိုလာတို့ မန်စီးတီးအသင်းမှာ ဆုံစည်းနိုင်ရေးအတွက် ဘာစီလိုနာဘက်ကနေ ခေါ်ယူဖို့ စိတ်ဝင်စားလို့နေတဲ့ ကစားသမား(၂)ယောက်ကိုတော့ အပြောင်းအရွှေ့တစိတ်တပိုင်းအဖြစ် အလိုက်ပေးသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရှိရပါတယ်။ ဒီကစားသမားတွေကတော့ နောက်ခံလူတွေဖြစ်တဲ့ အဲရစ်ဂါဆီယာနဲ့ အိန်ဂျလီနိုတို့နှစ်ယောက်ဖြစ်ပြီး နှစ်ယောက်လုံးကို ဘာစီလိုနာအသင်းဘက်ကနေ ပစ်မှတ်ထားလို့နေတာဖြစ်ပါတယ်။ ဂါဆီယာဟာကတော့ ဘာစီလိုနာ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်ခဲ့သူဖြစ်ပြီး အသင်းနဲ့ ပြန်လည်ပူးပေါင်းဖို့လည်း ဆန္ဒရှိနေတာဖြစ်သလို လိုက်ပ်ဇစ်အသင်းမှာ အငှားနဲ့သွားရောက်ကစားရင်း ခြေစွမ်းတွေပြသထားနိုင်တဲ့ ဘယ်နောက်ခံကစားသမား အိန်ဂျလီနိုကိုလည်း ဘာစီလိုနာဘက်ကနေ စိတ်ဝင်စားနေတဲ့အတွက် ဒီနှစ်ယောက်ကို မက်ဆီရဲ့အပြောင်းအရွှေ့မှာ ထည့်သွင်းချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မန်စီးတီးဘက်ကနေသာ ဒီကစားသမားနှစ်ယောက်နဲ့ပဲ အလိုက်ပေးကမ်းလှမ်းမယ်ဆိုရင် ပြောင်းရွှေ့ကြေးပမာဏက ပိုတိုးသွားနိုင်တာကြောင့် မက်ဆီကိုရယူနိုင်ဖို့ အရေးက ခက်ခဲနေဦးမှာဖြစ်သလို ဘာစီလိုနာအသင်းကလည်း မက်ဆီကို လက်လွတ်ရဖို့ထက် အသင်းမှာ ဆက်လက်ရှိနေနိုင်ဖို့က နည်းလမ်းပေါင်းစုံနဲ့ကို ကြိုးပမ်းလို့နေပါတယ်။