အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်သူ တိုက်စစ်မှူး ဂါဘရီရယ်ဂျေဇူးဟာ လက်ရှိမှာ သူရဲ့ဒူးဒဏ်ရာအတွက် ခွဲစိတ်မှု ခံယူထားရပြီး လအတန်ကြာ အနားယူရဖို့ ရှိနေပေမယ့်လည်း အာဆင်နယ် ဆေးအဖွဲ့ဝင်တွေ ထပ်မံ သုံးသပ်ချက်တွေအရတော့ ဂျေဇူးဟာ ဖေဖော်ဝါရီ လကုန်ပိုင်းလောက်မှာ ဒဏ်ရာကနေ သက်သာလာနိုင်လို့ မတ်လဆန်းပိုင်းလောက်မှာပဲ ဘောလုံး ပြန်ကစားရနိုင်တယ်လို့ သိရှိရပါတယ်။

Arsenal's Gabriel Jesus could be out for three months after knee surgery |  Arsenal | The Guardian

Photo Credit : The Guardian

နွေဈေးကွက်ကမှ မန်ချက်စတာစီးတီးကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဂျေဇူးဟာ အာဆင်နယ်မှာ အလျင်အမြန် အထိုင်ကြခဲ့ပြီး ဒီရာသီအတွင်း ပြိုင်ပွဲစုံ ပွဲ(၂၀) ကစားခဲ့ရာ (၅)ဂိုးသွင်းပြီး (၇)ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် အဓိက ကစားသမားတစ်ဦးလို စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဂျေဇူးဟာ ဘရာဇီးလ် လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လိုက်ပါ ဆင်နွဲရမှာ မမျှော်လင့်ပဲ ဒူးဒဏ်ရာ ရရှိသွားခဲ့တဲ့အတွက် ခွဲစိတ် ကုသမှုပါ ခံယူလိုက်ရပြီး လအတန်ကြာ အနားယူရဖို့အထိပါ ဖြစ်လာခဲ့ရပါတယ်။

I knew Gabriel Jesus would change Arsenal' - £45m striker left Mari  'amazed' after just one week of training | Goal.com UK

Photo Credit : Goal

ဂျေဇူးဟာ အာဆင်နယ် တိုက်စစ်ပိုင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်နေတာကြောင့် ဂျေဇူးရဲ့ ဒူးဒဏ်ရာက အာဆင်နယ်အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေခဲ့ရပြီး ဆောင်းဈေးကွက် ဖွင့်လှစ်ချိန်မှာပဲ တိုက်စစ်ကစားသမားတစ်ဦးကိုပါ ခေါ်ယူသွားရဖွယ် ရှိနေရပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ဆေးအဖွဲ့ဝင်တွေဆီက ထုတ်ပြန်လာခဲ့တဲ့ နောက်ဆုံးရ ထုတ်ပြန်ချက်အရ ဂျေဇူးအနေနဲ့ လာမယ့် ဖေဖော်ဝါရီ (၂၅)ရက်နေ့မှာပဲ သူရဲ့ ဒူးဒဏ်ရာကနေ ပြန်လည် သက်သာလာနိုင်လိမ့်မယ်လို့ ထုတ်ပြန်လာခဲ့တာကြောင့် ဒါက အာဆင်နယ်အတွက်တော့ သတင်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။ လက်ရှိမှာတော့ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်လျက် ရှိနေပြီး အဆင့်(၂)နေရာကို ရောက်ရှိနေတဲ့ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်စီးတီးကိုပါ ရမှတ်(၅)မှတ်အထိ ဖြတ်တောက်ထားနိုင်ခဲ့ပါတယ်။ ဒီအခြေအနေကို အာဆင်နယ်ဘက်က ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ လိုအပ်နေပြီး ဂျေဇူးလို ကစားသမားမျိုးကို အနည်းဆုံး (၂)လခန့် လက်လွတ်ရဦးမယ့် အခြေအနေမှာ ကစားသမား ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားမလားဆိုတာလည်း စောင့်ကြည့်ရပါမယ်။ လက်ရှိမှာတော့ အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက် ဗလာဟိုဗစ် မူဒရစ် ဖယ်ရန်တောရက်စ်နဲ့ ဒီပိုင်းတို့ကို စောင့်ကြည့်လျက် ရှိနေပါတယ်။