လီဗာပူးလ်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ဂျင်မီကာရေဂါက နယူးကာဆယ်ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အက်ဒီဟောင်းကို ၂၀၂၂ခုနှစ် တစ်နှစ်တာရဲ့ အကောင်းဆုံးသော နည်းပြတစ်ဦးအဖြစ် ရွေးချယ် သတ်မှတ်သွားခဲ့ပါတယ်။

Howe has played a huge role in the transformation of in-form winger Miguel Almiron this year

Photo Credit : Daily Mail

ဘုန်းမောက်နည်းပြဟောင်း အက်ဒီဟောင်းဟာ နယူးကာဆယ်ကို ဆော်ဒီလုပ်ငန်းစု ဝယ်ယူပြီးတဲ့နောက်ပိုင်း အသင်းနည်းပြအဖြစ် ခန့်အပ်ခံခဲ့ရတာဖြစ်ပြီး အက်ဒီဟောင်းနဲ့ လက်တွဲလိုက်ချိန်မှာပဲ နယူးကာဆယ်က တန်းဆင်းဇုန်ကနေ တဖြည်းဖြည်းချင်း အဆင့်တွေ တတ်လာခဲ့ရသလို ဆောင်းဈေးကွက်ထဲမှာ ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေနဲ့ အသင်းက ရှိရင်းစွဲ ကစားသမားတွေရဲ့ ပေါင်းစပ်မှုတွေကြောင့် ရာသီအကုန်မှာ အဆင့်(၁၁)နဲ့ ရာသီသိမ်းနိုင်ခဲ့ပါတယ်။ အခုရာသီမှာဆိုရင်လည်း (၁၆)ပွဲ ကစားထားပြီးချိန်မှာ ရမှတ်(၃၃)မှတ်နဲ့ အဆင့်(၃)နေရာထိပါ ရပ်တည်ထားနိုင်ပါတယ်။

The Newcastle boss boasts an impressive average of 1.85 points-per-game with the Magpies

Photo Credit : Daily Mail

ဒီလို အခြေအနေတွေ ဖော်ဆောင်ထားနိုင်တဲ့ နည်းပြအက်ဒီဟောင်းကို ကာရေဂါက မန်စီးတီးနည်းပြ ဂွာဒီယိုလာ အာဆင်နယ်နည်းပြ အာတီတာတို့ကိုပါ ကျော်ဖြတ်ပြီး ၂၀၂၂ခုနှစ်ရဲ့ အကောင်းဆုံးနည်းပြအဖြစ်နဲ့ပါ သတ်မှတ်သွားခဲ့ပါတယ်။ “လွန်ခဲ့တဲ့ (၁၂)လအတွင်း စိန့်ဂျိမ်းစ်ပတ်ခ်မှာ အက်ဒီဟောင်း လုပ်ဆောင်သွားတာတွေထက် ဘယ်နည်းပြကမှ ပိုကောင်းအောင် လုပ်ဆောင်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူရဲ့ ပါးနပ်လှတဲ့ ကစားသမား ခေါ်ယူမှုတွေနဲ့ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေရဲ့ စွမ်းဆောင်တွေကို သိသိသာသာ မြှင့်တင့်ပေးပြီး ဒီကစားသမား အစုအဖွဲ့ကို ပေါင်းစပ်လိုက်ခြင်းအားဖြင့် အသင်းကို အောက်ခြေကနေ အဆင့်(၃)နေရာအထိပါ မြင့်မားသွားစေခဲ့တယ်။ အခုလို အသင်းက တိုးတတ်လာတာဟာ ဘဏ္ဍာရေးဆိုင်ရာ ကျောထောက်နောက်ခံပြုမှုလည်း ပါဝင်သလို အက်ဒီဟောင်းရဲ့ အသင်းရဲ့ ကစားဟန် ပြောင်းလဲနိုင်ခဲ့တာကြောင့်လည်း ပါဝင်ပါတယ်။ အခုဆိုရင် နယူးကာဆယ်အသင်းကြောင့် နဂိုကတည်းက Big 6 ထဲမှာ ပါဝင်နေတဲ့ အသင်းတွေအတွက်လည်း စိုးရိမ်စရာ ဖြစ်လာခဲ့ရပါပြီ။ အဲ့ဒီ(၆)သင်းထဲကမှ (၃)သင်းလောက်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ကို စိုးရိမ်ပူပန်နေရပါပြီ” လို့ ပြောကြားသွားခဲ့ပါတယ်။