အသက်၄၀နားကပ်လာခဲ့တဲ့အဖိ ဘောလုံးကစားသမားဘဝကို အနားယူသွားဖို့ လုံးဝကို အစီအစဉ်မရှိသေးပဲ လက်ရှိမှာ သူရဲ့အသင်းဟောင်း အေစီမီလန်အသင်းမှာ ထပ်မံပါဝင်ကစားလို့နေတဲ့ ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ ဥရောပကို ပြန်လည်မရောက်လာခင်က အယ်အေဂလက်ဆီအသင်းနဲ့အတူ မေဂျာလိဂ်ဘောလုံးနယ်ပယ်အတွင်း ၂ရာသီလောက် ဖြတ်သန်းခဲ့ပြီး သွင်းဂိုးတွေများစွာနဲ့ အသင်းအတွက် တာဝန်ကျေပွန်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းအတွက် အထောက်အကူကောင်းတစ်ခုအဖြစ် ရပ်တည်ပေးနိုင်ခဲ့ပါတယ်။
ဒါကြောင့် အယ်အေဂလက်ဆီအသင်းက အခုလို မိုဗစ်နဲ့ လက်တွဲဖြုတ်လိုက်ရချိန်မှာ မိုဗစ်နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အတွေ့အကြုံများပြားလှတဲ့ တိုက်စစ်ကစားသမားတွေကို လိုက်လံရှာဖွေရာ နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း မက္ကဆီကို တိုက်စစ်မှူး ဂျာဗီးယားဟာနန်ဒက်ဇ်ကို မျက်စိကျလာခဲ့လို့ ကမ်းလှမ်းမှုတွေပင် ပြုလုပ်လာခဲ့ပြီဖြစ်ရာ ဟာနန်ဒက်ဇ်ဘက်ကလည်း မေဂျာလိဂ်မှာ လာရောက်ကစားဖို့ စိတ်ဝင်တစားရှိနေတာဖြစ်လို့ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့တောင် အလွန်နီးစပ်နေပြီလို့ သိရှိရပါတယ်။
(Unicode)
အီဗရာဟီမိုဗစ်နေရာကို အစားထိုးဝင်ရောက်ဖို့ နီးစပ်လို့နေတဲ့ တိုက်စစ်မှူးဟာနန်ဒက်ဇ်
အသက်၄၀နားကပ်လာခဲ့တဲ့အဖိ ဘောလုံးကစားသမားဘဝကို အနားယူသွားဖို့ လုံးဝကို အစီအစဉ်မရှိသေးပဲ လက်ရှိမှာ သူရဲ့အသင်းဟောင်း အေစီမီလန်အသင်းမှာ ထပ်မံပါဝင်ကစားလို့နေတဲ့ ဝါရင့်ဆွီဒင်တိုက်စစ်မှူးကြီး ဇလာတန်အီဗရာဟီမိုဗစ်ဟာ ဥရောပကို ပြန်လည်မရောက်လာခင်က အယ်အေဂလက်ဆီအသင်းနဲ့အတူ မေဂျာလိဂ်ဘောလုံးနယ်ပယ်အတွင်း ၂ရာသီလောက် ဖြတ်သန်းခဲ့ပြီး သွင်းဂိုးတွေများစွာနဲ့ အသင်းအတွက် တာဝန်ကျေပွန်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အသင်းအတွက် အထောက်အကူကောင်းတစ်ခုအဖြစ် ရပ်တည်ပေးနိုင်ခဲဲ့ပါတယ်။
Photo Credit : Getty Images
ဒါကြောင့် အယ်အေဂလက်ဆီအသင်းက အခုလို မိုဗစ်နဲ့ လက်တွဲဖြုတ်လိုက်ရချိန်မှာ မိုဗစ်နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အတွေ့အကြုံများပြားလှတဲဲ့ တိုက်စစ်ကစားသမားတွေကို လိုက်လံရှာဖွေရာ နောက်ဆုံးမှာတော့ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ရဲ့ တိုက်စစ်မှူးဟောင်း မက္ကဆီကို တိုက်စစ်မှူး ဂျာဗီးယားဟာနန်ဒက်ဇ်ကို မျက်စိကျလာခဲ့လို့ ကမ်းလှမ်းမှုတွေပင် ပြုလုပ်လာခဲ့ပြီဖြစ်ရာ ဟာနန်ဒက်ဇ်ဘက်ကလည်း မေဂျာလိဂ်မှာ လာရောက်ကစားဖို့ စိတ်ဝင်တစားရှိနေတာဖြစ်လို့ ဒီအပြောင်းအရွှေ့က ဖြစ်ပေါ်လာဖို့တောင် အလွန်နီးစပ်နေပြီလို့ သိရှိရပါတယ်။
Photo Credit : Getty Images
အသက်၃၁နှစ်အရွှယ်ရှိပြီဖြစ်တဲဲ့ ဟာနန်ဒက်ဇ်က လက်ရှိမှာ စပိန်လာလီဂါထိပ်သီးကလပ် ဆီဗီလာအသင်းမှာ ပါဝင်ကစားနေတာဖြစ်ပေမယ့်လည်း အသင်းရဲ့အမာခံတိုက်စစ်မှူးတစ်ယောက်အဖြစ်နဲ့တော့ သတ်မှတ်ခံရခြင်းမရှိတဲ့အပြင် ပွဲထွက်ခွင့်တွေကလည်း နည်းပါးလွန်းနေတာကြောင့် အယ်အေဂလက်ဆီရဲ့ကမ်းလှမ်းချက်ကို လက်ခံသွားဖို့ စိတ်ဝင်စားလာခဲ့ရတာဖြစ်ပါတယ်။ ဟာနန်ဒက်ဇ်ကိုလည်း အယ်အေဂလက်ဆီအသင်းရဲ့နည်းပြကိုယ်တိုင်က အရမ်းကိုသဘောကျနေပြီး အသင်းဆီ ရောက်လာအောင် အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ဖွင့်ဟပြောဆိုထားခဲ့ပါတယ်။ ဆီဗီလာအသင်းကတော့ သူတို့ရဲ့ကစားသမားအတွက် ပြောင်းရွှေ့ကြေးကို ပေါင်၈သန်းလောက်အထိ အလိုရှိနေပြီး အပြောင်းအရွှေ့ဖြစ်လာခဲ့မယ်ဆိုရင်တော့ ဟာနန်ဒက်ဇ်ဟာ မေဂျာလိဂ်ဘောလုံးသမိုင်းတလျှောက် ဝင်ငွေအမြင့်ဆုံးရရှိမယ့် ဘောလုံးသမားတစ်ယောက်တောင် ဖြစ်လာနိုင်ဖွယ်ရှိနေပါတယ်။